The Space
သင်ယူရာ၊ ဆွေးနွေးငြင်းခုန်ရာ လုံခြုံသောနေရာလေးတစ်ခု
🎙️ သူမတို့ရဲ့ မပြောရသေးတဲ့ ဇာတ်လမ်းများ 👩🏽👩💬
မတ်လ (၈) ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် တော်လှန်ရေးနယ်ပယ်အသီးသီးမှ အမျိုးသမီးများ၏ အသံ ကို ပိုမိုထုတ်ဖော်နိုင်စေရန်နှင့် ၎င်းတို့၏ ရုန်းကန်ရမှုများကို ကိုယ်ချင်းစာနားလည်စေရန် ဤ Podcast ကို ဖန်တီးတင်ဆက်လိုက်ရပါတယ်။
ဤ Podcast မှာ 𝐓𝐡𝐞 𝐒𝐩𝐚𝐜𝐞 မှ အမ်မလီ၊ 𝐌𝐞𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐫𝐚𝐜𝐭𝐢𝐭𝐢𝐨𝐧𝐞𝐫 ဆရာမ Delilah နဲ့ 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐅𝐌 မှ စောလားဘွယ်တို့က အဓိကဆွေးနွေးတင်ဆက်ပေးထားပြီး 𝐁𝐮𝐫𝐦𝐚 𝐏𝐨𝐝𝐜𝐚𝐬𝐭 𝐍𝐞𝐭𝐰𝐨𝐫𝐤 နဲ့ 𝐅𝐞𝐦𝐢𝐧𝐢𝐬𝐭 𝐇𝐮𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫 တို့က ပံ့ပိုးပါဝင်ပေးထားပါတယ်။
အသက် (၂၀) မှ (၃၀) ကြား တော်လှန်ရေးအင်အားစုအတွင်းရှိ အမျိုးသမီးငယ်များ ရင်ဆိုင်နေရသည့် -
🛡️ တာဝန်ယူမှုများပြားခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ စိတ်ဖိစီးမှုများ (Double Burden)။
❤️🩹 စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုလက္ခဏာများ။
💡 အဆိုပါ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများအပေါ် ကျွမ်းကျင်သူများ၏ အကြံပြုဆွေးနွေးချက်များ။
စသည့်အကြောင်းအရာများကို ဒီ Podcast မှာ ဆွေးနွေးတင်ဆက်ထားပါတယ်။
"သူမတို့ရဲ့ စိတ်ထိခိုက်နစ်နာမှုတွေကို လူမှုအသိုင်းအဝိုင်းက ပိုမိုနားလည်နိုင်စေဖို့နဲ့ အားပေးထောက်ပံ့တဲ့ Support System တစ်ခု ဖြစ်လာစေဖို့" ဒီ Podcast လေးကို အတူတူ နားဆင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🎧🫂
04/03/2026
🛍️ MiniMax ဈေးရောင်းပွဲတော် (Vendors Call Out!)
𝗧𝗵𝗲 𝗦𝗽𝗮𝗰𝗲 ရဲ့ 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗪𝗼𝗺𝗲𝗻'𝘀 𝗗𝗮𝘆 𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻 𝗘𝘃𝗲𝗻𝘁 မှာ MiniMax Market ကို တစ်ပါတည်း ကျင်းပသွားဖို့ ရှိပါတယ်။ ဒီဈေးရောင်းပွဲတော်လေးမှာ ကိုယ့်အတွက် မလိုတော့တဲ့ ပစ္စည်းလေးတွေကို တခြားသူတစ်ယောက်ဆီ တန်ဖိုးသင့်တင့်စွာနဲ့ ရောင်းချနိုင်မှာဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ "𝗚𝗶𝘃𝗲 𝗧𝗼 𝗚𝗮𝗶𝗻"ဆိုတဲ့ ခံယူချက်အတိုင်း အချင်းချင်း ပံ့ပိုးကူညီရင်း အားလုံးအတွက် အကျိုးရှိစေမယ့် (Win-Win Situation) နေရာလေးတစ်ခု ဖြစ်လာမှာပါ။ 🌟
ဘာကြောင့် MiniMax မှာ ရောင်းသင့်တာလဲ?
✅ ကိုယ်မသုံးတော့တဲ့ ပစ္စည်းလေးတွေကို တန်ဖိုးသင့်တင့်စွာနဲ့ လိုအပ်သူအတွက်ရောင်းချပေးနိုင်ခြင်း။
✅ တစ်ဦးချင်းစီရဲ့ လက်မှုအနုပညာနဲ့ တီထွင်ဖန်တီးမှုတွေကို ပြသခွင့်ရခြင်း။
✅ အချင်းချင်း ဝန်းရံပံ့ပိုးပေးတဲ့ အသိုင်းအဝိုင်း (Support System) ထဲမှာ ပါဝင်ခွင့်ရခြင်း။
ဘာတွေ ရောင်းချနိုင်မလဲ?
