MLC Plus

MLC Plus

แชร์

Support Myanmar Lethwei Sport...

02/06/2026

လာမယ့် ဇွန်လ ၅ ရက်နေ့မှာ ကျင်းပမယ့် One Friday 157 မှာ စောမင်းမင်း က ခေါင်ပွဲ ထိုးရမှာ ဖြစ်ပါတယ်။ Inner Cycle ပွဲတော့ မဟုတ်ပါဘူး။

Photos from MLC Plus's post 30/05/2026

မီဇိုရမ်သို့ ရောက်ရှိနေတဲ့ UFC ဖလိုက်ဝိတ်ချန်ပီယံ ဂျိုရှူဝါဗန် ဟာ မြန်မာနိုင်ငံက ပြေးလာရတဲ့ စစ်ဘေး​ရှောင်စခန်းသို့ သွားရောက်ခဲ့ကြောင်း သိရှိရပါတယ်။ သူဟာ မီဇိုရမ်သို့ ရောက်ရောက်ချင်း မနားပဲ မေလ ၂၉ ရက်နေမှာပဲ စခန်းတွေကို သွားပြီး မြန်မာပြည်သူ ပြည်သားများနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ စစ်ရှောင်သူများ အများအပြားက ဗန်ကို စောင့်မျှော်တွေ့ဆုံခဲ့ကြပြီး ဗန် နဲ့ အဖွဲ့က နုတ်ခွန်းဆက်စကားများကို ရင်းရင်းနှီးနှီး ပြောခဲ့ကြောင်း AiDak Thlang ဆိုသူ တင်ထားတဲ့ Video အရ သိရှိရပါတယ်။


#ဂျိုရှူဝါဗန်
#ချင်း

29/05/2026

ဗန်ကို Mizoram State Mixed Martial Arts Association ကနေ မနက်ဖြန် မေလ ၃၀ ရက်နေ့ Event တစ်ခုကို ဖိတ်ခေါ်ထားတာပါ။ လက်မှတ်တွေ ရောင်းနေတဲ့ ပိုစတာ ဖြစ်ပါတယ်။ ဗန်က မလေးရှား CRC အသင်း ၂၅ နှစ်ပြည့် အခန်းအနားကို တက်ရောက်ခဲ့ပြီး အိန္ဒိယ ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ Page Story မှာ video အတိုလေးတင်ပြီး နယူးဒေလီက The Lalit New Delhi थे ललित न्यू दिल्ली ဟော်တယ်ကို ရောက်နေကြောင်း သူ့ပရိတ်သတ်ကို အသိပေးထားဖြစ်ပါတယ်။




#ဂျိုရှူဝါဗန်

Photos from MLC Plus's post 29/05/2026

ဂျိုရှူဝါဗန် ဟာ သူ့ရဲ့ Page Story မှာ အိန္ဒိယကို ရောက်ရှိကြောင်း ရုပ်သံအတိုလေး တင်ခဲ့ပါတယ်။ Thank You The Lalit New Delhi လို့ ရေးထားပြီး ဟော်တယ် ဝန်ထမ်းများက အိန္ဒိယထုံးတမ်းအစဉ်အလာအတိုင်း ခရီးဦးကြိုပြုတာလေးကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ The Lalit New Delhi थे ललित न्यू दिल्ली ဟော်တဘ်ေကတော့ နယူးဒေလီမှာ ရှိတာဖြစ်ပြီး အဲမှာ transit လို့ ယူဆရပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူသွားမှာက မြန်မာနိုင်ငံနဲ့ ကပ်လျက်ရှိတဲ့ အိန္ဒိယ ရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ မစ်ဇူရမ် ဖြစ်ပါတယ်။ဗန်ကို Mizoram State Mixed Martial Arts Association အဖွဲ့က မနက်ဖြန် မေလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် ပြိုင်ပွဲကို အထူးဧည့်သည်တော်အဖြစ်နဲ့ တက်ဖို့ရှိတယ်လို့ ဒေသတွင်း သတင်းတွေမှာ ပါပြီးသား ဖြစ်ပါတယ်။ ပိုစတာတွေလည်း ထွက်နေပြီးသားပါ။ လက်မှတ်တွေလည်း အများကြီးရောင်းရတယ်လို့ ကြားရပါတယ်။

ယခင်ကတည်းက ဗန်ဟာ မလေးရှား၊ အိန္ဒိယ နဲ့ ထိုင်းကို သွားမယ်လို့ ကြားနေခဲ့ရပါတယ်။ အခု မလေးရှား နဲ့ အိန္ဒိယ ကိုတော့ ရောက်ရှိပြီး ဖြစ်ပြီး ထိုင်းနိုင်ငံ ဘယ်မြို့တွေကို သွားမလဲ ဆိုတာတော့ မသိရှိရသေးပါဘူး။

အခုအခါမှာတော့ အိန္ဒိယ နိုင်ငံဟာ ဒုတိယအငယ်ဆုံး UFC ချန်ပီယံဖြစ်ပြီး အာရှသားချန်ပီယံ ဗန် ကို ပထမဆုံးအနေနဲ့ ကြိုဆိုနေရပြီ ဖြစ်ပါတယ်။

#ဂျိုရှူဝါဗန်

26/05/2026
ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

ที่อยู่


Chiang Mai

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00