HS Cargo
ထိုင်း-မြန်မာ မြန်ဆန်တိကျ ကုန်စည်ပို့ဆောင်ရေး
24/03/2026
အတာသင်္ကြန်ရုံးပိတ်ရက်ကြေငြာခြင်း
𝐇𝐒 𝐂𝐚𝐫𝐠𝐨 ရဲ့ ချစ်ရပါသော ကာကာတို့ခင်ဗျာ..
မကြာခင်ရောက်ရှိလာတော့မယ့် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွက် ကျွန်တော်တို့𝐇𝐒 ရဲ့ ရုံးပိတ်ရက်တွေကို ကာကာတို့အတွက် ကြိုတင်အသိပေး အကြောင်းကြားပေးပါရစေခင်ဗျာ။
မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း ထိုင်းဘက်ခြမ်း 𝐁𝐚𝐧𝐠𝐤𝐨𝐤 ရုံးပိတ်ရက်မှာ( 𝟏𝟑.𝟒.𝟐𝟎𝟐𝟔 မှ 𝟐𝟐.𝟒.𝟐𝟎𝟐𝟔)အထိ ဖြစ်ပြီး ရန်ကုန်ရုံးချုပ်အပါအဝင် မြန်မာရုံးပိတ်ရက်ကတော့ (𝟏𝟎.𝟒.𝟐𝟎𝟐𝟔 မှ 𝟏𝟖.𝟒.𝟐𝟎𝟐𝟔) အထိ ဖြစ်ပါတယ်ခင်ဗျာ။
ထိုပိတ်ရက်များအတွင်း ကျွန်တော်တို့ 𝐇𝐒 𝐂𝐚𝐫𝐠𝐨 အနေဖြင့် 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှ စာအဝင်များနှင့် ဖုန်း 𝐂𝐚𝐥𝐥 များကို လက်ခံဖြေကြားမည်မဟုတ်ကြောင်းကို ကာကာတို့အား လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျာ။
ရုံးပြန်ဖွင့်မယ့်ရက်တွေမှစပြီး ကျွန်တော်တို့ 𝐇𝐒 𝐂𝐚𝐫𝐠𝐨 ရဲ့ 𝐂𝐡𝐚𝐭 𝐛𝐨𝐱 စာအဝင်များနှင့် ဖုန်း𝐂𝐚𝐥𝐥 လက်ခံဖြေကြားခြင်း ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်သွားမှာဖြစ်ပါတယ်ခင်ဗျာ။
𝐇𝐒 𝐂𝐚𝐫𝐠𝐨 ရဲ့ မိတ်ဟောင်း၊ မိတ်သစ်များ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအားလုံး မြန်မာတို့ရဲ့ ကျက်သရေရှိလှသော နှစ်သစ်မှာ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွား၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘေးဘယာကင်းကွာကြပါစေကြောင်း ကျွန်တော်တို့ 𝐇𝐒 𝐂𝐚𝐫𝐠𝐨 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
#𝐇𝐒𝐂𝐚𝐫𝐠𝐨
#𝐪𝐮𝐢𝐜𝐤𝐝𝐞𝐥𝐢𝐯𝐞𝐫𝐲 #𝐜𝐚𝐫𝐠𝐨
#𝐭𝐡𝐢𝐧𝐠𝐲𝐚𝐧𝐡𝐨𝐥𝐢𝐝𝐚𝐲𝐬
01/02/2026
" တပို့တွဲလပြည့်နေ့ ၊ ဩဝါဒပါတိမောက် အခါတော်နေ့"
ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်မှာကျရောက်တဲ့ တပို့တွဲလပြည့်နေ့လေးဟာ
ဘုရားရှင် မှ တပည့်သံဃာတော်များအားအဆုံးအမပေးတော်မူသောနေ့ကို အကြောင်းပြုပြီး တပို့တွဲလပြည့်နေ့ကို
“ဩဝါဒ ပါတိမောက်အခါတော်နေ့” ဟူ၍လည်းသတ်မှတ်ခဲ့ကြပါတယ် …..
ဒါ့အပြင် မြန့်မာတို့ရဲ့ ဘာသာရေး နှင့် ယဉ်ကျေးမှုအစဉ်အလာအရ ယခုလို
တပို့တွဲလမှာဆိုရင် “ထမနဲ” ထိုးတဲ့ပွဲတော်ကို
နှစ်စဉ်နှစ်တိုင်း ခေတ်အဆက်ဆက် ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်ခင်ဗျာ…..
ဒီလို ရိုးရာယာဉ်ကျေးမှု အဓိပ္ပါယ်များ နဲ့ပြည့်စုံတဲ့ တပို့တွဲလပြည့်နေ့လို နေ့ထူးနေ့မြတ်
အခါသမယမှာ မြန်မာပြည်သူပြည်သာများအပေါင်းဘေးဘယာဝေးကွာ၍ စီးပွါးလာဘ်လာဘများတိုးပွါးကာ
ကျန်းမာကြပါစေကြောင်း ကျွန်တော်တို့
𝐇𝐒 𝐂𝐚𝐫𝐠𝐨 မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ…….🙏
#𝐇𝐒𝐜𝐚𝐫𝐠𝐨
#𝐧𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞𝐜𝐚𝐫𝐠𝐨
#တပို့တွဲလပြည့်နေ့
04/01/2026
"(၇၈) ကြိမ်မြောက် လွပ်လပ်ရေးနေ့ အားဂုဏ်ပြု၍ ကြိုဆိုအပ်ပါသည် ခင်ဗျာ…"
ယနေ့ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ လ (၄) ရက်နေ့တွင်
ကျရောက်ပါသော ရွှေမြန်မာတို့၏ (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့ ကို
တနိုင်ငံလုံးရှိမြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်ထပ်တူစွာ ကျွန်တော်တို့ HS Cargo မိသားစု မှ
ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်ခင်ဗျာ 🥰
#𝐇𝐒𝐜𝐚𝐫𝐠𝐨 #𝐧𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞𝐜𝐚𝐫𝐠𝐨 #𝐇𝐒𝐂𝐚𝐫𝐠𝐨
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
482 พัฒนาการ Krungthep Kreetha 11 Khwaeng Suan Luang, Khet Suan Luang, Krung Thep Maha Nakhon
Bangkok
10250