LAURA Collection and Accessories
Laura Clothing by Thailand👗💵
10/04/2025
ရှေးက အသုံးပြုခဲ့ကြသည့် အတာအိုးထိုးနည်း
------------------
မသိကြတော့တာရယ် ၊ စျေးမှာရောင်းတာကို လွယ်လွယ်ကူကူပဲ ဝယ်ပြီး သုံးခဲ့ကြတာတွေရယ်ကြောင့် ဒီနည်းလမ်းက ပျောက်ကွယ် လုနီးပါ ဖြစ်နေပါပြီ။ ပြောရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်တောင် တစ်ချို့နှစ် အနည်းငယ်လောက်ပဲ (အရေးကြီးသည်ထင်တဲ့ နှစ်လောက်သာ) အသုံးပြုတာပါ။ 😁😁😁
ဒီနှစ်ကတော့ အားလုံးအတွက် အရေးကြီးတဲ့ နှစ်လို့ထင်တာကြောင့်မလို့ ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်တာက
အတာအိုး၊
ခရေညွန့် (ခရေလုံးဝမရနိုင်ခဲ့ရင် မာလကာကိုသုံးပါ)၊
ကံ့ကော်ညွန့် ၊မြေဇာ၊
သီဟိုဠ် (သီဟိုဠ် လုံးဝမရနိုင်ခဲ့ရင် သရက်ကိုသုံးပါ)
သပြေ (ဖြစ်နိုင်ရငိ အာစီယံ သပြေမသုံးသင့်ပါ)
ထန်း ( ထန်းလုံးဝမရနိုင်ရင် ဒန်းကို သုံးပါ)
အုန်းညွန့် (အုန်းညွန့်လုံးဝ မရနိုင်ရင် သြဇာကို သုံးပါ)
ထီး ၁လက်
၊ တံခွန်၊ ကုက္ကား၊ ကြက်လျှာ၊ ယပ် တစ်လက်စီ။( ၃လက်သုံး ချင်ပါက ဝါ စိမ်း နီ သုံးပါ)
မွှေးသောရနံရှိသောပန်း (ပန်းရှာရမလွယ်ရင် နံ့သာရေသုံးပါ)
အိမ်ထောင်ဦးစီး (အိမ်ထောင်ဦးစီးမရှိတော့ရင် ၊အိမ်မှာနေတဲ့ အသက်အကြီးဆုံးသူ အလုပ်မှာဆိုရင် ရာထူးအြကီးဆုံးသူ )သို့မဟုတ် ဗုဒ္ဓဟူး ၊ရာဟု သားမီးရဲ့ အရပ်နှင့် တိုင်းပြီး အပ်ချည် ၉ပင်ဖြတ်ထားပါ။
အဲ့အပ်ချည်ကို ထီးရိုးမှာ ပတ်ပြီးချည်ထားပါ။
အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် အညွန့်တွေရဲ့ အလယ်မှာ ထီးကို စိုက်ပြီး အတာအိုးထဲထည့်ပါ။ နံ့သာရည်ပတ်ဖြန်းပါ။
အညွန့်တွေရဲ့ဘေးကနေ တံခွန် ကုက္ကား ယပ် ကြက်လျှာများကို ဝန်းရံပြီးထည့်ပါ။
သတိထားရမည်မှာ အညွန့်များ ၊တံခွန် ၊ကုက္ကားများသည် ထီးထက် ပိုမရှည်သင့်ပါ။
ပြီးရင် အိမ်ထောင်ဦးစီး သို့မဟုတ် ဗုဒ္ဓဟူး ၊ရာဟု သားသမီး၏ ချည်သားအင်္ကျီကို ကရွတ်ခွေခွေပြီး အဲ့ အပေါ်ကနေ အတာအိုးကို တင်ပြီး အတာကြိုလို့ ရပါပြီ။
အတာအိုးကို တာဝန်ယူဆောင်ရွက်မယ့်သူက
ရှစ်ပါးသီလခံယူပြီး ၃၁ဘုံသား အပေါင်းကို မေတ္တာပို့သပေးပါ။ ( တစ်နေကုန် ရှစ်ပါးသီလထိန်းဖို့ ခက်ရင် အားလုံးပြီးတာနဲ့ ၅ပါးသီလ ပြန်ခံယူပါ ☺️)
#ဘ၀လမ်းညွှန်
#မေတ္တာဖြင့်စာပေမျှဝေသူ
09/04/2025
၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း၁ရက်နေ့ ကြာသပတေးနေ့ မှာ
အိမ်ရှိ ဘုရားကျောင်းဆောင်များ ကို တရော်ကင်မွန်း အမွေးနံသာရည်များနှင့် ဆေးကြောပါမယ်။
ရုပ်ပွားတော်များကို ရေသပ္ပာယ်မယ်။
ပန်းများဝေဆာစွာထိုးကျမယ်။ ပြီးနောက်မှာ ... ခေါင်းဆေး မင်္ဂလာ ပြု ကျပါမယ်။
ခေါင်းဆေးမင်္ဂလာပြုလုပ်ရန် နေ့နာမ်သားအလိုက် အချိန်များ....
(1) တနင်္ဂနွေသားသမီးများ
အချိန် - ညနေ ၄နာရီ ၃၀မိနစ် မှ ၆နာရီ အတွင်း
(မြောက်အရပ်ကို မျက်နှာမူရန်)
(2) တနင်္လာ သားသမီးများ
အချိန် -မနက် ၆နာရီ မှ ၇နာရီ ၃၀ မိနစ် အတွင်း
(အရှေ့မြောက်အရပ် ကိုမျက်နှာမူရန်)
(3) အင်္ဂါ သားသမီးများ
အချိန် - မနက် ၁၀နာရီ ၃၀မိနစ် မှ ၁၂နာရီ အတွင်း
(အရှေ့ အရပ်ကိုမျက်နှာမူရန်)
(4)ဗုဒ္ဓဟူးသားသမီးများ
အချိန် - ညနေ ၃နာရီ မှ ၄နာရီ ၃၀မိနစ် အတွင်း
(အရှေ့တောင်အရပ်ကိုမျက်နှာမူရန်)
(5)ကြာသပတေးသားသမီးများ
အချိန် - မနက် ၉နာရီမှ ၁၀နာရီ ၃၀မိနစ် အတွင်း
(အနောက်တောင်အရပ်ကိုမျက်နှာမူရန်)
(6)သောကြာသားသမီးများ
အချိန် - နေ့ခင်း ၁နာရီ ၃၀မိနစ် မှ ၃နာရီအတွင်း
(အနောက်မြောက်အရပ်ကို မျက်နှာမူရန်)
(7) စနေသားသမီးများ
အချိန်- မနက် ၇နာရီ ၃၀မိနစ် မှ ၉နာရီ အတွင်း
(တောင်အရပ်ကို မျက်နှာမူရန်)
(8)ရာဟုသားသမီးများ
အချိန် - ညနေ ၃နာရီ မှ ၄နာရီ ၃၀မိနစ် အတွင်း
(အနောက်အရပ်ကို မျက်နှာမူရန်)
ဖော်ပြပါ အချိန်များအတွင်း သူ့နေ့နာမ်အလိုက် ခေါင်းဆေးမင်္ဂလာပြုလုပ်ရမှာဖြစ်ပါတယ်။
(1) တရော်ကင်မွန်း
(2)ရွှေရည် ၊ ငွေရည် ၊ ပရိတ်ရည် များကို ဖလားတခုအတွင်းထည့်ပါမယ်။
(3)နေ့နာမ်သားအလိုက်မျက်နှာမူရာအရပ်ဆီကို မျက်နှာမူရပ်ပီး ခုဏက တရော် နဲ့ ရွှေရည်ငွေရည် ပရိတ်ရည် ထည့်ထားတဲ့ ဖလားကို ကိုင်ပါမယ်။
(4) သရဏံဂုဏ် ၃ပါးကို ၉ခေါက်ရွတ်ဆိုပါမယ်။
ပီးရင် အဲ့ဒီအတိုင်း ဆက်ရပ်နေပီး ဖလားထဲကရေနဲ့ ခေါင်းကနေစပီးလောင်းချလျှော်ပါမယ်။
ခေါင်းလျှော် ရေမိုးချိုးပြီးနောက် အဝတ်စားအသစ်တစုံကို သပ်သပ်ရပ်ရပ်ဝတ်မယ်။ သနပ်ခါး ၊ နံ့သာ အစရှိတဲ့ အမွေးနံ့သာလိမ်းခြယ်ပါမယ်။ မရှိရင် ရေမွှေးဆွတ်ပါ။
(4) အဲ့ဒီနောက် ဘုရားခန်းဝင်ပြီး ဘုရားဝတ်ပြုပါမယ်။
၅ပါးသီလ ခံယူပီး ပဋ္ဌာန်းပစ္စယနိဒေဿအကျယ်ကို ရွတ်ဆို ပူဇော်ပါမယ်။
ပြီးနောက်ပြုပြုသမျှကုသိုလ်တွေကို အမျှဝေပေးပါ။
နှစ်ဆန်း ၁ရက်နေ့တွင် ခေါင်းဆေးမင်္ဂလာပြုလုပ်ရခြင်း ကြောင့် လာဘ်လာဘများ ပေါများစေမယ်။
ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေပါတယ်။
ကံညံ့နေသည်များရှိက ပြေပျောက်စေပါတယ်။
ဒါကြောင့် တနှစ်မှာ တခါသာ ပြုလုပ်ခွင့်ကြုံမယ့် ရက်တရက်မှာ ခေါင်းဆေးမင်္ဂလာ ပြုလုပ်ကျစေလိုပါတယ်။
ယခုရွေးပေးထားသော အချိန်များသည် နေ့နာမ်သားအလိုက် အဲ့ဒီနေ့တွင် နဝင်းပေါ်သော အကောင်းဆုံးအချိန်များဖြစ်ပါတယ်။
ရိုးရိုး သာမာန်ခေါင်းဆေး မင်္ဂလာပြုခြင်းထက် ပိုမို အစွမ်းထက်စေပါတယ်။
*** အရွက် အခက်များထည့်မလုပ်ပါရန် သတိပေးပါရစေ။
အရွက်အခက် တွင် တနင်္ဂနွေသားခြင်း တောင် မတူပါဘူး အကြွင်း ၇ခု အရ ကွဲပြားပါသေးတယ် ။
တနင်္ဂနွေသား ခြင်းတူတူကိုမှ ကိုယ်မနင်းသင့်သော အရွက်အခက် မဆောင်သင့်သောအရွက်အခက်ကို ဆောင်ပီး ခေါင်းဆေးမင်္ဂလာပြုလုပ်မည်ဆိုပါလျှင် အန္တရာယ်များပါတယ်။
ယေဘုယျဆန်သော အရွက်အခက်များ ကို ထည့်ပီး မလုပ်ပါရန် သတိပေးပါရစေ။
ပိုင် ဆုလာဘ်ပန်
คลิกที่นี่เพื่อเป็นสมาชิก?
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Maesot
Mae Sot