ViM

ViM

แชร์

A normal boy who enjoy making songs and entertain others. Contact me: [email protected]

08/01/2026

How to listen my song named "Ignoring"

ကျွန်တော်သီချင်းလုပ်ရင် သံစဉ်‌တွေက ဒီအမျိုးအစားမို့လို့ ဒါမျိုး ဒီဘောင်ထဲက လုပ်ရတာမကြိုက်ဘူး။ သီချင်းလုပ်ရင် လွတ်လွတ်လပ်လပ် ဘောင်မထားပဲ ဖန်တီးရတာကို ကြိုက်တယ်။

အရှင်းဆုံးဉပမာဆိုရင်ဗျာ Edm သီချင်းတချို့ဆိုရင် synth တွေ vocal chop ‌တွေ ပါမယ်ဗျာ ဒါပေမဲ့ classical တွေဆိုရင် synth တွေမပါဘူး vocal chop မပါဘူး‌ပေါ့ဗျာ။

အဲ့လိုမျိုး ဘောင်ထဲကလုပ်ရတာမကြိုက်ဘူး။ ခံစားချက်အတိုင်း လုပ်ရတာကို သဘောကျတယ်။ သီချင်းတစ်ပုဒ် ဖန်တီးနေတဲ့အချိန်မှာ ကိုယ်ပေးချင်တဲ့ စိတ်ခံစားချက်ကိုပဲ အာရုံစိုက်ထည့်ထားတာကိုပဲ သဘောကျတယ်။

ကျွန်တော် ပထမဆုံးလုပ်ခဲ့တဲ့ Ignoring မှာဆိုအများကြီးပါတယ်။ သီချင်းမှာ စာသားမရှိဘူး။ စာသားနောက်လိုက်ပြီး ခံစားမှာမလိုချင်လို့။ piano ကို အေးအေးလေး ထားထားပေမယ့် နောက်ပိုင်းမှာ synth အထူကြီးထည့် kick ဆိုရင် punch အရမ်းဖြစ်တဲ့ Hard style ပုံမျိုးကို တမင်သက်သက်ထည့်ထားတယ်။

မလိုက်ဖက်တာတွေ ဘောင်မဝင် တာတွေပေါ့ဗျာ။ နားထောင်ရင် ထောက်နေသလိုလို ဘယ်လိုကြီးမှန်းမသိ တစ်မျိုးကြီးဖြစ်နေသလိုလို ဖြစ်နေလိမ့်မယ်ဗျာ။ ကိုယ်တိုင်ကလည်း အဲ့လိုထောက်နေတာကို တမင်ဖြစ်အောင် လုပ်ခဲ့တာပေါ့ဗျာ။ ကျန်တဲ့ break down ကို နောက်မှသေချာလေး ပြန်ရှင်းပြမယ်။

ကျွန်တော်ပြောချင်တာက သီချင်းလုပ်ရင် ခံစားချက်အတိုင်းအကုန်ဖွင့်ချပြီး ချပြရတာကိုကြိုက်တယ်။ ကိုယ်ဖန်တီးချင်တဲ့အတိုင်းကို ဖန်တီးရတာကြိုက်တယ်ပေါ့ဗျာ။ သီချင်းလို့‌ ခေါ်တာထက် ခံစားချက်မျိုးစုံကို ဟင်းအိုးထဲထည့်ပြီး ချက်ထားတာမျိုးပေါ့ဗျာ။ ဟင်းချိုလည်းမဟုတ် ဆီပြန်မဟုတ် အသုပ်လည်းမဟုတ် ဘာမှန်းမသိတဲ့အစားအစာပေါ့ဗျာ။

Ignoring ကို ပြန်ဆက်ရအောင် အဲ့သီချင်းမှာ ခုဏပြောခဲ့သလို ထောက်နေအောင် ဘာလို့အဲ့လိုလုပ်တာလည်းဆိုရင် အဲ့လိုထောက်နေတာ ကန့်လန့်ကြီးဝင်တာကိုလိုချင်လို့ပေါ့ဗျာ။

ခံစားချက်ဓာတ်ခံ
Ignoring ကိုစလုပ်တဲ့အချိန်တုန်းက အသက်က 18 ထင်တယ်။ အဲ့သီချင်းကို မလုပ်ခင်နဲ့ လုပ်နေချိန်မှာ အခြေအနေတွေက မျိုးစုံကြိုးခုန်နေကြတာဗျာ။ ပျော်ရမလို ဝမ်းနည်းရမလို ရယ်ရမလို ငိုရမလို အချိန်ပေါ့ဗျာ။ ကိုယ်ရှာတဲ့ပြဿနာကော ကိုယ်မရှာတာတွေကော ရောနှောသောပေါနေတဲ့အချိန် ခံစားချက်တွေပြင်းထန်တဲ့အရွယ်ကလည်း ဖြစ်နေတာပေါ့ဗျာ။

Ignoring
MV ကိုခဏထားပြီး သီချင်းကိုပဲ အရင်ရှင်းပြမယ်ဗျာ။
သီချင်း‌တော်တော်များများက loop တာတွေအများကြီးပါ။ ဒါပေမဲ့ melody တစ်ခုပြီးနောက်တစ်ခု ပြောင်းတာပေါ့ဗျာ။ Ignoring ကျတော့ melody ကို loop တယ် အဲ့အပေါ်မှာ နောက်ထပ် melody တစ်ခု ထပ်တယ် အဲ့လိုနဲ့ တစ်ခုတစ်ခု ထက်ပြီး ထပ်ထားတယ်။
melody တစ်ခုကပေးတဲ့ အရသာ အပြင် တခြားမတူတဲ့အရသာကိုပါ ထပ်လိုက်တော့ ဘာကိုအာရုံစိုက်ရမလဲဆိုတာကို မသိတော့တာမျိုး ဖြစ်လာအောင်ပေါ့ဗျာ။
Ignore it.

အဲ့လိုလုပ်ထားတဲ့အပြင်ကိုမှ synth ကြီးထည့်ချလိုက်တယ်။ ထည့်လိုက်တာက supersaw ကြီး။ လုံးဝအသံပြဲတဲ့ဟာမျိုး။
နူးညံ့ ငြိမ့်ညောင်းပါတဲ့ piano အပေါ်မှာ hard style မှာသုံး တဲ့ ဖြဲပါတယ်ဆိုတဲ့ synth ကိုသုံးတယ်။
Melody အထပ်ထပ်နဲ့ ရှုပ်နေတဲ့အပေါ်ကို ထပ်ပြီး မဆိုင်တဲ့ နောက်ထပ်အရှုပ်ကြီး တစ်ခုကို တင်လိုက်တာပေါ့ဗျာ။
Ignore it.

အဲ့လိုရှုပ်နေတဲ့အထဲ hard style kick ကလည်းထပ်ရှုပ်ထားသေးတယ်။ အဲ့ kick ကိုလည်း တမင်ကို side chain လုပ်ပြီး timing out အောင် လုပ်ထားသေးတယ်ဗျာ။ ရှူပ်နေတဲ့အရာတွေကို ထပ်ရှုပ်လိုက်တာပေါ့ဗျာ။
Ignore it.


အဲ့လိုမျိုးမဆိုင်တာကြီးကို smooth ဖြစ်အောင် Blend ဖြစ်နေအောင် လုပ်တတ်သလောက် လုပ်ထားတယ်ပေါ့ဗျာ။ Ignoring ပြန်နားထောင်တိုင်း အဲ့တုန်းက ခံစားရတာကို ပြန်ခံစားရတုန်းပဲ။
Ignore it.

နောက်တစ်ချက်က သီချင်းနာမည်ကို Ignoring, လျစ်လျူရှုခြင်း လို့ပေးထားတယ်။ တစ်ကယ်တော့ အဲ့ထက်ပိုတယ်။ လျစ်လျူမရှုနိုင်ခြင်းလည်း ပါတယ်။

လျစ်လျူရှုတယ် ဆိုတဲ့အရာကြီးက မလွယ်ကူလှဘူးဟုတ်။ တစ်ခုခုဖြစ်နေတာကို သိရက်နဲ့ မသိသလိုနေတဲ့အခါ အပြစ်မကင်းတဲ့စိတ်ကဖြစ်တတ်တယ်။ တစ်ခါတလေမှာ ကိုယ် လျစ်လျူရှုလိုက်တဲ့အခါ မှားပဲမှားသလို မှန်ပဲ မှန်သလို ဘာမှန်းမသိတဲ့ ဒွိဟဖြစ်နေတဲ့ ခံစားချက်ကြီး ရတတ်တယ်။ လျစ်လျူရှုတာကိုရှင်းရင် မပြီးတော့ဘူး ပြောချင်တာနဲ့လည်း မဆိုင်တော့ဘူး ပြန်လှည့်မယ်။
Ignore it.

MV အကြောင်းနည်းနည်းပြောပြမယ်ဗျာ။ MV ရိုက်မယ်ဆိုတော့ ကျွန်တော့်ညီကို အကူအညီတောင်းတော့ ရတယ် သူကလည်း ရိုက်မယ်ဆို‌တော့ အိုကေပေါ့။ story ကိုအကြမ်းအားဖြင့် ဆိုရင် ဇာတ်ကောင်က အမျိုးမျိုး အပြောခံနေရတာတွေကြောင့် သူကြိုးစား သည်းခံပေမဲ့ သည်းမခံနိုင်တော့တဲ့အခါကျ လုံးဝဘာတွေ ဖြစ်နေဖြစ်နေ လျစ်လျူရှုပြီး လုပ်ချင်တာပဲလုပ်တော့တာမျိုးပေါ့။

လျစ်လျူရှုတာကို သရုပ်ဖော်ဖို့ "က" ခိုင်းတယ်။ MV ကို ကြည့်ကြည့်ရင် အစပိုင်း scenes တွေ၊ cut တွေက ဇာတ်လမ်းလိုလုပ်ထားတယ်။ ဒါပေမဲ့ ကပြီ ဆိုရင် နေရာစုံ ပို့လိုက်တယ်။ သူတောင်မေးသေးတယ် ဘာလို့ နေရာပေါင်းစုံက ခိုင်းတာလဲတဲ့။ ကျွန်တော် မဖြေခဲ့ပါဘူး။ နေရာပေါင်းစုံ ဘာလို့ပြောင်း ပြီး က ခိုင်းလည်းဆိုတော့ ဘာမှမဆိုင်လို့။ အဖြေက "ဘာမှမဆိုင်လို့"
Ignore it.

လမ်းဘေး က ခိုင်းတယ်။ မြောင်းစပ်မှာ က ခိုင်းတယ်။ စက်ဘီးစီးနေတာရပ်ပြီး ဆင်း က ခိုင်းတယ်။ ဧည့်ခန်းထဲ၊ ထမင်းစားခန်းထဲ နောက်ဆုံးဗျာ ရေချိုးခန်းထဲ က ခိုင်းတယ်။ အဲ့လို က ခိုင်းတဲ့အချိန် ဘေးမှာ ကြည့်နေတဲ့သူတွေ လမ်းသွားလမ်းလာကြည့်နေကြတာတွေ အများကြီးရှိတာပေါ့ဗျာ။ အဲ့လိုတွေကြည့်‌ နေတာသိတယ်။ ဒါပေမဲ့ တမင် အဲ့လိုအကြည့်ခံရတာကို လျစ်လျူရှုပြီး ကတဲ့အခါ ဖြစ်လာတဲ့ ကျွန်တော့်ညီရဲ့ expression ကမှ တကယ့် ignoring ရဲ့ အဓိပ္ပာယ်။

လမ်းပေါ်မှာကတုန်းက သူစပြီး က ရတော့ သူ မက ရဲဘူး ရှက်နေတယ်။ လျစ်လျူမရှူနိုင်ဘူး။ တစ်ချက်တစ်ချက် ရပ်သွားတယ်။ ကြာလာတဲ့တပြိုင်နက် သူ က ရဲလာတယ်၊ လုပ်ရဲလာတယ်။ အိမ်ထဲ က ခိုင်းတဲ့အချိန်ကျ သူလုပ်ရဲသွားပြီ။ ရေချိုးခန်းထဲအထိပါ သူလုပ်ရဲတော့ သူ့ကို တမင် ရေပက်ခိုင်းတယ်။ ရေပက်နေတာတောင် သူလျစ်လျူရှုနိုင်သွားတယ်။ စဉ်းစားကြည့်။
Ignore it.

အားလုံးကို အနှစ်ချုပ်ရရင်
Ignoring ကိုနားထောင်တဲ့အခါ သီချင်းရဲ့ မတူတာတွေထပ်ထားတာကြီးကို ignore လုပ်ပြီး မတူတာတွေက ပေးတဲ့သံစဉ်အတိုင်း ခံစားကြည့်။ အဲ့လိုပဲ နားထောင်ကြည့်။ ကန့်လန့်ပဲဝင်ဝင် ညင်ညင်သာသာပဲ ဝင်ဝင် အဲ့အတိုင်းက ကျွန်တော်‌ပေးချင်တဲ့ ခံစားချက်အတိုင်းပဲ။
MV ကိုလည်း နေရာပြောင်းတဲ့အခါ သူ့အမူအရာတွေကို ကြည့်ကြည့်။ ရိုးရိုးပဲ တွေးတွေး သေသေချာချာပဲ တွေးတွေး အဲ့အတိုင်းက ကျွန်တော်မြင်စေချင်တဲ့ MV ပဲ။

ကျွန်တော် ဘာကောင်မှလည်းမဟုတ်ဘူး။ ဘာမှလည်း အများကြီး မတတ်ပါဘူး။ ဒီတိုင်း သံစဉ်တွေနဲ့ ပန်းချီဆွဲရတာကို ကြိုက်တဲ့ သာမန်လူငယ်လေးပါပဲ။

ဟိုးအပေါ်ကနေ ဒီစာကြောင်းအထိဖတ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
သီချင်းဆက်လုပ်ဖို့ အားရှိအောင်ကော သီချင်းတွေအပေါ် ထင်မြင်ချက် မတူတာရှိတာတို့ ကျွန်တော့်သီချင်းတွေအပေါ် အကြံပေးချင်တာတို့ ရှိရင်လည်း comment မှာဖြစ်ဖြစ် chat box နဲ့ဖြစ်ဖြစ် စာပို့လို့ရပါတယ်။

Thank you, guys. Peace out.
It's me, ViM

26/04/2025

Yo, guys!! One of my creation's gonna out soon.

12/06/2024

Sheesh!!!! 101k now!!!!!

Thank you, Lord!

go check it out!!!
https://www.youtube.com/watch?v=74RBiT3bGpY

My YouTube - https://www.youtube.com/

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Mae Sot
63110

เวลาทำการ

จันทร์ 08:00 - 18:00
อังคาร 08:00 - 18:00
พุธ 08:00 - 18:00
พฤหัสบดี 08:00 - 18:00
ศุกร์ 08:00 - 18:00
เสาร์ 09:00 - 15:00