Waiyan Htut
Lecturer at Mae Fah Luang University
အတန်းလူပြည့်ပါပြီခဗျ lesson outline, link ရထားသူများ၊ ဖောင်ဖြည့်ပြီး အပ်ဖို့ကျန်သူများကိုပဲ ဆက်လက်ခံပါတော့မယ် 🙏🙏🙏🙏🙏
19/05/2026
Edit လူပြည့်ပါပြီ။ 🥹🥹🥹🥹🥹
တမေးထဲမေး တနေ့ထဲပြည့်တဲ့ Technology in ELT training အတန်းကို ဒီတခါမှာတော့ ၁၂ နာရီကြာ- ၆ ရက်တာ - ၂ ပတ် ဖိဖိစီးစီး သင်ပေးပါတော့မယ်။ ၆ ရက်မှာ ဘာတွေပါမလဲဆိုတော့
📌 Day 1 — Google Workspace for ELT (Docs, Slides, Forms, Sheets, Forms, etc)
📌 Day 2 — PowerPoint In-Depth for ELT အနုစိတ်ချပါမယ်
📌 Day 3 — AI + Gamification in ELT (Kahoot, Quizizz, Wordwall, Bamboozle) ထုံးစံအတိုင်း
📌 Day 4 — AI & Classroom Material Creation (YouTube, BBC, NatGeo တို့ကနေ AI သုံးပြီး သင်ခန်းစာ material တွေ ဖန်တီးခြင်း)
📌 Day 5 — Assessment, Feedback & Formative Tools အသစ်ပါ၊ ELT စာပိစိတော့ ဖတ်ရပါမယ်
📌 Day 6 — ဆရာ/ဆရာမတွေ ပြည်တွင်းပြည်ပ အလုပ်များအတွက် စွမ်းအားပြင်း CV, Cover Letter လုပ်နည်း & in-class Design Skills ကို Canva သုံးပြီး design ဖန်တီးခြင်း
လာတက်သူအကုန်လုံး hands-on လုပ်လို့ရမှာဖြစ်ပြီး မိမိတို့ရဲ့ classroom မှာ တန်းသုံးလို့ရတဲ့ material တွေ စာသင်ချိန်အတွင်းမှာပဲ တည်ဆောက်ရမှာပါ။ recording file တင်ပေးပါမယ်။
🏆 သင်တန်းပြီးဆုံးပြီး assignment ပိစိလေး ထပ်သူတိုင်းကို Certificate of Completion ပေးအပ်ပါမယ်။
🕐 Time: 5:30 – 7:30 PM (MM time)
📅 Dates: 29, 30, 31 May & 5, 6, 7 June 2026
💻 Platform: Zoom (Online) and Google Classroom
အတန်းအပ်ချင်ရင် comment မှာ Tech လို့ သာ မှန်အောင်ရိုက်လိုက်ပါ၊ ဖောင် link နဲ့ class lesson outline ပို့ပေးပါမယ်။
📌 အတန်းသားဟောင်းတွေ စာပြန်နွှေးချင်သပဆိုရင်တော့ ၂၀၀၀၀ နဲ့ ပြန်လာတက်လို့ ရပါတယ် (အခမဲ့တော့ မရလို့_ ၆ ရက် ၁၂ နာရီတောင် ဆိုတော့ မီတာအရမ်းကုန်လို့ပါ 🥹, course အသစ်တွေလဲ ထည့်ထားလို့ပါ ☺️) ။
📌 အတန်းအပ်ဖူးပြီး တခါမှ ပေါ်မလာဘူးရင်လဲ ၂၀၀၀၀ နဲ့ ပြန်လာတက်လို့ ရပါတယ်။
ဘယ်သူပဲဖြစ်ဖြစ် ဖောင်ဖြည့်ပေးရမှာမို့ tech လို့ မန့်သွားပါ။
15/05/2026
ဒီလကစပြီး ဖွင့်သမျှ သင်တန်းတွေ, private training, webinar တွေကို ကိုယ်ပိုင်လုပ်ငန်းအမည်တခုအနေနဲ့ပဲ လုပ်သွားတော့မှာ ဖြစ်ပါတယ်။ page ကိုတော့ နာမည်ပြောင်းဖို့တော့ မရှိသေးပါ။ သို့ပေသည့် လုပ်ငန်းဆိုင်ရာ အဝဝကို ဒီနာမည်နဲ့ပဲ ဆက်လက် ရောင်းချ ပို့ချ ဝန်ဆောင်မှု ပေးသွားမှာပဲ ဖြစ်ပါတယ်။ နာမည်ဘာဖြစ်မလဲ မှန်းကြည့်ကြလို့ရပါတယ်။ အကယ်၍ မှန်အောင်ဖြေဆိုနိုင်တဲ့ comment ပိုင်ရှင်တွေကို မေတ္တာလက်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။
12/05/2026
အခုဆို Mae Fah Luang က တိတ်ဆိတ်ငြိမ်သက်ပြီး တကယ့်ကို မိုးရာသီ vacation mode ဖြစ်နေပါပြီ။ လေထုကလဲ အစိမ်းရောင်ပြန်ဖြစ်ေနတာကြာပြီ၊ အတန်းတွေလဲပြီး၊ အမှတ်လဲခြစ်ပြီး၊ grade လဲထည့်ပြီး မိုးတဖြောက်ဖြောက်မှာ ဘယ်တောင်ကြည့်ကြည့် မြူခိုးတွေနဲ့၊ ကော်ဖီတခွက်နဲ့ နှပ်လို့ကောင်းတဲ့အချိန်ပါ
အားကစားလုပ်၊ စာရေး၊ စာဖတ်နဲ့ပဲ ဦးနှောက်ကို နနားထားရင်း မပျင်းအောင်လဲ လုပ်ပေးထားရမှာမျိုး။
ညနေ ၄ နာရီ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ โรงเรียนนี้
เว็บไซต์
ที่อยู่
Chiang Rai
57100