JTS Channel

JTS Channel

แชร์

JTS Channel is provide for self original MMA Events news’s review and preview content videos.

Photos from JTS Channel's post 09/07/2026

🔥😍🥊Joshua Van ရဲ့ သမိုင်းမှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တဲ့ July 9

- ပထမရယူနိုင်ခဲ့တဲ့ဆုကတော့ Joshua Van vs. Brandon Royval, UFC 317 ပြိုင်ပွဲက Fight of the Year ဆုပါ။

- ဒုတိယဆုကတော့ Breakthrough Fighter of the Year ပါ။ Breakthrough Fighter of the Year ဆိုတာ World MMA Awards ရဲ့ ကမ္ဘာ့ MMA ဆုပေးပွဲမှာ နှစ်စဉ် ပေးအပ်လေ့ရှိတဲ့ "တစ်နှစ်တာ အလားအလာအရှိဆုံးနှင့် အတိုးတက်ဆုံး ဖိုက်တာဆု" တနည်းအားဖြင့် "မျက်မှောက်ခေတ် ကြယ်ပွင့်သစ်ဆု" ဖြစ်ပါတယ်။

- ဆု၂ဆုကို တစ်ရက်တည်းမှာသိမ်းကြုံးသွားနိုင်ခဲ့တဲ့ မြန်မာပြည်ဖွား တစ်ဦးတည်းသောချင်းတိုင်းရင်းသားဖိုက်တာ Joshua Van ဖြစ်ပါတယ်။ ဒီထက် အများကြီး ဂုဏ်ဆောင်နိုင်ပါစေဗျာ။ 👏👏👏

09/07/2026

🔥😍🥊Joshua Van ကတော့ ကမ္ဘာ့အထင်ကရ နာမည်ကြီး World MMA Awards ဆုပေးပွဲမှာ ဆုကြီး၂ ဆုအထိ တစ်ပြိုင်နက်ဆွတ်ခူးရရှိ

- July 9 ရက်နေ့ ဒီမနက်ကျင်းပသွားတဲ့ MMA လောကရဲ့ World MMA Awards ဆုပေးပွဲမှာ ကျွန်တော်တို့ရဲ့ ချင်းတိုင်းရင်းသားချန်ပီယံ ဗန်ကတော့ အထင်ကရ ဆုကြီး ၂ ဆုကို တစ်ပြိုင်နက် ဆွတ်ခူးရယူသိမ်းပိုက်သွားနိုင်ခဲ့ပါပြီ။ ဆု၂ဆုရဲ့ အမည်ကတော့ Breakthrough Fighter of the Year ဆု နဲ့ Fight of the Year ဆုတွေဖြစ်ပါတယ်။

- မြန်မာပရိသတ်တွေအတွက် တကယ့်ကိုဝမ်းသာဂုဏ်ယူရမဲ့နေမြတ်လေးဖြစ်ပါတယ်။ ဒီဆု၂ဆုထဲမှာ ကျနော့်အနေနဲ့ကတော့ Fight Of The Year ဆုကို ရရှိသွားနိုင်ချေရှိတယ်ဆိုပြီး ခန့်မှန်းခဲ့ပေမဲ့ အခုလို ဆု၂ဆုကြီးပါရသွားမယ်လို့ ဘယ်ထင်ထားပါ့မလဲ။ တကယ့်ကို ဝမ်းသာဂုဏ်ယူတယ် Joshua Van ရေ !

UFC လို ကမ္ဘာ့စင်မြင့်ထက်မှာလည်း ဒီထက်ပိုပြီး တောက်ပလာနိုင်ပါစေ! ❤️👏👏

မှတ်ချက် - အောက်ပါ Video ကတော့ Joshua Van ရဲ့ Fight Of The Year ဆု အဖြစ် ဆွတ်ခူးရရှိသွားခဲ့ပွဲကို ဒီနေ့လို အထူးနေ့မြတ်မှာ အမှတ်တရအနေနဲ့ ပြန်လည်တင်ဆက်မျှဝေခြင်းသာဖြစ်ပါတယ်။ မင်ကလာရှိတဲ့ နေရက်လေးပိုင်ဆိုင်နိုင်ကြပါစေ။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง เหตุการณ์/สถานที่ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Sukhumvit Road
Bangkok
10270