Forever Alone
We describe true news.
23/07/2025
ဗေဒင်ပညာရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းကြောင်း
ဗေဒင်ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ အရာပါနော်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရော၊ ကမ္ဘာတစ်ဝှမ်းက လူမျိုးတွေပါ အနာဂတ်ကို သိချင်ကြတဲ့အတွက် ရှေးယခင်ကတည်းက ဗေဒင်ပညာကို ဖွံ့ဖြိုးအောင် လုပ်ခဲ့ကြတာပါ။ ဒီတစ်ခါတော့ ဗေဒင်ပညာရဲ့ သမိုင်းကြောင်းကို ပြောပြပေးမယ်နော်။
ဗေဒင် အစကတော့ မက်ဆိုပိုတေးမီးယားမှာ
ဘီစီ ၃၀၀၀ လောက်က ဆူမာရီယန်းနဲ့ ဘေဘီလုံလူမျိုးတွေဟာ ကြယ်တွေကို ကြည့်ပြီး အနာဂတ်ကို ဟောတဲ့အလေ့အထ စခဲ့ကြတယ်။ သူတို့က အင်နီလ်၊ အင်လီလ် လို့ခေါ်တဲ့ နတ်ဘုရားတွေကို ယုံကြည်ပြီး နက္ခတ်တွေရဲ့ အချက်ပြမှုတွေကို အခြေခံကာ စိုက်ပျိုးရေး၊ စစ်ပွဲတွေအတွက် အကြံဉာဏ်ယူကြတယ်။ နောက်ပိုင်းမှာ ဂရိလူမျိုးတွေက ဒီပညာကို ယူသွားပြီး ၁၂ ရာသီခွင်စနစ်ကို ဖန်တီးခဲ့ကြတယ်။
အီဂျစ်တွေရဲ့ နက္ခတ်ပညာ
အီဂျစ်တွေကလည်း ဗေဒင်ကို အတော်အရေးပေးခဲ့ကြတယ်။ သူတို့က Decan လို့ခေါ်တဲ့ ကြယ်စု ၃၆ ခုနဲ့ အချိန်တွက်ပြီး ပိရမစ်တွေကို နက္ခတ်တွေနဲ့ ညှိပြီး တည်ဆောက်ခဲ့ကြတယ်။ ရာ (နေနတ်ဘုရား)၊ အိုဆိုင်းရစ် (မြေအောက်ကမ္ဘာနတ်ဘုရား) တို့ကို ကိုးကွယ်ပြီး နက္ခတ်တွေရဲ့ အနက်အဓိပ္ပာယ်ကို ယုံကြည်ခဲ့ကြတယ်။
အိန္ဒိယမှာဆို ဂျိုတိ့ပညာ
အိန္ဒိယမှာတော့ ဝေဒကျမ်းတွေကို အခြေခံတဲ့ ဂျိုတိ့ပညာ ရှိတယ်။ သူတို့က နက္ခတ် ၂၇ လုံးနဲ့ ဒဿနစနစ်ကို အသုံးပြုပြီး ဇာတာတွက်တယ်။ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ဂြိုဟ်တွေရဲ့ အခြေအနေနဲ့ ဆက်စပ်ပြီး ဟောတယ်။ အိန္ဒိယမှာ အိမ်ထောင်ပြုတာ၊ လုပ်ငန်းစတာတွေမှာ ဗေဒင်ကို အခုထိ အရေးကြီးစွာ အသုံးပြုနေကြဆဲပါ။
တရုတ်တို့ရဲ့ ဗေဒင်
တရုတ်ဗေဒင်မှာ အိုင််ချင်း၊ ဖုန်းရှူး၊ ၁၂ ရာသီခွင်တိရစ္ဆာန်တွေနဲ့ ဝူရှင့် (ဓာတ်ကြီး ၅ ပါး) ဆိုတာတွေ ပါတယ်။
- ၁၂ ရာသီခွင်တိရစ္ဆာန်ဆိုတာ မွေးနှစ်အလိုက် ကြွက်၊ နွား၊ ကျား စသဖြင့် သတ်မှတ်ထားတာပါ။ လူတစ်ယောက်ရဲ့ စရိုက်နဲ့ ကံကြမ္မာကို ဒီတိရစ္ဆာန်တွေနဲ့ ဆန်းစစ်တယ်။
- ဖုန်းရှူးဆိုတာက အိမ်၊ ရုံးတွေမှာ Qi (ချီ) စွမ်းအင်ကောင်းအောင် ပစ္စည်းတွေ ဘယ်လိုထားရမယ်ဆိုတာ ညွှန်ပြတဲ့ ပညာရပ်ဖြစ်တယ်။
မြန်မာ့ဗေဒင်
မြန်မာလူမျိုးတွေကလည်း ဗေဒင်ကို အတော်လေ့လာခဲ့ကြတယ်။ ဇာတာ၊ လက္ခဏာ၊ နက္ခတ်၊ နိမိတ် စတဲ့ နည်းလမ်းတွေနဲ့ ကံကြမ္မာကို ဟောကြတယ်။
ဗေဒင်ကို ယုံတဲ့သူလည်း ရှိတယ်၊ မယုံတဲ့သူလည်း ရှိတယ်။ ဗေဒင်ပညာဟာ ရှေးခေတ်ကတည်းက လူသားတွေနဲ့ အတူရှိနေခဲ့တဲ့ ပညာရပ်တစ်ခုပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဗေဒင်က လူတွေကို အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ယုံကြည်မှုပေးနိုင်တဲ့ အရာတစ်ခုဆိုတာတော့ ငြင်းလို့မရပါဘူး။ ဒါကြောင့် ဗေဒင်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သူ့ရဲ့ သမိုင်းကြောင်းကတော့ စိတ်ဝင်စားစရာကောင်းနေဆဲပါပဲ။ 😊
ဒီလောက်ဆို ဗေဒင်ပညာရဲ့ သမိုင်းအကြောင်း အတော်လေး သိသွားပြီထင်ပါတယ်။ ဘယ်ယဉ်ကျေးမှုက ဗေဒင်နည်းလမ်းကို အကြိုက်ဆုံးလဲ?
