Little Stealth Farm by Noob Grower

Little Stealth Farm by Noob Grower

แชร์

If you want to make everyone happy, don't be a leader, sell ice cream

Photos from Little Stealth Farm by Noob Grower's post 15/01/2024

Cannabis စိုက်ပျိုးတဲ့အခါ အီအီး ကို ဘယ်လိုအသုံးပြုရမလဲ

Cannabis ကို နည်းလမ်းအမျိုးမျိုးနဲ့စိုက်ပျိုးနိုင်ပါတယ် အဲထဲမှာမှ Inorganic နဲ့ Organic Methods လည်းပါ၀င်ပါတယ်။ Inorganic Method ကတော့ Chemical တွေကို သုံးပြီးစိုက်တာ တော်တော်များများလည်းသိပြီးသားဖြစ်မှာပါ။ Organic Method
ကတော့ အီအီး နဲ့ သဘာ၀မြေဩဇာတွေကို အသုံးပြုပြီး အတတ်နိုင်ဆုံးအကုန်အကျနည်းနည်းနဲ့ အထွက်နှုန်းတိုး ၊ Quality ကောင်းအောင် စိုက်ပျိုးတာပါ။
အခု အဓိကပြောမှာကတော့ အီအီး အကြောင်းပေါ့။ အီအီး ကိုအသုံးပြုစိုက်ပျိုးတာဟာ အပင်အတွက်လိုအပ်တဲ့ အများလို/အနည်းလို အဟာရဓါတ်တွေအကုန်လုံးကို မြန်မြန်ဆန်ဆန် Cannabis ပင်တွေ စုပ်ယူနိုင်အောင်ကူညီပေးပါတယ် အီအီးဟာ အပင်အတွက် လိုအပ်တဲ့အဟာရဓါတ်တွေ ကြွယ်၀ပြီးအဓီကအနေနဲ့ vegetative stage
မှာအပင်ကြီးထွှားဖို့ အများဆုံးကူညီပေးပါတယ်

အီအီးအသုံးပြု စိုက်ပျိုးခြင်းရဲ့ အကျိုးကျေးဇူး

လူတွေဟာ အာဟာရပြည့်၀ဖို့အတွက် နေ့စဉ်စားသုံးရသလိုမျိုး Cannabis တွေမှာလည်း အပင်ကြီးထွားဖို့နဲ့ အဖူးတွေဖြစ်လာဖို့အတွက် အာဟာရဓါတ်တွေလိုအပ်ပါတယ်။ပိုကောင်းတဲ့မြေဩဇာကိုသုံးခြင်းဟာ harvest မှာ buds quality နဲ့ အထွက်နှုန်းကိုတိုးစေပါတယ်။ အီအီးဟာ ကျနော်တို့ အရမ်းအားအင်စိုက်ထုတ်စရာမလိုပဲ လိုချင်တဲ့အတိုင်း ထွက်နှုန်းတိုးအောင် အကုန်အကျသက်သာအောင်လုပ်ပေးနိုင်တယ်
အဓိကအချက်ကတော့ organic ဖြစ်တဲ့အပြင်
အီအီးက ဈေးပေါတယ်။ Grower တော်တော်များများက အပင်သန်ဖို့ အဖူးကြီးဖို့ အထွက်တိုးဖို့အတွက်ဈေးကွက်မှာရောင်းချနေတဲ့နာမည်ကြီး အပင်အားဆေးတွေကို သောင်းဂဏန်းကနေ သိန်းကျော်အထိ ဈေးကြီးပေးပြီး၀ယ်သုံးနေရတယ်
ဒါပေမယ့် bro တို့ ဘယ်လို Brand ပဲသုံးသုံး အပင်က ဈေးပေါတာသုံးလည်း အိုကေတယ် ဈေးကြီးတာသုံးလည်းအိုကေတယ် အဓိကက အပင်အနေအထားပေါ်မူတည်ပြီး လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ Nutrients ကိုပေးနိုင်ရင်ရပြီ။
ပြောချင်တာက မင်း Farm ကထွက်တာက အီအီးသုံးပြီး စိုက်တာ ဈေးမပေးဘူး ဆိုတာမျိုးမရှိဘူး။
အီအီးသုံးစိုက်ထားလို့ ဈေးမပေးတဲ့ကောင်ဆို ချောင်းရိုက်ပစ်ပါ အားပေး‌နေမယ်။အဓိက က Buds တွေ Fine ပြီး သောက်ရင် ရှယ်ကွဲဖို့ပဲလိုတာ။

အီအီး ကိုမှန်မှန်ကန်ကန်အသုံးပြုနည်း
အထိရောက်ဆုံးအသုံးပြုနည်း 3 မျိုးရှိတယ်
အပင်မစိုက်ခင်တည်းက စိုက်မယ့်မြေကြီးနဲ့ ကြိုက်ရာအီအီး ကို သေချာ Mix ပြီးမှ စိုက်တာ
အပင်ရဲ့ဘေးပတ်ချာလည်ကို တူးပြီး အီးအီးထည့် အပေါ်ကနေ ပလတ်စတစ်အနက်ရောင်နဲ့ပြန်အုပ်ထားတာ( ရွာတွေဘက်မှာတော့အပင်ကြီးစိုက်တဲ့သူတွေလုပ်တာတွေ့ဖူးတယ်မြေဆီထည့်တယ်လို့တော့ပြောကြတာပဲ ပြီးရင်ပတ်ချာလည်ပလတ်စတစ်နဲ့ပြန်အုပ်ထားတယ်တချို့က ကောက်ရိုးနဲ့အုပ်ထားကြတယ်‌ ရေ‌ငွေ့ ပြန်အစိုပြန်တာလည်းထိန်းတယ်ပေါင်းပင်တွေဘာတွေလည်းမ‌ပေါက်တော့ဘူးပေါ့ဗျာ။စာရှည်သွားတယ် eng လိုရေးထားတာမှာ Mulch the soil ပဲရေးထားတော့ အကုန်နားလည်လွယ်အောင်ပြန်ရေးထားတာ မျက်လုံးထဲမြင်အောင်ပြောရရင် အီအီး ကို topping ထည့်လိုက်တာပေါ့ဗျာ)
အီအီး tea ဖျော်ပြီးအပင်တွေကို‌ဖြန်းတာ
အီးအီးကိုရေဖျော်လောင်းခိုင်းတာမဟုတ်ပါဘူး အီးအစိုသုံးလို့မရပါဘူး အီးခြောက်ပေါ့ဗျာအခိုးသတ်ပြီးသားအီးခြောက်ကိုသုံးရမယ်( အီအီးကိုရေဖြန်းနေလှန်းတပတ်လောက်လုပ်ထားတာကိုပြောတာပါ) ကိုယ်ရောမယ့်ရေရဲ့ 3ပုံ 1ပုံ က ထည့်ရမယ့် အီအီးရဲ့ အချိုးအစားပါ။ အီအီးကိုအ၀တ်စအပါးနဲ့ထုပ်ပြီးရေပုံးထဲထည့်ရေထည့်ပြီး 2-3 ရက်ထားပြီးရင်တော့ အီးထုပ်ကိုသေချာလေးရေညှစ် ရလာတဲ့ Nitrogen ကြွယ်၀တဲ့ အီအီး tea ထဲကနေ 60 - 100 ml ကို ရေ 1 liter နဲ့ရောစပ်ဖြန်းပြီးအသုံးပြုနိုင်ပါပြီ အီးထုပ်ထဲက ကျန်တဲ့အဖတ်တွေကို မြေဆွေး ၊ မြေဩဇာ အဖြစ်ပြန်လည်အသုံးပြုနိုင်ပါတယ်။ အီးထုပ်မလုပ်ချင်တဲ့သူတွေကတော့ရေထဲကို တခါတည်း Mix လိုက်လို့ရပါတယ် processing time ပိုမြန်သွားပါတယ် သူလည်းအတူတူပဲ အထဲကအဖတ်တွေကို ပြန်စစ်ချရပါတယ်။ဘယ်လိုပဲလုပ်လုပ် အီးအီး tea လုပ်ထားတဲ့ ရေပုံးကို တရက် 2ခေါက် မွှေပေးပါခင်ဗျ

Cannabis စိုက်ပျိုးဖို့အတွက် အကောင်းဆုံး
အီအီး 6 မျိုး

1. ကြက်ချေး

2. ယုန်ချေး

3. မြင်း/နွား ချေး

4. ၀က်ချေး

5. သိုးချေး

6. လင်းနို့ချေး

အီးတမျိုးချင်းရဲ့ အသုံး၀င်ပုံနဲ့ ပါတဲ့ Npk အချိုးကို part 2မှာဆက်ရေးပေးပါမယ်

Photos from Little Stealth Farm by Noob Grower's post 06/10/2023

AMNESIA Auto (Seedstocker )

Amnesia Haze X Auto Haze
တို့ကို breedထားတာဖြစ်ပါတယ် South Holland ကလာတဲ့ original Amnesia genetics ကို Amsterdam က Outlaw Amnesia နဲ့ Super Silver Haze ရော breed ထားတာကို Auto version ပါresult ကတော့ တအားစစ်တဲ့ original Haze strain ဖြစ်လာပါတယ် Sativa dominant strain ဖြစ်ပြီး THC 23- 26% ရှိတယ် easy growing ဖြစ်တယ် အကြမ်းခံမယ် pest resistance ရှိမယ် Low nutrients နဲ့စိုက်လို့ရမယ် အရမ်း nutrients မလိုဘူးလို့ပြောတာ။ရာသီဥတုပေါ်မူတည်ပြီး တခါတလေ ကာလာပြောင်းတယ်Auto တွေထဲမှာ အထွက်နှုန်း ကောင်းတဲ့ Strain ထဲပါပါတယ်။ beginners တွေကအစစိုက်လို့ရတယ် massive yield ရမယ် Seed to harvest ကို 70 day ကြာမယ် Indoor /Outdoor စိုက်သူပေါ်မူတည်ပြီး 70 - 100 ရက်ကြားကြာမယ်။အပင်အမြင့်က Indoor /Outdoor ကို 3 - 4.5 ပေ ထိရှိမယ်အထွက်နှုန်းကတော့ indoor ကို 250 - 450 g Outdoor ဆို 400Gအထက် ရှိမယ် Indoor ကို 18/6 နဲ့မီးပေးပြီးစိုက် တပင်တည်း 450G Over ထွက်ပါတယ်
Inexperience smoker တွေကိုတော့ Recommend မပေးထားပါဘူး Pure haze Strains တွေကို breed ထားတဲ့အတွက် Strong smoke ဖြစ်တယ်ဆိုပြီးနာမည်ကျော်ပါတယ် Cerebral High , psychedelic High ကိုဖြစ်စေပြီးအဲ့ Feel ကိုသဘောကျလို့ Growers တွေက ထပ်ခါထပ်ခါ၀ယ်စိုက်ကြတဲ့မျိုးပါ
အနံ့ကတော့ မြေကြီးနံ့ ၊ရှောက်ခွံနံ့ ၊ cedar သစ်သားအနံ့မျိုးရှိပါတယ် အိမ်နီးချင်းတွေ
အိမ်ကလူတွေ အနံ့ကြောင့်သိမှာ ကြောက်စရာမလိုတဲ့ Strain ပါ အနံ့မပြင်းဘူး
ဘယ်လိုစိုက်စိုက် အနိမ့်ဆုံးTHC 23% ထွက်တဲ့Strain ဖြစ်တာကြောင့် သေချာပေါက်
Smoke ပြီးရင် High effect က စိတ်ပိုင်းဆိုင်ရာ နဲ့ ဦးနှောက်ကို အဓိကလှုံ့ဆော်ပေး ပြီး တီထွင်ဖန်တီးမှုအားတွေသိသိသာသာအရမ်းကောင်းလာ‌ေစတယ် long lasting ဖြစ်တယ် အဲ့တာကြောင့် အနုပညာရှင်တွေ အနေနဲ့ အသုံးအများဆုံး Strain ဖြစ်ပါတယ်။Stress ကို လျော့စေပါတယ်။ ပျော်မယ် ပီတိဖြစ်မယ် စိတ်ဓါတ်တွေတက်ကြွနေမယ်
ပုံတွေက Grower တွေအပြင်မှာတကယ်စိုက်ထားတဲ့ပုံတွေပါခင်ဗျ
20ရက်နေ့၀န်းကျင်ရမယ်

03/10/2023

MANDALIME JUICE
Photo(Bulk seedbank)THC 29%/CBD 2.3%

Mandarin Cookies Pie x Original Pink Panties တို့ကို breedပြီးရလာတဲ့ Bulk seedbank ရဲ့ Exclusive Strain ပါ။ဒီထဲမှာ Original pink panties ကနာမည်လည်းကြီးသလို OG kush X Burmese blackberry kush (Burmese Kush) တို့ breed ပြီးရလာတာဖြစ်ပါတယ်။ ဈေးကွက်မှာ နဂို‌နာမည်ရပြီးသား THC အမြင့်နာမည်ကြီး Original Strain တွေကို Breed ပြီးရလာတဲ့ Seeds တွေဖြစ်တဲ့အတွက် Very High Thc Level ကတော့ပြောနေစရာကိုမလိုတာပါ။ MANDALIME JUICE strain မှာCBD 2.3% ပါတယ်။80% INDICA / 20% SATIVA နဲ့ အကြမ်းစား THC: 29% / CBD: 2.3% ရှိတယ်။ထူးခြားတာက ဘယ်လိုစိုက်စိုက် သူက
THC 29% ထွက်ပါမယ်
Indoor/Outdoor ဘယ်မှာပဲစိုက်စိုက် Indica Dominant Strain ဖြစ်တဲ့အတွက်ကြောင့် 3 - 4ပေကြားရှိမှာပြီးအကိုင်းအခက်တွေအများကြီးနဲ့ချုံပုတ်ပုံစံဖြစ်နေမှာပါ အပင်ပုပြီးကိုင်းများမယ်ပေါ့ဗျာ။အပင်မှာဖြစ်တတ်တဲ့ရောဂါတွေကို ခံနိုင်ရည်စွမ်းရှိပြီး ရာသီဥတုမရွေးစိုက်ပျိုးနိုင်တယ်။Indoor မှာ 200-300g ကြား / outdoor မှာ 600g အထက်ရမယ်။Flowering time က 9-10 weeks ရှိမယ်။

အနံ့ကတော့ ထူးထူးဆန်းဆန်းပါပဲ Juicy mandarins လိ‌‌မ္မော်သီး အနံ့အရသာ ရမယ်

Effect ကတော့ဗျာ Very HighTHCကြောင့်
အကြာကြီးခံမယ် Medical အနေနဲ့က ကာလရှည်နာကျင်ကိုက်ခဲတာ၊အဆစ်အမြစ်ယောင်တာ၊စိတ်ဓါတ်ကျ ၊စိုးရိမ်ပူပန်မှုများ ၊ ည အိပ်မပျော် တာ တွေကို သက်သာစေပါတယ်
ပီတိတွေဖြာပြီး အကြောင်းအရင်းမရှိပြုံးနေမယ်တယောက်တည်း ၀မ်းသာအားရ ဘာတွေကျေနပ်မှန်းမသိကျေနပ်နေမှာပေါ့ဗျာ။စိတ်ဓါတ်တွေတက်ကြွနေမယ် body relax ဖြစ်ပြီး Stone မယ် တယောက်တည်းပြုံးပြုံးကြီး TIKTOK လေးကြည့် လိုက် Movie လေးကြည့်လိုက်ပေါ့
Bulk seedbank ရဲ့ အသစ်ထွက်ထားတဲ့ Strain ပါ
ထူးထူးခြားခြားလေးစိုက်လို့ရတာပေါ့😁
ဒီလ 15ရက်လောက်ရမယ်

Preorder prepaid 1seed repack -20000
Instock ရမှဆို 1seed - 25000

02/10/2023

COFFE ROCKET Strain Photo (Bulk Seedbank)

New Strain မလို့ပုံအများကြီးမရှိသေးပါဘူး။
Thc လည်း မြင့်တယ် ဆိုတော့ ကိုယ့်လူတွေ အိုကေတာပေါ့
Purple Glam Kush x Green Scout Cookies တို့ Breeding လုပ်ပြီးရလာတဲ့ High Yield Sativa Dominant Strain ပါ။ INDICA - 30% / SATIVA – 70% နဲ့ THC: 28% ရှိပါမယ် စိုက်သူပေါ်မူတည်ပြီး ဘယ်လိုစိုက်စိုက် အနိမ့်ဆုံး THC 25% ရမယ်။
Bulk Seedbank ရဲ့ New Exclusive Strain 28မျိုးထဲက တမျိုးဖြစ်ပါတယ်။ Flowering time indoor မှာဆို 8-9weeks ကြာပြီး Outdoorမှာ 8-10 weeks ကြာမယ် အပင်အမြင့်က 3.5" -5" ပေကြား ရှိမယ် indoor မှာဆို 200 - 300 Grams / Outdoor ဆို 800-1000 Grams ကြားရမယ်
ထွက်နှုန်းကြီးက ကြောက်စရာကြီး🥶 Outdoor အကြမ်းစိုက်ပြီး ကိုယ့်ဘာသာပဲသောက်ချင်သောက် သေချာစိုက်ပြီး ရောင်းမယ်ဆိုလည်း Ok တဲ့ Strain ပါOutdoor ဆိုရင်တော့ LST traing ပေးပါ အပင်က 4 - 5.5 ပေကြားရှိပြီး ကိုင်းအများကြီးဖြာထွက်နေမှာမလို့ပါ။
အနံ့ အနေနဲ့ကတော့ သံပုရာနံ့ နည်းနည်းပါပြီး ထပ်ဆောင်းအနေနဲ့ကတော့ ground coffee မှုန့် အနံ့အရသာ နဲ့ Grape အရသာရမယ် Aftertaste အနေနဲ့ ပါးစက်ထဲမှာ ကော်ဖီအကြမ်းမှုန့်အရသာမျိုးရမယ်
Effect ကတော့ အကြမ်းစား Thc 28% ကြောင့် ခပ်ပြင်းပြင်းထိရှပြီး အကြာကြီးခံမှာပါ။ Grower တွေအကုန်လုံးလည်း Thc ခပ်ပြင်းပြင်းနဲ့ အကြာကြီးခံတာကို ကြိုက်မယ်ထင်ပါတယ် လူကို လန်းဆန်းတက်ကြွအောင် လှုံ့ဆော်ပေးတယ်။ တီထွင်ဖန်တီးနိုင်စွမ်းတွေကောင်းနေမယ့် အပြင်ကိုမှ Body and mind ကို လည်း Boost လုပ်ပေးမှာပါခင်ဗျာ။ body relax အနည်းရပြီး Mind high နေမယ်။

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Chiang Rai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Phin Kan Lite
Chiang Rai
50000