MM Store

MM Store

แชร์

Myanmar & Thailand -ကုန်ပစ္စည်းအမျိုးမျိုးရနိုင်ပါသည်။

07/06/2023

မသိသေးတဲ့သူအတွက် သိဖို့ သိပီးသားလူတွေသတိမလွတ်ဖို့
6.6.2023 ကစပြီး
K pay နဲ့ငွေလွှဲရင် (Note) မှာ
✅buy clothes or
✅buying foods
✅Buying cosmetics
✅Buy car
✅Buy toy
✅Buy Phone
✅buy shoes
စသဖြင့် ဘာညာ သာသကာ နေကြာ ကွာစိ
ဆိုပြီးထည့်ရေးပေးပါကြနော်
👉Noteမရေးရင်
1️⃣ ငွေလွှဲတဲ့ accountရော
2️⃣ ငွေလွှဲခံရတဲ့အကောင့်ကိုပါ ဗဟိုဘဏ်ကပိတ်ခိုင်းလို့ပါဆိုပြီး ပိတ်ပါမယ်တဲ့နော်
Noteမရေးမိလို့ တဖက် acc ပိတ်ခံရရင်တဖက် acc မှာ ရှိတဲ့ ငွေ အမောင့်
အတိုင်း note မရေးပဲ လွှဲတဲ့သူ လျော်ပေးရပါမယ်နော်
ဂရုတစိုက်ရေးပေးကြပါ ။
ငွေလွှဲပြီးကြောင်းSs ကို history ပါတာလေးရိုက်ပြပါ ။
ငွေဝင်ငွေထွက် များသူတွေအနေနဲ့ ဘယ်သူတဦးတယောက်မှ မနစ်နာဖို့
ကြိုသတိပေးတာပါတဲ့နော်

31/03/2023

ပုံပျက်သွားတဲ့ ရိုးသားမှု
****************

တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသောမြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ သူ့မြင်းကို အလွန်ချစ်မြတ်နိုးသည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားတဲ့ဒုတိယကုန်သည်တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျခဲ့သည်။

တစ်နေ့တွင် ဒုတိယကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နဲ့ မြင်းလှယ်ရန် စကားကမ်းလှမ်းခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ကုန်သည်က ဤမြင်းအားရှိသမျှစည်းစိမ်နှင့် လဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘဝအတွက် အကောင်းဆုံးအဖော်မွန်၊ မိမိအသက်ရှင်နေသရွေ့မြင်းအားဘယ်အရာနင့်မျှမလဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်မိသဖြင့် ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး အကြံထုတ်လေတေ့ာသည်။

တစ်နေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်လျှက် မြင်းပိုင်ရှင်လာရာ လမ်းတစ်နေရာတွင် ဖျားနာချင်ဟန်ဆောင်ပြီး လဲနေခဲ့သည်။ မြင်းပိုင်ရှင်ကတွေ့သောအခါ မြင်းပေါ်မှ အလျင်အမြန်ဆင်းပြီး ဖျားနေသောသူအား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်းပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား " ဒီမြင်းကိုပိုင်ဆိုင်ရာဖို့ ကျွန်တော် အကြံအမျိုးမျိုးထုတ်ခဲ့တယ်။ တန်းဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခု ကျွန်တော် မြင်းပေါ်ရောက်နေပြီ......ဒီမြင်းကို ကျွန်တော်ပိုင်သွားပြီ” ဟု ပြောလေသည်။

မြင်းပိုင်ရှင်က " ကောင်းပြီလေ....မြင်းကို ခင်ဗျားပိုင်သွားပါပြီ....:ဒါပေမဲ့ ခင်ဗျား ထွက်မသွားခင် ကျွန်တော်စကားတစ်ခွန်းပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာအမှတ်ထားပေးပါ” " မြင်းကို ကျွန်တော်ရနေပြီပဲ....တစ်ခွန်းမကဘူး..ခင်ဗျားကြိုက်သလောက် ပြောလို့ရတယ်” " တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျား ဘယ်လိုရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့...ဒီစကားကို မှတ်ထားပေးပါ” " ဘာလို့လဲ..” " ဒီမြင်းကို ဘယ်လိုရခဲ့တယ်ဆိုတဲ့ အကြောင်း အမှန်ကို ခင်းဗျားပြောခဲ့ရင် နှောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူကကယ်ရဲတေ့ာမှာလဲဗျာ” မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံ့အသွားခဲ့တယ်။

ထိုနောက် ရှက်ရွံ့အားနာစွာနှင့် မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။ "ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင်လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကိုပြန်ယူပါ.....ကျွန်တော့်ကိုခွင့်လွတ်ပါဗျာ...”

27/03/2023
ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านขายของ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Sukhumvit
Bangkok
10400