#ဗေဒင် #သမိုင်းကြောင်း #လက္ခဏာ #ဂဏန်းဗေဒင် #တရုတ်ရိုးရာဗေဒင် #နက္ခတာရာ
05/05/2025
နှစ် တစ် ထိုးမယ် ဆိုပြီး ဇရှိရှိ စိန်ခေါ်လိုက်တဲ့ အာဂဖိုက်တာကြီး အက်ဒီဟော🤜 👀 💪
အက်ဒီဟောဆိုတာက ကမ္ဘာ့ အသန်မာဆုံးလူသား ပထမရထားတဲ့ ဖိုက်တာကြီး
ဒီဘဲက သန်သလောက်လဲ စွမ်းတယ်...
စွမ်းလို့လဲ ပေါညီနောင်ကို(ဂျိတ်ပေါ နဲ့ လော်ဂန်ပေါ) MMA ရဲ့အောက်မှာ နှစ် တစ် ထိုးမယ် ဆိုပြီး စိန်ခေါ်ခဲ့တာ...
အက်ဒီဟော အခုလို စိန်ခေါ်ရဲတာကလဲ အကြောင်းရှိတယ်...
အခုလိုစိန်မခေါ်ခင် အရင်တုန်းက နှစ်တစ်တခါထိုးဖူးတယ်
အဲ့ဒီ နှစ်တစ်ထိုးတဲ့ပွဲမှာ ပြိုင်ဘက်တစ်ယောက်ကို အမှောက်သိပ်ပေးလိုက်တယ်
နောက်တစ်ယောကိုတော့ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူလိုက်တယ်
အဲ့ဒီမှာ သူအတွက် နာမည်ရော ပိုက်ဆံပါရလိုက်တော့ အခုလဲ နှစ်တစ်ထပ်စိန်ခေါ်တာ။
ဒါကို ပေါညီနောင်က လက်ခံမှာလား?
ပွဲဖြစ်ရင်ရော ဘယ်သူနိုင်မလဲ? ဆိုတာ တော်တော်စိတ်ဝင်စားဖို့ကောင်းနေပြီ ပရိတ်သတ်ကြီးရေ...
ပရိတ်သတ်ကြီးတို့ကရော ဘယ်သူနိုင်မယ်ထင်လဲ?
ကွန့်မန့်မှာ ရေးသွားပေးခဲ့ကြပါအုံး..😍
#အက်ဒီဟော #ပေါညီနောင် #လော်ဂန်ပေါ #ဂျိတ်ပေါ
30/04/2025
ONE မှာ ကန့်လန့်ကာ အသစ်ဖွင့်မယ့် ရွှေမန်းသား Fighter စိန်လုံးချော နဲ့ ပြိုင်ဖက် ယော့ဆက်ဆမ်
မေလ ၂ ရက်နေ့မှာ ကျင့်ပမယ့် ONE Friday Fights 106 ပွဲစဥ် 12 ပွဲရှိတဲ့အထဲက ပွဲစဥ်8 မှာ မန်းလေးသား ဖိုက်တာ စိန်လုံးချောနဲ့ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ထိုင်း လူငယ်ဖိုက်တာ ယော့ဆက်ဆမ်တို့ ထိုးကြမှာဖြစ်ပါတယ်။
မန်းလေးသား စိန်လုံးချောဟာ ONE မှာ ထိုးခွင့်ရဖို့ မျော်လင့်ခဲ့တာ ကြာခဲ့ပါပြီ။ အခု ONE မှာ ထိုးခွင့်ရတဲ့အခါမှာလဲ ဗြုန်းစားကြီး ဖိတ်ခေါ်ခံခဲ့ရတာပါ။
စိန်လုံးချောဟာ ပွဲထိုးဖို့ ၁၀ ရက်အလိုမှပဲ ကပ်ပြီး သိခဲ့ရလို့ ယောဆက်ဆမ်နဲ့ ပွဲအတွက် ပြင်ဆင်ချိန် နည်းပါးလွန်းခဲ့ပါတယ်။
စိန်လုံးချောဟာ ဒီပွဲအတွက် ပြင်ဆင်ချိန်နည်းပေမယ့် သူ့ရဲ့ Club ဖြစ်တဲ့ Eagle မှာပုံမှန်လေးကျင့်ထားလို့ အဆင်သင့်ဖြစ်နေပါပြီလို့ သူကပြောခဲ့ပါတယ်။
