The Way To Live
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก The Way To Live, นักประพันธ์, Chiang Kham.
22/12/2025
ချင်းမိုင်ရောက်ပြီး (၂) နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ် ကိုယ်တိုင် Breathwork & Meditation Facilitator အဖြစ် ဦးဆောင်ခွင့်ရခဲ့တဲ့ ပွဲလေးပါ။
၂၀၂၁ ခုနှစ်ကတည်းက စတင်လေ့လာခဲ့တဲ့ Breathwork, Healing နဲ့ Meditation အတွေ့အကြုံတွေကို ဒီပွဲလေးမှာ အတတ်နိုင်ဆုံး ပြန်လည်မျှဝေပေးခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဒီပွဲလေးကနေ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ချက်တွေကို ပိုသိလာရသလို၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ community ကို ပိုပြီး support လုပ်ချင်စိတ်တွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။
လူငယ်အများစုက တရားထိုင်တယ်၊ Meditation လုပ်တယ်ဆိုရင် မေးခွန်းတွေ အများကြီး မေးတတ်ကြပါတယ်။ တရားထိုင်တာ နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်ရမှာလား? တရားထိုင်တဲ့အချိန် ခြင်ကိုက်ရင် ဘယ်လိုလုပ်ရမလဲ? အာရုံတွေပြန့်ပြီး အတွေးတွေဝင်လာရင် ဘယ်လိုလုပ်ရမလဲ? တရားထိုင်တယ်ဆိုတာ ဘာသာရေးလုပ်တာလား?
ကျွန်မကတော့ တရားထိုင်ခြင်းကို (၂) ပိုင်း ခွဲခြားပြီး နားလည်ထားပါတယ်။
🌿 1. The Way to Live (ဘဝနေထိုင်နည်း) ဒါကတော့ နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကို ပိုနားလည်အောင်၊ ကိုယ့်စိတ်ကို ပိုသိအောင်၊ စိတ်ရဲ့အညစ်အကြေးတွေ သန့်စင်ပြီး အာရုံစူးစိုက်မှုကောင်းအောင်၊ သည်းခံနိုင်စွမ်းရှိအောင် လေ့ကျင့်တာပါ။ ဒီအတွက် အနောက်တိုင်းနဲ့ အရှေ့တိုင်း Meditation Techniques တွေဖြစ်တဲ့ Guided Meditation, Frequency Meditation နဲ့ Body Movement Meditation တွေကို လေ့လာပြီး သုံးဖြစ်ပါတယ်။ နေ့စဥ်ဘဝမှာ စိတ်ပင်ပန်းတာ၊ မွန်းကြပ်တာတွေကို သက်သာစေဖို့ "Breathwork" (အသက်ရှူလေ့ကျင့်ခန်း) ကို သုံးပြီး စိတ်ကို ပြန်လည်တည်ငြိမ်အေးချမ်းအောင် ကုစားပါတယ်။
🕊️ 2. The Way to Liberation (ဘဝလွတ်မြောက်နည်း) ဒါကတော့ သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်ဖို့အတွက်ပါ။ မြတ်စွာဘုရားရဲ့ တစ်ကြောင်းတည်းသော လမ်းဖြစ်တဲ့ သတိပဋ္ဌာန်လမ်းစဉ်အတိုင်း အာဏာပါန ကမ္မဋ္ဌာန်း၊ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်း နဲ့ မရဏနုဿတိ ကမ္မဋ္ဌာန်းတွေကို စီးဖြန်းပါတယ်။ ရည်ရွယ်ချက်ကတော့ ပစ္စုပ္ပန်တည့်တည့်မှာ လောဘ၊ ဒေါသ၊ မောဟ နည်းပါးစွာနဲ့ အကောင်းဆုံး နေထိုင်နိုင်ဖို့ ကြိုးစားတာဖြစ်ပါတယ်။
တရားထိုင်ခြင်းဟာ ဘာသာတရားတစ်ခုတည်းအတွက် မဟုတ်ဘဲ လူသားတိုင်းရဲ့ စိတ်ကို ငြိမ်းချမ်း၊ အေးချမ်းစေဖို့နဲ့ ကိုယ့်ရဲ့ဘဝကို ပိုမိုနားလည်လာဖို့အတွက် နေ့စဥ်ဘဝမှာ လိုအပ်တဲ့ လေ့ကျင့်ခန်းတခုပဲ ဖြစ်ပါတယ်။
အားလုံး နေ့ရက်တိုင်းကို ပျော်ရွှင်ကျန်းမာစွာဖြင့် ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်✨🫶
📆 6 Dec 2025 📍Doi Pha Ngam Loop 🇹🇭 ❤️🌿 👣
03/12/2025
Where the mind goes quiet. 🌿
A book in hand and nature all around. Wat Pha Lat is my favorite place to sit, breathe, and just be. 🇹🇭 ❤️ ❤️ ❤️🌿
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ทีมทำอาหาร
เสื้อผ้า
เว็บไซต์
ที่อยู่
Chiang Kham