Myanmar Lethwei Collection

Myanmar Lethwei Collection

แชร์

Myanmar Lethwei means Myanmar Traditional Kick Boxing. We will share all old and news fights of Myanmar Lethwei. So, name is Myanmar Lethwei Collections.

13/04/2026

Happy Thingyan to you all.
Happy new year to you all.
ပျော်ရွှင်ဖွယ် နှစ်သစ် ဖြစ်ပါစေ။

MLC

Photos from Myanmar Lethwei Collection's post 10/04/2026

ဆလိုင်းထန်းခီးရှိန်ဟာ ပြိုင်ဘက်ဖြစ်သူ ချွတ်ဒီ(ထိုင်း) ကို အမှတ်နဲ့ ရှုံးသွားပါပြီ။ ပထမအချီ သိပ်မကွာ။ ဒုတိယအချီ တစ်ယောက်တစ်လှဲ့ အမှတ်စဉ် ရေစေတယ်။ ဆလိုင်း တစ်ချက် ဒူးတိုက်ချက်မိသွားတယ်။ တတိယအချီ မဖြတ်နိုင်ခဲ့ကြဘူး။

08/04/2026

ဂျိုရှုဝါဗန် ဟာ “5 weeks !!!!” လို့ ရေးပြီး သူ့ဗလ ထုတ်ပြနေဟန် ရုပ်သံပို့စ်တစ်ခုကို တင်လိုက်ပါတယ်။ ဒါဟာ ဖိုက်တာတွေရဲ့ ထုံးစံအတိုင်း ပရိတ်သတ်တွေကို ကိုယ်ဘာလုပ်နေသလဲ ဆိုတာ ထုတ်ဖေါ်ပြတာပါ။ မှန်ရှေ့မှာ ဗလထုတ်ပြပြီး iPhone 17 Pro Max နဲ့ ကိုယ်ဖာသာကို ပြန်ရိုက်ထားတဲ့ ၆ စက္ကန့်စာ ရုပ်သံဖိုင်လေး ဖြစ်ပါတယ်။ ပထမက သူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းပြီဖြစ်ကြောင်း လေ့ကျင့်နေတဲ့ အကြောင်းအရာတွေ တက်ခဲ့ပါသေးတယ်။ အခုကတော့ လာမယ့် ငါးပတ် အကြာ မေလ ၉ ရက်နေ့မှာ ထိုးမယ့် UFC328 ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် အသင့်ဖြစ်နေပြီးလို့ ကိုယ်ထင်ပြတဲ့သဘော ဖြစ်ပါလိမ့်မယ်။ ပထမအကြိမ်ရွေ့ထားတော့ ဒီတစ်ခါ သေချာပြီး ဆိုတဲ့သဘောပါ။

07/04/2026

ရိုးရာလက်ဝှေ့ဝါသနာအိုးတွေဆိုရင် သူ့ကို သိပါတယ်။ အတိအကျမသိတောင် နာမည်ကို ပြောလိုက်ရင် သိပါတယ်။

တွံတေးလက်ဝှေ့မျိုးဆက်ဖြစ်ပြီး ဦးလေးတွေကလည်း လက်ဝှေ့သမားတွေ၊ အစ်ကို ဖြစ်သူ ရဲမြတ်အောင် ကလည်း တတိယတန်းဒဂုံရွှေအောင်လံဆုရှင်၊ ညီ အငယ် ရဲရင့်အောင်ကလည်း လက်ရှိ One နဲ့ အခြား မွေထိုင်းပွဲတွေမှာ ထိုးနေဆဲ။

ဒီလောက်ဆို သူဘယ်သူ ဆိုတာ တော်တော်များများ သိကြပြီ။ ကိုယ်တိုင်က ၂၀၁၅ ခုနှစ် ၅၄ ကီလိုတန်း ရွှေခါးပတ် ချန်ပီယံ စောဖြိုးဝေ (ခ) မျိုးမြတ်အောင် ထိုင်းမှာ နည်းပြလုပ်နေပါတယ်။

သူနည်းပြပေးနေတဲ့ ဂျင်ကတော့ T-1 Fight Academy ဖြစ်ပါတယ်။ နေရာကတော့ The Mall Bang Kapi အနီး (MRT အဝါလိုင်း Bang Kapi ) ဘန်ကောက်မြို့ ဖြစ်ပါတယ်။
လိပ်စာလင့် - https://maps.app.goo.gl/d5ER3cMKCwWRkj2S8

မွေထိုင်းပြိုင်ပွဲတွေရောက်အောင် ပရော်ဖက်ရှင်နယ် လေ့ကျင့်လိုတာပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက် ဆော့ချင်တာပဲဖြစ်ဖြစ် ဘန်ကောက်ရောက် မြန်မာတွေအတွက် မြန်မာနည်းပြနဲ့ လေ့ကျင့်ချင်ရင် T-1 Fight Academy မှာ ကို ဆက်သွယ်နိုင်ပါတယ်။ အသေးစိတ်သိချင်းရင် စောဖြိုးဝေ Myo Myat Aung messenger မှာ သွားရောက် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

စကားမစပ် အောက်ဖေါ်ပြပါ ပုံထဲက စောဖြိုးဝေ ခေါ် မျိုးမြတ်အောင် က ဘယ်သူလဲဆိုတာ ပြောပေးခဲ့ပါ။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


No . 537/17 , Soi 1 Mu Ban Maruai, Moo/10, Maepa Maesot
Mae Sot

เวลาทำการ

จันทร์ 09:30 - 17:30
อังคาร 09:30 - 17:30
พุธ 09:30 - 17:30
พฤหัสบดี 09:30 - 17:30
ศุกร์ 09:30 - 17:30
เสาร์ 09:30 - 17:30