KO Y

KO Y

แชร์

ကိုယ်လို သူလို
သာမန် လူတယောက်ပါ😊

18/05/2026

တကွက်ထဲ ကာတွန်း
ခေတ်ကြီးကို ထင်ဟတ်စေတယ်။
😏😏😏

02/05/2026

မြ စ် ရဲ့ ဆ ည်း ဆာ ။
***************

နေ့တွေကို ဘယ်လိုကျော်ဖြတ်မလဲ ။
စိတ်တွေကို ဘယ်လို ကုစားမလဲ ။

အားနည်းချက် အားသာချက်တွေကို
ဘယ်လို ထိန်းကြောင်းမလဲ။

တဖက်ကို လှည့် ရင်
တဖက်ကို ကျောခိုင်းပေးထားရတာ နိယာမ လား ။

သွားနေရင် ကျန်ခဲ့မှာကို သတိမထားပဲ
ရှေ့ ရောက်မယ့် အရပ်ကိုပဲ
မရောက်သေးဘူးလား တွေးတတ်တာ ..
ငါ ဟာ ခရီးသွားလား ။

အချိန်တန်ရင် ပြန်လာရမှာပဲ ဆိုရအောင်
အိမ် ဆိုတာ ရှိလို့လား။

ငါ့ အတွက် အိမ်ဆိုတာ ဘာလဲ ။

ကြိုးမဲ့ ချည်တိုင် တွေ ရှိတယ် ။
လောက နိယာမတွေ ရှိတယ် ။
ကျင့်ဝတ်တွေ ရှိတယ် ။
သိက္ခာကို ရော ဘယ်နား အပ်ထားခဲ့မလဲ ။

စိတ်ကိုရော မြိုသိပ်ထားနိုင်မလား ။
ခံစားမှုဆိုတာရော တုပြိုင်နိုင်ရဲ့လား ။

လောကဓံကို မတုန်မလှုပ် ရင်ဆိုင်နိုင်တာ
မင်္ဂလာ လို့ ၃၈ ဖြာထဲ ပါတယ် ထင်တာပဲ ။

သွေးအေးလိုက်တာ နေနိုင်လိုက်တာ ဆိုတဲ့
စကားတွေက လည်း ဘာနဲ့ ကာရမှန်း မသိ ။
ဥပက္ခာတရား ကို နားမလည် ပါးမလည်
သုံးနေတဲ့ သူက ငါ ပဲလား ။

မြစ်သဘော က စီးဆင်းရင်
ကမ်းပါးတွေ ကို ထားခဲ့ရမယ် ။

သယ်ယူသွားရမှာတွေ ရှိသလို
ပို့ချထားခဲ့ရမှာတွေ ရှိတယ် ။

မြစ်ဟာ ပြန်ဆန်ပြီး စီးဆင်းခွင့် မရှိဘူး ။
မြစ်ကို သုံးစွဲနေသူတို့ကသာ ဆန်တက်ခွင့်ရှိတယ်။

ငါ ဟာ မြစ်တစ်စီးဆိုခဲ့ရင်

မြစ်မှာ အချစ်ရှိတယ် ။
မြစ်မှာ အပြစ်လည်းရှိတယ် ။

မြစ်မှာ ကြည်လင်မှုတွေ ရှိတယ်။
ဒါပေမယ့် မြစ်ကိုမွှေရင်
နောက်ကျိနေတာလည်း ဖြစ်မှာပဲ ။

မြစ်ဟာ ကိုယ့်ဟာ ကိုယ်
တည်ဆောက်ပြီး စီးဆင်းလာခဲ့တယ် ။
ပန်းတိုင် အဆုံးမှာ
ပင်လယ်ကြီးကိုပဲ ပုံအပ်လိုက်ရတယ်။

ဒါပေမယ့် မြစ်ဟာ
သူ့သဘော သူဆောင်ပြီး
တိမ်ကောသွားမှာ မဟုတ်ဘူး ။

မြစ်မှာ ခွန်အားတွေ ရှိတယ် ။
မြစ်ဟာ ပြုသမျှ နုရတဲ့ ဘဝလည်း ဖြစ်တယ်။

ဒါပေမယ့်
မရပ်သေးဘူး
မနားသေးဘူး
ပင်လယ်ဝကို
ခေါင်းတိုးဝင် ပေးဆပ်ဖို့
အစ မှ အဆုံး
လိုရာ သုံးစေခဲ့တယ်။

မြစ်တစင်း ဟာ
ရိုး ရှင်း တွေး ရင်
ရေ တောင် မပိုင်ပါဘူး ။

ကိုဝိုင်ဝိုင်ကေ
၁၈-၂-၁၃

ဇော်ဂျီဖောင့် အဟောင်းကို
ယူနီကုတ် အသစ်ပြန်တင်တာပါ။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Mae Sot