စိန်လုံးချော လေ့ကျင့်နေတဲ့ Eagle ကလပ်မှာ ထွန်းထွန်းမင်း တို့ ONE မှာထိုးနေတဲ့ ထွန်းမင်းအောင် တို့ ထွန်းမင်းနိုင်တို့ ရှိနေပြီး နည်းပြဆရာကိုမောင်ကလဲ ONE အတွေ့ကြုံရှိတဲ့ နည်းပြတစ်ယောက်ဖြစ်ပါတယ်။
ဒီလို ONE နဲ့ မစိမ်းတဲ့ Club မှာ လေ့ကျင့်ထားလို့ စိန်လုံးချောပြော အဆင်သင့်ဖြစ်နေပါပြီဆိုတာ စကားအရပြောတာမဟုတ်ပဲ ဖြစ်နိုင်တဲ့ အခြေနေတစ်ခုရှိတယ်လို့ ယူဆနိုင်မှာဖြစ်ပါတယ်။
တစ်ဖက်မှာလဲ ပြိုင်ဖက် Fighter ယောဆက်ဆမ်ဟာ အသက် 19 နှစ်သာ ရှိသေးတယ်ဆိုပေမယ့် အစွယ် အဖွေးသားနဲ့ Fighter ပေါက်လေးဖြစ်ပါတယ်။
ဘာလို့ အစွယ်အဖွေးသားနဲ့ Fighter ပေါက်လေးလို့ ပြောရလဲဆိုရင် ယောဆက်ဆမ်ဟာ Pro 3 ပွဲထိုးထားပြီး 3 ပွဲလုံး အနိုင်ရရှိထားပါတယ်။ မွေထိုင်း ၂ ပွဲမှာ အလဲထိုးအနိုင်ရထားပြီး ONE ပွဲမှာတော့ ဒိုင်အဆုံးဖြတ်နဲ့ နိုင်ထားတာဖြစ်ပါတယ်။
ယောဆက်ဆမ်ဟာ ဘောဒီဝိတ် သေးပြီး ပေါ့ပါးသွက်လက်ပါတယ်။ သူ့ရဲ့အရပ်ဟာ ၅ပေ၁၀လက်မရှိပါတယ်။ သူဟာ ပွဲချည်းကပ်ပုံ အတော်ကောင်းပြီး နည်းစနစ်လည်း ကောင်းပါတယ်။
ယောဆက်ဆမ်ဟာ သူတင်ကိုတင် အရမ်းဝင်လုံးထိုးတတ်တဲ့ ဖိုက်တာမျိုး မဟုတ်ဘဲ တစ်ဘက်လူ အမှားစောင့်ပြီး အပိုင်လောက်ပြီထင်မှ ဆက်တိုက် ထိုးလုံးတွေနဲ့ ဖိ ကစားတတ်တဲ့ ဖိုက်တာတစ်ယောက် ဖြစ်ပါတယ်။ သူဟာ မွေထိုင်း အကွက်တွေဖြစ်တဲ့ ခြေကန်ချက် တံတောင်ရိုက်ချက်တွေလဲ မခေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။
ခုမှ ONE မှာ ကန့်လန့်ကာ စ ဖွင့်မယ့် စိန်လုံးချော အတွက်တော့ မွေထိုင်းကောင်းတဲ့ ဖိုက်တာနဲ့စတွေ့ရတာဟာ အခက်ခဲတော့ အနည်းနည်း ရှိနိုင်ပါတယ်။
ဒါပေမဲ့ Eagle Club မှာ အသင်းဖော် စီနီယာဖိုက်တာတွေ နဲ့ နည်းပြကြီးတို့ရဲ့ ONE အတွေ့အကြုံတွေရယ် မြန်မာ့ရိုးရာ လက်ဝှေ့ရဲ့ မာဂုဏ်တွေကြောင့် စိန်လုံးချောတစ်ယောက် ပွဲဦးထွက်မှာ နိုင်ပွဲနဲ့အတူ Bonus ပါရသွားမလားဆိုတာကတော့
May 2 ရက်နေ့ ONE ရဲ့ စဥ်မြင့်မှာ တူတူ ရင်ခုန်လိုက်ကြပါစို့ ပရိတ်သတ်ကြီးရေ....
ONE မှာ ကန့်လန့်ကာသစ် ဖွင့်မယ့် မန်လေးသားဖိုက်တာ စိန်လုံးချော တစ်ယောက် နိုင်ပွဲနဲ့အတူ Bonus ပါ ရရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ။
#စိန်လုံးချော
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bankok