🔸အသုံးအဆောင် ပစ္စည်းဟောင်း/သစ်များ (Second-hand & New)
🔸လက်မှုအနုပညာပစ္စည်းများ (Handmade Arts)
🔸အစားအစာနှင့် မုန့်အမျိုးမျိုး (Food & Snacks)
🔸အကျိုးအမြတ်မယူသည့် ရန်ပုံငွေရှာဖွေရေး ပစ္စည်းများ (Fundraising items)
ဈေးရောင်းချလိုသူများအနေဖြင့် အောက်ပါ Link ကတစ်ဆင့် ဆိုင်ခန်းနေရာအတွက် စာရင်းပေးသွင်းနိုင်ပါပြီ။ 👇
🔗 Register Here: https://forms.gle/W2kxuxpCLR1G6YdSA
လူငယ်တွေရဲ့ တက်ကြွမှု၊ အမျိုးသမီးတွေရဲ့ အချင်းချင်း ဖေးမကူညီမှုတွေ ပြည့်နှက်နေမယ့် MiniMax ညဈေးလေးမှာ ဆုံတွေ့ကြရအောင် ✨
12/12/2025
𝐑𝐞𝐬𝐮𝐥𝐭 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭: 𝟏𝟔 𝐃𝐚𝐲𝐬 𝐨𝐟 𝐀𝐜𝐭𝐢𝐯𝐢𝐬𝐦 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧
✨ ဆုရရှိသူ ကြေညာခြင်း ✨
The Space မှ ပြုလုပ်တဲ့ ယခုနှစ်၏ “အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေးအတွက် (၁၆) ရက်တာလှုပ်ရှားမှု” မှာ လူငယ်တွေရဲ့ အတွေးအမြင် နဲ့ အနုပညာဖန်တီးမှုတွေကို ပေါင်းစပ်ပါဝင်နိုင်ဖို့ အွန်လိုင်း Content Creation ပြိုင်ပွဲတစ်ခုကို နိုဝင်ဘာလ (၁၉) ရက်နေ့ မှ ဒီဇင်ဘာလ (၃) ရက်ထိ လက်ခံကျင်းပခဲ့ပါသည်။
ပါဝင်ယှဉ်ပြိုင်သူတစ်ယောက်ချင်းစီကို The Space မှလှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ ပါဝင်သူအရေအတွက် နှင့် အချိန်အကန့်သတ်ဖြစ်မှုကြောင့် People Choice Award ကို မပြုလုပ်နိုင်သည့်အပေါ် နားလည်ပေးစေလိုပါသည်။ The Space အနေဖြင့် စိစစ်ရွေးချယ်မှုများကို သေချာအချိန်ပေးလုပ်ဆောင်ခဲ့ပြီး အကြောင်းအရာခေါင်းစဉ်နှင့်သက်ဆိုင်မှု၊ ဖန်တီးမှု၊ မူရင်းအိုင်ဒီယာထင်ရှားမှု နှင့် ထိရောက်သော ကမ်းပိန်းစကားများပါဝင်မှုတို့အပေါ်တွင် အမှတ်ပေးဆုံးဖြတ်ရွေးချယ်ခဲ့ပါသည်။
ဆုရရှိသူ (၃) ဦးကို ကလောင်နာမည်နဲ့တကွ ဂုဏ်ယူစွာဖြင့်ဖော်ပြလိုက်ရပါသည်။
🥇ပထမဆု (3,000 Baht) - Diva Rangers
🥈ဒုတိယဆု (2,000 Baht) - Treasure
🥉တတိယဆု (1,000 Baht) - သောမတ်
ပြိုင်ပွဲကြေညာချက်တွင် ဖော်ပြထားသည့်အတိုင်း ဆုချီးမြှင့်ငွေများကို ပေးအပ်သွားမည်ဖြစ်ပါသည်။
ယှဉ်ပြိုင်သူများ၏ Content များကို အောက်ပါ website တွင် ဖတ်ရှုနိုင်ပြီး အားလုံးဝိုင်းဝန်းဂုဏ်ပြုပေးကြဖို့ဖိတ်ခေါ်ပါတယ်။
Content Creation Competition - Winner 1st Awardee
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ องค์กรนั้น
เว็บไซต์
ที่อยู่
Mae Sot
63110