Jerry's Bytes

Jerry's Bytes

แชร์

Bits and bytes of mine

Photos from Jerry's Bytes's post 24/11/2024

“နာမည်ကြီး ထိုင်း Rapper ဖွင့်ထားတဲ့ 🇹🇭ဘန်ကောက်က ယောက်ျားလေး သီးသန့် ဆံပင်ညှပ်ဆိုင်”

ဆံပင်ညှပ်ဆရာကို အပြောင်းအလဲ မလုပ်ချင်ကြတဲ့ ကျွန်တော့်လို လူမျိုးတွေအတွက် တိုင်းတပါးမှာ ဆံပင်ညှပ်ဆိုင် ရှာရတာလည်း အလုပ်တစ်ခုပါပဲ။ (၂) လတစ်ခါလောက် ဆံပင်ညှပ်နေတဲ့ ကျွန်တော့်အတွက် ဘန်ကောက်မှာ ဆံပင်ညှပ်ဆိုင် ကောင်းကောင်းလေးတစ်ခု လွန်ခဲ့တဲ့ (၆) လ လောက်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

နာမည်ကတော့ "Never Say Cutz” လို့ခေါ်ပါတယ်။ 2008 ခုနှစ်ကထဲက စတင်ခဲ့တဲ့ ယောက်ျားလေးသီးသန့် ဆံပင်ညှပ်ဆိုင်ဖြစ်ပြီး ဆိုင်ခွဲပေါင်း (၃၀) ခန့်ရှိတာကြောင့် အဆင်ပြေနိုင်တယ်လို့ ယူဆပြီး ဒီဆိုင်လေးမှာ စမ်းညှပ်ခဲ့ဖြစ်တာပါ။

သူ့ဆိုင်ရဲ့ Theme က New York စတိုင် Barber Shop ပုံစံဖြစ်ပြီး ဆံပင်ညှပ်ရုံသာမက Shave လုပ်တာ ဆံပင်အရောင်ဆိုးတာတွေလည်း လုပ်နိုင်ပါတယ်။ ဆိုင်ကလည်း သပ်သပ်ရပ်ရပ်ရှိပြီး အလှဆင်ထားတာလည်း မိုက်ပါတယ်။

ဒီနေ့ (၃) ခါမြောက် သွားညှပ်လို့ ဆိုင်အကြောင်း သေချာ လေ့လာကြည့်လိုက်တာ ဆိုင်ပိုင်ရှင်က မြန်မာပရိသတ်တွေသိကြတဲ့ နာမည်ကြီး ထိုင်း Hip Hop Group “Thaitanium” က Rapper “Way” ရဲ့ ဆိုင် ဖြစ်နေတာ သိလိုက်ရပါတယ်။ အခု ပတ္တရားမှာ ကျင်းပနေတဲ့ Rolling Loud Music Festival ထဲမှာတောင် သူတို့က ဆိုင်ဖွင့်ထားပါသေးတယ်။

ကျွန်တော်ကတော့ (၃) ခါလုံး ညှပ်တာ (၃) ခါလုံး စိတ်တိုင်းကျခဲ့ပါတယ်။ ဈေးကတော့ ညှပ်တာသီးသန့် ဘတ် (၅၀၀) ပါ။ မြန်မာကဆိုင်တွေနဲ့ ယှဉ်ရင် ဈေးကြီးတယ်လို့ ဆိုနိုင်ပြီး ထိုင်းကဆိုင်တွေနဲ့ယှဉ်ရင် ဈေးအလယ်အလတ်လောက်လို့ ဆိုနိုင်ပါတယ်။ (ဈေးနှုန်းပုံကို နောက်ဆုံးမှာ ထည့်ပေးထားပါတယ်)

ကျွန်တော်ညှပ်ခဲ့တာကတော့ Silom က ဆိုင်ဖြစ်ပြီး နိုင်ငံခြားသားများတဲ့ နေရာဖြစ်တာကြောင့် English လို ပြောရတာ အဆင်ပြေပါတယ်။ မြန်မာတွေ အလာများကြတဲ့ Central World, MBK, Siam Square One, Onnut, Thonglor, Sukhumvit, The Mall Bangkapi စတဲ့နေရာတွေမှာ ဆိုင်ခွဲတွေ ရှိပါတယ်။ (https://neversaycutz.com/location/)

ဆံပင်ညှပ်ဆိုင်တွေဟာလည်း လူတစ်ကိုယ်အကြိုက်တစ်မျိုးမလို့ ကျွန်တော်နဲ့ အဆင်ပြေပေမယ့် အခြားသူတွေညှပ်တဲ့အခါ စိတ်တိုင်းမကျတာမျိုး ဖြစ်လာနိုင်တာကိုလည်း သတိပြုစေချင်ပါတယ်။ လက်ရှိ ဘန်ကောက်မှာ နေထိုင်နေသူပဲဖြစ်ဖြစ် အလည်ရောက်နေချိန် ဆံညှပ်ချင်တာပဲဖြစ်ဖြစ် ရွေးချယ်လို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။

20/11/2024

လာမယ့် (၂၂) ရက်နေ့ ကြာသပတေးနေ့မှာ ဒီနှစ် အတွက် အကြီးမားဆုံး ထိုင်း Razer Fan Meet ကို ဘန်ကောက်🇹🇭 မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

🟢 Razer Gaming Gear တွေ Giveaway 🎁 ပေးသွားမှာဖြစ်ပါတယ်။

🟢 Razer Gaming Gear တွေကို စမ်းသပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

🟢 Talon Esports Valorant အသင်းနဲ့လည်း လက်ရည်စမ်း ကစားနိုင်ပါမယ်။

🟢 အဆိုပါပွဲကို Razer CEO “ Min Liang Tan” ကိုယ်တိုင် တက်ရောက်သွားမယ့်အပြင် အခြား Gaming Influencer တွေလည်း လာမယ်လို့ သိရှိရပါတယ်။

⏰ ပွဲချိန် - နိုဝင်ဘာ (၂၂) ရက်နေ့ - ညနေ ၄:၃၀
📍နေရာ - Samyan Mitrtown ရှော့ပင်းမော (၂) လွှာရှိ AIS Esports Studio (MRT အပြာလိုင်း Samyan နဲ့ ကပ်ရပ်ပါပဲ)

အဆိုပါ Razer Fan Meet 2024 ကို မည်သူမဆို တင်ရောက်နိုင်ပြီး (https://t.ly/Razer_Fan_Meet ) ယခု Link မှာ ကြိုတင် Register ထားမှသာ ပွဲဝင်ခွင့်နဲ့ Giveaway အစီအစဉ်မှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

(Form ကိုဖြည့်တဲ့အခါ နာမည်၊ ဖုန်း၊ email၊ Talon က talent တွေနဲ့ Valorant ဆော့ချင်/မဆော့ချင် စတာတွေပဲ ဖြည့်ရမှာပါ)

ဘန်ကောက်ရောက်နေတဲ့ မြန်မာ ဂိမ်မာတွေဖြစ်ဖြစ် Razer ပရိသတ်တွေဖြစ်ဖြစ် တက်ရောက်နိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok