Black Roster Burma\
"တိုက်ကြက်" မရောင်းပါ
07/09/2025
#ခွပ်လပ်ပုတ်ပြီးတိုင်းလုပ်ဆောင်ပေးရမဲ့အရာများ။
---ကြ က်တိုက်ပီးတဲ့အခါ ခွပ်လပ်ပြပီးတဲ့အခါ----
ချွဲကိုကုန်စင်အောင် ရိုက်ပါ
အိမ်ရောက်တာနဲ့ ရေကျက်အေးခံ၍ ဆားအနည်းငယ်
ထည့်ပီး ဒူးမြုပ်သည်ထိ ထားပီး10မိနစ်ခန့်စိမ်ပါလေ
ရလဒ်ကခြေရိုးနာခြင်း ဒူးနာခြင်း သွေးခြေဥခြင်းမှကာကွယ်သလို ဒဏ်လဲကြေပါတယ်
---ကြ က်အစိမ်း အချွဲတကောင် ခွပ်လပ်ပြလို့----
နားသီးများသီးခဲ့မိရင် နားခွဲထုတ်ပီး ရက်ပတ်စေ့တာနဲ့
ကြေးထည့်မစမ်းပါနဲ့
သွေးအားကုန်ထားလို့ မိုးပျံအောင် သေလောက်အောင်ကောင်းနေပါစေ ခြေမပေါ်တော့သလို ခြေကျောလည်းမတင်းပါဘူး
ငါးရှည့်သွေးတိုက်ပါ ခြေကျော်လေးထိုးပီးမှ
ကြေးစမ်းပါ
--ကြ က်လည်ရိုးတွေအခွပ်ခံရပီး လည်ပင်းရောင်နေရင်
ထမင်းပူပူလေး ခံနိုင်သလောက်ကြပ်ထုပ် ထိုးငးပေးပါ
(ဝိုင်းသက်ရှည်သလို လည်ကြေခြင်းလဲသက်သာပါတယ်)
--ခွပ်နေရင်းအခန့် မသင့်လို့ အကျမကောင်းပဲ
ဒူးဆစ်တွေရောင်ယမ်းနေရင်
မြင်းချေး စပါးလင် မိတ်သလင် ဒန်ကြီးရွက် လင်းနေ
နံနက်ပွင့်အားလုံးရောပီး ကြပ်ထုပ်လုပ်ပီး ရေနွေးထဲ
ဆားအနည်းငယ်ထည့်ပီးကြ ပ်ထုပ်ထိုးပေးပါ
--တိုက်ပီး သောကြ က် အတက်ဆူးသွားခဲ့ရင်
သိသိချင်းအချိုမှုန့် သိပ် ပေးပါ
ကြာသွားမှသိခဲ့ရင် (ခဲနေရင်ပဲဖစ်ဖစ်)
ဘင်ဆိုင်း ထိုးဆေး အနာ နား ထိုးပေးပါ
--အာသွပ်ဖစ်ရင် အပေါ်က အဝါရောင်အဖက်ကို
ဇာဂနာနက် ဖယ်ထုတ်ပစ်ပါ ပီးရင်
မှင်သုတ်လိမ်းပေးထါးပါ
---ဝမ်းချုပ်ရင် (သို့) ဝမ်းနုတ်ချင်ရင်
သင်ဘောရွက် လုံးခြေပီးခွံပေးပါ
တိုက်ခါနီး 10ရက်အလိုမှသာလုပ်ပေးသင့်ပါသည်
--နှာပိတ်နေရင်
ပရုပ်ဆီယူပီး အာခေါင်းအတွင်း ပွတ်ပေးလိုက်ပါ
ချက်ချင်းခါထုတ်လိမ့်မည် ဆေးပူကြောင့် နှာခေါင်းမှပါ
ထွက်လာလိမ့်မည်
3မိနစ်ခန့်ကြာရင် အာတောက်ချပေးပါ
နှာခေါင်းဝကို မှုတ်ပေးပါ
ချက်ချင်းပျောက်ကင်းလိမ့်မည်
--လည်ချွဲဆိုရင်
ပီဆပ်ရွက် အရည်ညှစ်တိုက်
ရွက်ယိုသီး ဓာတ်ဆီ ရော ကျွေးခြင်းဖြစ်လည်း
ပျောက်ကင်းစေပါသည်
*************************************************
ဆရာကြီးများ၏ မျှဝေထါးသောပညာရပ်များအား
လေ့လာပီး ပြန်လည်မျှဝေခြင်းသာ
TO OWNER 🙏🙏🙏
24/08/2025
👉တိုက်စစ် /ခံစစ်👈
ကြက်တစ်ကောင် ကိုင်တော့မယ်
ပြင်တော့မယ်ဆို
ကိုယ့်ကြက်က ဘာတွေအားသာလဲသိဖို့လိုပါတယ်
ကိုယ်ကိုင်တဲ့ ကြက်က ဘာလမ်းလဲ
အမိုက်ကိုအားပြုလား
အလိမ္မာ/လမ်းဆန် လား
စတာတွေ သိဖို့လိုတယ်
အမိုက်ဆိုရင်တောင် ခွပ်တတ်ခံတတ်တဲ့အမိုက်နဲ့
နင်ပြီးရင် ငါ့အလှည့်ဆိုတဲ့အမိုက် ခွဲခြားသိဖို့လိုပြန်တယ်
ခွပ်တတ် ခံတတ်တဲ့ အမိုက်ကို ပြင်ရတာ
သိပ်မခက်ပေမဲ့
နင်ဘာလဲငါဘာလဲမေးချင်တဲ့အမိုက်ဆိုရင်
ခံသား
လည်သား /ရုန်းအား
ရှိဖို့လိုတယ်
အဲ့လိုကြက်မျိုးကို လည်သား မျက်နာကိုကြက်ပြင်တိုင်း ရေနွေး လက်မနဲ့ဖိ ပေးတါမျိုး လုပ်ပေးသင့်တယ်
ရေနွေးကိုင်တာ မနက်ညနေ ပုံမှန်လက်သားထည့်ပေးသင့်တယ်
ဒါမှ ဝိုင်းမှာ သူခွပ်တာခံနိုင်ပြီး ကိုယ်ခွပ်တဲ့အချိန် သူ့ကိုခွပ်နိုင်ဖို့လိုတယ်
ကြက်မိုက်တွေဟာ အရွယ်ရောက်တွန်ခါသင်တာနဲ့ ရွယ်တူကိုရန်စောင်ပြီး
ကြက်မကြီးတွေကို ပြန်လှန်အနိုင်ယူလေ့ရှိတယ်
အမိုက်တိုက်စစ်ကိုဦးစားပေးတဲ့ကြက်
ခွပ်တတ်ခံတတ်တဲ့အမိုက်မျိုးနဲ့ငါစားတီးချင်တဲ့အမိုက်မျိုးရှိပြန်သေးတယ်
အဲ့လိုအမိုက်တွေထဲမှာ ခွပ်တတ်ခံတတ်တဲ့အမိုက်က အရွယ်ရောက်တာချင်းတူရင်
နောက်မှခွပ်လေ့ရှိတယ်
ဒါပေမဲ့ အမိုက်မျိုးနွယ်ဝင်တွေမို့ ပြင်ဆင်ရတာ
တစ်ဖနဲ့တစ်ဖ အလုပ်သင်တာ
ရက်ပါတ်ပြည့်အားပြည့်တာနဲ့ ချလို့ရတဲ့အမျိုးအစားတွေပါပဲ
ဒါဟာ
အမိုက်မျိုးနွယ်ဝင်တွေမို့
တိုက်စစ်ကိုအားပြုတဲ့ ကြက်တွေမို့
တစ်ပါတ်နဲ့တစ်ပါတ် တိုးပြင်ရတာ
သင်ရပြင်ရတာ အရွယ်ရောက်တာနဲ့
လွယ်ကူစွာပြင်ရလွယ်လေ့ရှိပါတယ်
ကိုယ်ကိုင်တိုက်မဲ့ကြက်တစ်ကောင်ဟာ
လမ်း/အလိမ္မာဆန်နေခဲ့ရင်တော့
ခံစစ် ဦးစားပေး ကြက်တွေဆိုတာသတိ
ထားဖို့လိုပါတယ်
ခံစစ် ဦးစားပေးတဲ့ကြက်တွေဟာ
ပထမဦးစွာခံစစ်လုံခြုံပြီးမှ
တန်ပြန်တိုက်လေ့ရှိတတ်တဲ့သဘာဝကြောင့်
ကိုယ့်ဘက်က စိတ်ချလုံခြုံအောင်အနေအထား တစ်ခုရှိနေဖို့လိုပါတယ်
ခံစစ် ဦးစားပေးကြက်တွေမို့
ကိုယ့်ဘက်က လက်နက်တွေ ပြည့်စုံနေဖို့လိုပါတယ်
အဓိက လက်နက်တွေက
ကြက်ရိုးကြက်သက်
အောက်(ငုတ်)
လည်
အတောင် စတဲ့အရာတွေ
အရွယ်ရောက်အခါ ကောင်းနေဖို့လိုပါတယ်
အဲ့လိုအရွယ်ရောက်အခါ ကောင်းနေပြီဆိုတာနဲ့
ဖြည်းဖြည်းချင်း အလုပ်ကို တိုးတိုးသင်သင့်တယ်
အမိုက်က နှစ်ဖ သုံးဖ ချပြီးတိုက်ရတတ်ပေမဲ့
အလိမ္မာ/လမ်း
ကတော့ လေးဖ/ငါးဖအနဲ တဖြည်းဖြည်း ချင်းပြင်ပြီး တိုက်သင့်တယ်
အရိုးအသက်ယူရခြင်းက
လမ်းဆိုရင် ပေါင်တွေခံနိုင်အောင်
အလိမ္မာဆိုရင် ကြက်ရိုးချင်းယှဥ်ရိုက်နိုင်အောင်
ယှဥ်ရိုက်ပြီး ကိုကနုနေရင် ခြေရိုးတွေ သွေးခြေဥပြီး စိမ်းလာတတ်တယ်
ရိုးမြေကျလို့အရွယ်မရောက်တဲ့အလိမ္မာဟာ
ရှုံးဖို့%တော်တော်များတယ်
ဒါတွေသတိထားဖို့လိုတယ်
ကိုယ်က ခံစစ်ဦးစားပေးပြီးကစားတဲ့ကြက်ဟာ
အောက်မပါခဲ့ရင် တစ်ဖက်ကိုဘယ်လိုမှ ထိန်းနိုင်ဖို့မလွယ်ဘူး
ပေါင်တွေ ရင်တွေ အတောင်တွေ
ပြိုကျအောင် အောက်ကလေးနဲ့ ရိုက်ကာ
ပေးထါးမှ တစ်ဖက်ကို နောက်ပိုင်းမှာ
ဖြိုနိုင်ဖို့ လွယ်မယ်
ဒါတောင် အရိုးအသက် ခံသားက
ဘာကြောင့်လေးဖအနဲ ရိုက်ခိုင်းလဲဆို
ရေကြိတ်မှာ မရုန်းနိုင်ပဲ ရပ်သွားတတ်လို့ပဲ
လည်ဆိုတာကတော့ အလိမ္မာလမ်းစစ်ရင်
လည်အိုးတွေ ခံနိင်ရည်ရှိတဲ့ဖွဲ့စည်းမူ့နဲ့လာတတ်ပေမဲ့
လည်ဆံရင့်ပြီး လည်ရိုးတွေလက်သားပေးထါးသင့်တယ်
အလိမ္မာ လမ်းတွေဟာ လည်ခံရမူ့အင်မတန်နည်း ပါးတတ်ပေမဲ့
တကယ့်ပြိုင်ဘက်ကောင်းနဲ့တွေ့တဲ့အခါ
မျက်နာထက်စာရင် လည်ခံရလေ့ရှိတတ်တယ်
သူတို့ရဲ့ခွပ်လမ်းမူအရကိုက မျက်နာထက်
ရင်ဘတ် အတောင်နဲ့
လည်ကိုပဲ ခံပေးလေ့ရှိတယ်
အတောင်ဆိုတာကတော့ ခံစစ်ဦးစားပေးကြက်တွေမို့ အတောင်နုရှိနေခဲ့ရင်
အတောင်တစ်ချောင်းစပြတ်နေခဲ့ရင် နောက်ထပ်အလွယ်တကူ နောက်အတောင်တွေပါ ပြတ်စီးလွယ်တာမို့
အတောင်နု ကျွတ်တတ်ချင်းနဲ့
အတောင်ပြတ်ကို ဆက်ထားပေးဖို့တွေလိုပါတယ်
ဒါတွေ ပြည့်စုံမှ ခံစစ်ဦးစားပေးကြက်တွေကို ကိုင်တွယ်သင့်ပြီး
တိုက်စစ် /ခံစစ် ကြက်တွေကို
ဘယ်လိုပြင်ဆင်ကိုင်တွယ်သင့်တယ်
ဆိုတာ သတိမူဖို့လိုပါကြောင်း
စေတနာ ဖြင့်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Mae Sot