Spring Postcards

Spring Postcards

แชร์

A Gift of Love

Photos from Spring Postcards 's post 01/09/2025

အသစ်အဆန်းလေးတွေမှကြိုက်ပါတယ်ဆိုတဲ့သူတွေကို Spring Postcards Team ကနေဆန်းသစ်ပြီးချစ်စရာကောင်းတဲ့အရာလေးတွေပေးမယ်ဆိုယူမှာလား❓

(အသစ်အဆန်းလေးတွေကြိုက်တတ်လို့ အဟောင်းကိုပြစ်ပြီးအသစ်ရှာသွားတဲ့သူ့ကိုသတိရသွားတာမျက်ရည်နှစ်စက်တောင်ကျသွားပြီ😔 တိုက်ဆိုင်သွားရင်ခိုးမငိုကြေး")

ကဲကဲအရင်တစ်နေ့က new postcards လေးတွေအကြောင်း ဆားလေးဖြူး ၊ နှမ်းလေးဖြူး၊အရိပ်အမြွက်လေးတွေလည်း
သိနှင့်ပြီးကြပြီဆိုတော့💁‍♀

ဟုတ်ပါတယ်။အပေါ်မှာကြေညာထားသလို
ဒီတခါမှာတော့ Spring Postcards Team ကနေပြီးတော့ ကျောင်းသူ/သားများဆီကို Zodiac sign postcardsအသစ်လေးတွေနဲ့အတူဆန်းသစ်မှုတွေကိုပွေ့ပိုက်ပြီးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ✨

🗣 Zodiac Sign တစ်ခုချင်းစီမှာချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေကို ကိုယ်စားပြုကာ အကောင်လေးများနဲ့ဖန်တီးထားတာဖြစ်ပါတယ်။လူတစ်ယောက် (သို့မဟုတ်) sign တစ်ခုရဲ့ အမူအကျင့်လေးတွေကိုအဓိကထားပြီးရေးဆွဲထားတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့signပါတဲ့ postcardsလေးကရှိကိုရှိနေသင့်တယ်နော်

( ဒါဆိုရှိသင့်တာတော့ဟုတ်ပါပြီ။Postcard အသစ်ထွက်လာပြီဆိုတော့ဈေးကကောတက်သွားမှာလား ⁉️)

မြန်မာနိုင်ငံမှာကုန်ဈေးနှုန်း၊ဆီ‌ဈေးနှုန်းရှိသမျှဈေးနှုန်းအကုန်တက်နေတဲ့အချိန်ဈေးမတက်တာဘာရှိလဲဆိုရင် ဟောဒီက Spring Postcards‌လေးတွေကိုသာ လက်ညိုးထိုးလိုက်ပါရှင်🫰

အသစ်တွေဘယ်လောက်ထွက်ထွက်သူ့အပေါ်ထားတဲ့အချစ်လိုမပြောင်းလဲတဲ့ဈေးနှုန်းနဲ့ တစ်စောင်လျှင် မြန်မာငွေ တစ်ထောင်ကျပ် (1000MMk) ဖြင့် Zodiac sign postcards လေးတွေကိုလာရောက်ဝယ်ယူအားပေးနိုင်ပါပြီ 💌
ခါတိုင်း postcards တွေလိုသူများဝယ်ပေးတာထိုင်စောင့်နေရတာမျိုးမလိုတဲ့ Zodiac Sign postcards ဖြစ်တာကြောင့် ကိုယ့်အတွက်ကိုယ်ရော ကိုယ်ချစ်နှစ်သက်ရသူများ၊မိတ်ဆွေအပေါင်းအဖော်သူငယ်ချင်းများကိုလည်းအမှတ်တရအနေနှင့်ပေးပို့နိုင်ပါပြီရှင့်😻

☝️တစ်ခုချင်းစီရဲ့အမူအကျင့်‌လေးတွေကို postcardsလေးတွေမှာဖော်ပြပြီးသားဖြစ်တဲ့အတွက် နမူနာပြထားသော Zodiac signအကြောင်းလေးတွေဖတ်ပြီးတာ
နဲ့ မိမိ၏ K pay or Wave pay လေးထဲစစ်ကာအပြေးလေး





တို့ထံမှာလာဝယ်လိုက်ကြတော့နော်🏃‍♀

❝ It's NOT just a Postcard, It’s your Sign.Hold your stars in your hands. ✨❞

❝ 12 Signs, 12 Stories , Which One is Yours ? ❞ 🤔💭

15/02/2025

ကျွန်တော်တို့ Spring Postcards အဖွဲ့သားများအနေနဲ့ ဖေဖော်ဝါရီလ ၁၂၊၁၃၊၁၄ရက်နေ့များတွင် Special Edition Postcard & Roses Postcard နှစ်ခုကို ရောင်းချခဲ့ပါတယ်ခင်ဗျာ။

ရောင်းချခဲ့တဲ့ စရင်းများကိုအောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ-

(Kpay - 106 စောင် - 157500MMK

Wave pay - 49 စောင် - 73500 MMK

Total - 155 စောင် - 231000 MMK)

ထိုသို့ အသီးသီးရောင်းချခဲ့ရာ ရရှိငွေစုစုပေါင်းအား SET ကျောင်းတော်ကြီးတွင် အခက်အခဲများကြား ပညာသင်ကြားပေးနေကြသော ဆရာ၊ဆရာမများအတွက် Dataထောက်ပံ့ငွေများအဖြစ် စီးဆင်းသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

ပါဝင်အားဖြည့်ကူကြတဲ့ကျောင်းသူ၊ကျောင်းသားများ၊ဆရာ၊ဆရာမများနှင့် မိဘပြည်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

Nobel

15/02/2025

Someone မှ Ma" Cora အတွက် 👀❤️

"အတန်းpjလုပ်ရင်းနဲ့ ခင်ခဲ့ကျတာဆိုပေမဲ့ ဒီလောက်အချိန်ကြာကြီးအတူရှိပေးလို့ ကျေးဇူးပါကွယ်
တော်လှန်ကြီးပြီးသွားတဲ့တစ်နေ့ကျရင် အပြင်မှာတွေ့ပီး မုန့်လိုက်ကျွေးမယ်နော်
အခုတော့ စာကြိုးစားနော် ချစ်ရတဲ့ညီမလေး Cora"

ဆိုတဲ့အမှာစကားလေးနဲ့အတူ Roses Postcard လေးတစ်စောင်ပေးပို့လာပါတယ်ရှင့်🧸🎁

ต้องการให้ธุรกิจของคุณ องค์กร ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok