Su LTY
Travel and Lifestyle Vlog
Visa Service 🇯🇵🇰🇷🇹🇭
Air Ticket ✈️🏨
Travel Package 🗻🏝️🏞️
27/05/2026
🙏တညလုံး တောင်တက်ရင်း ဒွိုင်ဆူထက် ဘုရားဖူးကြမယ်
Tiao Khuen Doi လို့အမည်ရတဲ့ ဒွိုင်ဆူထက်(Doi Suthep) စေတီတော်ရှိရာ တောင်ဆီကို လမ်းလျှောက်တက်ပွဲကိုလာမယ့် မေလ ၃၀ ရက်နေ့ညနေကနေ နောက်နေ့ နံနက်(လပြည့်နေ့)အထိ တညလုံးကျင်းပဖို့ရှိပါတယ်။
ဒီပွဲဟာချင်းမိုင်မှာ နှစ်စဉ်ကျင်းပတဲ့ ရိုးရာဓလေ့ဖြစ်ပြီး ဒွိုင်ဆူထက် တောင်ပေါ်ကမြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်တွေကို သွားရောက်ဖူးမြော်ကြည်ညိုတဲ့ ခြေလျင်တောင်တက်ပွဲတော်ဖြစ်ပါတယ်။
📌 မေလ ၃၀ ရက်(စနေနေ့) ၊ ညနေလောက်မှာ Chiang Mai Zoo အကျော်နားက ဘုန်းကြီးရုပ်(Kruba Srivichai Monument)ရှေ့နေရာကနေ စထွက်ပါတယ်။
အဲ့ဒီအဖွဲ့နဲ့လည်းလိုက်သွားနိုင်သလို ၊ ကိုယ့်အစီအစဉ်နဲ့လည်း အေးဆေး ညဘက် တက်လို့ရပါတယ်။
ခြေညောင်းရင် လမ်းမှာတွေ့တဲ့ ကားနီတွေကို ဘတ် ၃၀-၄၀ ခန့်ပေးပြီး တက်စီးနိုင်ပါတယ်။
Doi Suthep စေတီပေါ်မှာ တညလုံး နောက်နေ့အထိ နေနိုင်ပါတယ်။
📌ဒီလင့်မှာလည်း ၂၀၂၄ ခုနှစ်က သွားတက်ခဲ့တာကို ကြိုတင်ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=Nj7y47FoRPg
#ချင်းမိုင် #ဒွိုင်ဆူထက် #เตียวขึ้นดอย
တညလုံး တောင်တက်ရင်း ဒွိုင်ဆူထက် ဘုရားဖူး (Doi Suthep Pagoda) 🙏 Visakha Bucha Day (ကဆုန်လပြည်နေ့) မှာ ထိုင်းလူမျိုး ထောင်ချီဟာ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့က ဒွိုင်ဆူထက်(Wat Phra That Doi Suthep)စ....
19/05/2026
📌ချင်းမိုင် ဒွိုင်ဆူထက် ညတောင်တက်ပွဲ မေ ၃ဝ ညနေ စမယ်
😁ညလုံးပေါက် တောင်တက်ရင်း တလမ်းလုံး စတုဒီသာစားကြမယ်
- Su LTY
Tiao Khuen Doi လို့အမည်ရတဲ့ ဒွိုင်ဆူထက်စေတီတော်ရှိရာ တောင်ဆီကို လမ်းလျှောက်တက်ပွဲကိုလာမယ့် မေလ ၃၀ ရက်နေ့ညနေကနေ နောက်နေ့ နံနက်(ကဆုန်လပြည့်)အထိ တညလုံးကျင်းပဖို့ရှိပါတယ်။
ဒီပွဲဟာချင်းမိုင်မှာ နှစ်စဉ်ကျင်းပတဲ့ ရိုးရာဓလေ့ဖြစ်ပြီး ဒွိုင်ဆူထက် (Doi Suthep) တောင်ပေါ်ကမြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်တွေကို သွားရောက်ဖူးမြော်ကြည်ညိုတဲ့ ခြေလျင်တောင်တက်ပွဲတော်ဖြစ်ပါတယ်။
ဒီပွဲတော်ကို ဗုဒ္ဓဘာသာဝင်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက်အရေးကြီးတဲ့ လန်းနား (Lanna) ရိုးရာပွဲတော်မှာ ပါဝင်ဆင်နွှဲနိုင်ဖို့ မေလ ၃၀ ရက် ညပိုင်းမှာ ကျင်းပဖို့ သတ်မှတ်ထားပါတယ်။
မေလ ၃၀ ရက် ညသန်းခေါင်ကျော်ရင် မေလ ၃၁ ရက်ဟာ ထိုင်းမှာ လပြည့်နေ့ဖြစ်ပါတယ်။
ဒီလိုရက်မှာ ဒွိုင်ဆူထက်တောင်ပေါ်ကို ခြေလျင်တက်ရောက်ကြပြီး သန့်ရှင်းတောက်ပတဲ့ ဓာတ်တော်တွေကို ဖူးမြော်ကြည်ညိုကြကာ ဆုတောင်းမေတ္တာပို့သတာ ၊ တရားနာယူတာနဲ့ စေတီတော်ကို လက်ယာရစ်လှည့်ပတ်ပူဇော်တာ စတဲ့ ဘာသာရေးအခမ်းအနားတွေမှာပါဝင်နိုင်ကြပါတယ်။
ဒီလိုပြုလုပ်တာဟာ ဗုဒ္ဓဘာသာအပေါ် သဒ္ဓါတရားထက်သန်မှုကို ဖော်ပြခြင်းသာမက၊ တောင်ပေါ်ကိုကိုယ်တိုင်ခြေလျင်တက်ရောက်ခြင်းက ကိုယ့်ဘဝအတွက် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေတယ်လို့ ယုံကြည်ကြပါတယ်။
ချင်းမိုင်ရောက်နေရင် ဒီလိုအရေးကြီးတဲ့ ညမှာ ပြည်သူတွေရဲ့သဒ္ဓါတရားထက်သန်မှု ကိုခံစားနိုင်ပြီးဒီပွဲတော်မှာ ပါဝင်ဆင်နွှဲကြဖို့ Su LTY ကတဆင့်ဖိတ်ခေါ်အပ်ပါတယ်။
🙏(ကိုယ့်တွေ့အကြံပြုချက်)
၂၀၂၄ ခုနှစ်မှာ ဒီပေ့အက်မင်တယောက်သွားတက်ဖြစ်ခဲ့ပါတယ် ။ ကားလမ်းမကြီးကနေသာတက်ကြတာပါ။ မိုးရွာတတ်ပါတယ် ။ထီး၊ မိုးကာအပါးလေးတွေယူသင့်ပါတယ်။ လမ်းက ၃ နာရီ ၄ နာရီ ကြားလျှောက်တက်ရတာမို့ သက်ကြီးရွယ်အိုတွေ မကျန်းမာသူတွေ သတိထားသင့်ပါတယ် ။ လမ်းတလျှောက်မှာ စတုဒီသာ အလှူတွေ ရှိပါတယ်။ ရိုးရားအကတွေ ကျန်းမာရေး ဌာနတွေလည်းရှိပါတယ်။
ညနေစောင်းလောက်မှာ Chiang Mai Zoo အကျော်နားက ဘုန်းကြီးရုပ်တွေနေရာကနေ စထွက်ပါတယ်။ အဲ့ဒီအဖွဲ့နဲ့လည်းလိုက်သွားနိုင်သလို ။ ကိုယ့်အစီအစဉ်နဲ့လည်း အေးဆေးတက်လို့ရပါတယ်။
ခြေညောင်းရင် လမ်းမှာတွေ့တဲ့ ကားနီတွေကို ဘတ် ၂၀-၃၀ ပေးပြီး တက်စီးနိုင်ပါတယ်။
ဘုရားပေါ်မှာ တညလုံး နောက်နေ့အထိ နေနိုင်ပါတယ်။
📌ဒီလင့်မှာလည်း ၂၀၂၄ ကတက်ခဲ့တာကို ကြိုတင်ကြည့်နိုင်ပါတယ်။
တညလုံး တောင်တက်ရင်း ဒွိုင်ဆူထက် ဘုရားဖူး
https://www.youtube.com/watch?v=Nj7y47FoRPg
Photo - cmprice (တောင်တက်ပွဲပုံများ)
#ချင်းမိုင် #ဒွိုင်ဆူထက် #เตียวขึ้นดอย
ချင်းမိုင်မြို့နဲ့ သိပ်မဝေးတဲ့ Maejo ကနေချင်စရာကောင်းတဲ့အိမ်ရာလေးတခုကိုအလည်ရောက်နေပါတယ်....
#ချင်းမိုင် #ထိုင်း #ခရီးသွား
11/05/2026
"ချင်းမိုင်မြို့ရဲ့ မေလ အဓိကပွဲတော်တွေနဲ့ လှုပ်ရှားမှုများ"
🛵ချင်းမိုင်မှာရောက်နေပြီး ဘယ်သွားရမှန်မသိရင် ရှဲထားလိုက်တော့....
- Su LTY
📌 ယခုမေလအတွင်း ချင်းမိုင်မြို့အနှံ့ ကျင်းပမည့် အဓိကပွဲတော်များနှင့် လှုပ်ရှားမှုများ-
• 🪔 ၂၀၂၆ မေ ၁၃–၁၉ ရက် — ဝပ်ချေဒီလောင်ဘုရားကျောင်းရှိ အင်းသာခင်း မြို့တိုင်ပွဲတော်
🔸 မေ ၁၃ (နေ့လယ် ၁:၀၀ – ညနေ ၄:၀၀) - ချင်းမိုင်မြို့တွင်း မြင့်မြတ်သော “Phra Chao Fon Saen Ha” ဆင်းတုတော်လှည့်လည်ပွဲ
• 🏃♂️ ၂၀၂၆ မေ ၁၆ ရက် | ညနေ ၅:၀၀ နာရီ — “Doi Suthep Night Run 2026” ညဘက်အပြေးပြိုင်ပွဲ
📍 ချင်းမိုင်တိရစ္ဆာန်မွေးမြူရေးရုံးအနီးမှ စတင်မည်
🏁 သီရိဝိချိုင်လမ်းအတိုင်း ဝပ်ဖရာသက်ဒွိုင်ဆးတက်ဘုရားအထိ
• 🏳️🌈 ၂၀၂၆ မေ ၁၇ ရက် | ညနေ ၄:၄၀ နာရီ — Chiang Mai Pride 2026 ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော “GEN ATC RUN” အပြေးပွဲ
📍 ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ ပန်းခြံ
• 🏃 ၂၀၂၆ မေ ၂၃ ရက် | နံနက် ၅:၃၀ နာရီ — “ချင်းမိုင်မြို့တည် ၇၃၀ ပြည့်” လှုပ်ရှားမှုအပြေးပွဲ
📍 ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ ပန်းခြံ
• 🎶 ၂၀၂၆ မေ ၂၄ ရက် | ညနေ ၃:၄၀ နာရီ — “Music Journey 9” တေးဂီတဖျော်ဖြေပွဲ
📍 ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ ပန်းခြံ (တူးမြောင်းလမ်းဧရိယာ)
• 🏳️🌈 ၂၀၂၆ မေ ၂၄ ရက် — Chiang Mai Pride 2026 ချီတက်ပွဲ
📍 ညနေ ၄:၀၀ နာရီတွင် ချင်းမိုင်ဗုဒ္ဓဘာသာစင်တာ၌ စုရပ်
🚶 ညနေ ၆:၀၀ နာရီတွင် ချီတက်ပွဲစတင်ပြီး သာဖေးဂိတ် (Tha Phae Gate) တွင် အဆုံးသတ်မည်
• 🙏 ၂၀၂၆ မေ ၃၀ ရက် | ညနေ ၄:၀၀ နာရီ — ရိုးရာ “ဒွိုင်သုတက်တောင်တက်” ဘုရားဖူးခရီးစဉ်
📍 ချင်းမိုင်တက္ကသိုလ်မှ ဝပ်ဖရာသက်ဒွိုင်သုတက်ဘုရားအထိ
• 🚛 ၂၀၂၆ မေ ၃၀ ရက် | ည ၈:၀၉ နာရီ — ဒွိုင်သုတက်သို့ တော်ဝင်ဝေါယာဉ်ဖြင့် လှည့်လည်ပွဲ
📍 ခရူဘာသီရိဝိချိုင်အထိမ်းအမှတ်ရုပ်တုမှ ဝပ်ဖရာသက်ဒွိုင်ဆူတက်ဘုရားသို့ ထွက်ခွာမည်။
📍ပွဲလုပ်မယ့်နေရာလေးတွေကော့မန့်မှာရှိပါတယ်။
ချင်းမိုင်မှာ လည်ပတ်စရာလေးတွေ အမြဲတင်ဆက်ပေး နေတာမို့ Like and Share လုပ်ပေးဖို့ဖိတ်ခေါ်ပါတယ်။
ref - chiangmai post
#ချင်းမိုင် #ပွဲတော် #ထိုင်း #ခရီးသွား
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Chang Khlan
Chiang Mai
50100
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |