Beyond the Goal - Creative Hub
Are you looking for a unique English Language Academy? Join us for a fun English language ride.
02/08/2023
Never raise your kids to respect you based on fear.
14/12/2020
တစ်စတစ်စ တိုးတက်ပြောင်းလဲလာတယ့် ၂၁ ရာစုမှာ လူသားတိုင်းဟာဖြင့် မိမိတို့၏ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားမှုကို လိုလားကြပါတယ်ရှင် ။
သင်ဟာလည်း တိုးတက်မှုကို လိုလားတောင့်တနေ
တယ့် သူတစ်ဦးရယ်လို့ ကိုယ့်ကိုယ်ကို ခံယူပြီးယုံကြည်ပါသလား? 💭
အရှိန်အဟုန်ဖြင့်ပြောင်းလဲတိုးတက်လာတယ့် ခေတ်ကြီးထဲမှာ ရှင်သန်နေထိုင်ရင်း ၊ မိမိတို့၏ လူနေမှုဘဝအဆင့်အတန်းများ တိုးတက်အောင် နေ့စဉ်နှင့်အမျှ သင်ယူလေ့လာမှုများ ပြုလုပ်ခြင်းဖြင့် စဉ်ဆက်မပြတ် တိုးတက်စေရန် သင်ယူလေ့လာနေကြရပါတယ် 🧠
အသစ်အသစ်ဖြစ်သော ပညာရပ်များနှင့် နည်းပညာ တိုးတက်ပြောင်းလဲမှုများကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာရင်း သင်၏ English Skills ကို တစ်ပြိုင်နက်တည်း တိုးတက်စေလိုပါသလား? ✨
ကမ္ဘာသုံးဘာသာစကားကို Native Level လူငယ်ဆရာ/ဆရာမနဲ့ အတူတူ တိတ်ဆိတ်ငြိမ်သက်တယ့် ပတ်ဝန်းကျင်လေးမှာ စိတ်အေးချမ်းသာစွာ သင်ယူလေ့လာရင်း English Language ကို Native Level အထိ မြှင့်တင်ချင်တယ့် သင့်ရဲ့စိတ်ကူးအိမ်မက်တွေကို 'Beyond the Goal' နှင့်အတူ အကောင်အထည်ဖော်ကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင် ။ 📜
ကမ္ဘာ့လူဦးရေ၏ ၁.၇၅ ဘီလီယံလောက်ဟာ English ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုရင်း ကမ္ဘာနှင့်တစ်ဝှမ်း ချိတ်ဆက် အလုပ်လုပ်ကိုင်လျက်ရှိပြီး ၊ ၉၄% သော Company များဟာ English ဘာသာစကားကို တိကျကျွမ်းကျင်စွာ အသုံးပြုနိုင်တယ့် ဝန်ထမ်းတွေကြောင့် ပြိုင်ဆိုင်နိုင်စွမ်း ပိုမိုတိုးတက်လာပြီးလျှင် ကမ္ဘာနှင့်တစ်ဝှမ်း လုပ်ငန်းတွေ ချဲ့ထွင်လုပ်ကိုင်နိုင်လာပါတယ် ။ 🤝
သုတေသနများ၏ လေ့လာတွေ့ရှိချက်များအရ English ဘာသာစကား ကျွမ်းကျင်သော လူဦးရေနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် တိုက်ရိုက် ဆက်နွယ်လျက်ရှိကြောင်း သိရှိရပါသည် ၊ English ဘာသာစကား ကျွမ်းကျင်သော လူဦးရေများပြားသော နိုင်ငံများတွင် စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများဖြစ်သော GNI (Gross National Income) နှင့် GDP (Gross Domestic Product) တို့သည်လည်းတိုးတက်လာပါကြောင်း သိရှိရပါတယ် ။ 💯
EF ၏ EPI - English ဘာသာစကား ကျွမ်းကျင်မှုစစ်တမ်း (၂၀၁၉) ခုနှစ် ထုတ်ပြန်ချက်အရ အာရှနိုင်ငံပေါင်း (၂၅) နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် (၁၉) တွင် ရှိနေပြီး ၊ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) စာရင်းတွင် အဆင့် (၈၆) သို့ရောက်ရှိနေပါသည် ၊ နိုင်ငံတော်ဟူသော စကားရပ်သည် နိုင်ငံသားအားလုံးနှင့် တိုက်ရိုက်သက်ဆိုင်သော စကားလုံးဖြစ်ပြီး ၊ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော မြန်မာဆိုသည်မှာ မြန်မာနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ် ။ 🇲🇲
သင်ဟာ ကမ္ဘာသုံးဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်ကျွမ်းလိုသော ဆန္ဒပြင်းပြနေသည်ဆိုပါက ၊ ကျွန်ုပ်တို့၏ 'Beyond the Goal' မှ သင်၏ပြင်းပြစွာ တောင့်တလျှက်ရှိသော ဆန္ဒပြည့်ဝသည်ထက် သာလွန်၍ 'ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော မြန်မာ'ဟူသော သင့်ရဲ့အိပ်မက်များဆီသို့ အရောက်လှမ်းနိုင်စေရန် ၂၁ ရာစု၏ နောက်ဆုံးပေါ် သင်ကြားရေးနည်းလမ်းများအား ပေါင်းစပ်၍ ပညာရပ်များအား ထိရောက်စွာ ဖြန့်ဖြူးပေးနိုင်ပြီး အကူအညီပေးနိုင်ပါကြောင်းနှင့် သင်တို့နှင့်အတူ အပြန်အလှန် သင်ယူလေ့လာရင်းဖြင့် ကျွန်ုပ်တို့ လူငယ်များ၏ တူညီသော ရင်ခုန်သံများအား ထပ်တူကျစေရန် ယုံကြည်ပါကြောင်း သတင်းကောင်းပါးရင်းဖြင့် ထပ်ဆင့်ဖိတ်ခေါ်အပ်ပါတယ်ရှင့် ။ 😍
BTG တွင် ကမ္ဘာကျော် တက္ကသိုလ်များဖြစ်သော Harvard, Oxford နှင့် Cambridge တို့မှ သင်ကြားမှုဆိုင်ရာ အထောက်အကူပြု အရင်းအမြစ်များနှင့်တကွ အခြားသော သုတေသနဆိုင်ရာ စာတမ်းများအား အသုံးပြုသင်ကြားမည် ဖြစ်သည့်အပြင် ၊ သင်ကြားထားသော ပညာရပ်ဆိုင်ရာ အသိပညာ ၊ ဗဟုသုတများအား လက်တွေ့အသုံးချရမည့် Activities ပေါင်းများစွာအား ဆည်းပူးလေ့လာသူများမှ တစ်ဦးချင်းဖြစ်စေ ၊ အဖွဲ့လိုက်ဖြစ်စေ ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်ပါတယ်ရှင် ။
လက်တစ်လောဖြစ်ပေါ်နေသော COVID-19 ကြောင့် မိဘအုပ်ထိန်းသူများနှင့် ပညာဆည်းပူးလေ့လာသူများအား စိုးရိမ်ပူပန်ခြင်း မဖြစ်စေရန်အတွက် ၊ BTG မှ Online Learning နှင့် Classroom Learning အား အချိုးကျကျ ပေါင်းစပ်ကာ ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းများ၏ အကြံပေးချက်များ ၊ ထုတ်ပြန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါတယ် ။
ကျွန်ုပ်တို့နှင့်အတူတကွ ပျော်ရွှင်စွာလေ့လာသင်ယူရန် စာရင်းပေးသွင်းလိုပါက ၊ အောက်ဖော်ပြပါ Google Link တွင် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်၍ ပေးသွင်းနိုင်ပါကြောင်း ။ 👇
https://bit.ly/2IqKrhq
မှတ်ချက် ။ တစ်ကယ့်ကို ဖြစ်ချင်စိတ် ၊ လုပ်ချင်စိတ် ပြင်းပြစွာရှိမှသာလျှင် ကျွန်ုပ်တို့နဲ့ အတူသင်ယူလေ့လာစေလိုပါတယ် ။
Contact: 📱 +959 4305 6305
Registration for Beyond the Goal's English Programmes 🏢 Our Executive Education Center, Beyond the Goal, is offering the following Intensive English Programmes (IEP-2020). 1. Basic Intensive English Programme 2. Independent Intensive English Programme 3. Proficient Intensive English Programme 💡 All the programmes will be taught through the Englis...
27/06/2018
သင့်ရဲ့ တီထွင်နိုင်မှုစွမ်းရည်တွေကို ဘယ်လိုမြှင့်တင်ကြမလဲ?
___________________________________________
သိပ်မကြာသေးခင် Strategy First က Advertising အတန်းမှာကျွန်မ Radio Creativity and Radio Ad Production အကြောင်း သင်တဲ့နေ့တုန်းက ကျွန်မရဲ့သင်ခန်းစာတွေကို “တီထွင်ဆန်းသစ်စွာ စဉ်းစားနိုင်စွမ်း ဆောက်တည်နည်း” ဆိုတာနဲ့အဆုံးသတ်ခဲ့တယ်။ ကျောင်းသား/သူ တွေထဲကတစ်ယောက်က အဲ့ဒီအကြောင်းအရာကို အခြားလူတွေပါလေ့လာနိုင်အောင် တင်ပေးပါလားဆိုပြီး တောင်းဆိုလာပါတယ်…
အဲ့ဒီအတွက်ကျွန်မတင်ပေးလိုက်တယ်နော်! အောက်မှာဖတ်ကြည့်ပါ!
Tip 1 : အရာဝတ္ထုတွေ အကြောင်းအရာတွေကို ကွဲပြားစွာမြင်ကြည့်ပါ (Seeing Things Different)
တစ်ခုခုကို မတူညီတဲ့ရှုထောင့်ကနေ မြင်ကြည့်ပါ။ တစ်ချို့အရာတွေက 2D ဖြစ်နေလိမ့်မယ်… အဲ့ဒါကို 3D ပုံစံမျိုးနဲ့မြင်ကြည့်ပေါ့။ လွယ်ကူတဲ့ဥပမာပေးရမယ်ဆိုရင်တော့ ဘောပင်တစ်ချောင်းဆိုပါစို့။ ဘောပင်ဆိုတာကတော့ ဘောပင်ပါပဲ။ ဘောပင်ဆိုတာက စာရေးဖို့၊ လက်မှတ်ထိုးဖို့၊ စာလေ့လာတဲ့အခါမှာလိုက်မှတ်ဖို့ (မှတ်ပြီးရင်တော့အကုန်မေ့သွားကြရောလေ) ပြီးတော့တခြားသုံးစရာနေရာတွေအများကြီးပဲလေ။ ဒီဘောပင်ကို မတူညီဘဲ ကွဲပြားအော မြင်ကြည့်ပါဆိုတာကတော့ ဘောပင်ဆိုတာ စစ်ပွဲတစ်ခုကို ရပ်ပစ်လိုက်နိုင်တဲ့ လက်နက်တစ်ခုလို့မြင်ကြည့်ခိုင်းတာပါ။ ဘာလို့လဲဆိုတော့ နှစ်နိုင်ငံလုံးစစ်ပြေငြိမ်းကြောင်း သဘောတူလက်မှတ်ထိုးဖို့ ဘောပင်လိုတယ်လေ။ ဘောပင်ဆိုတာက ဆင်းရဲမွဲတေမှုကနေလွတ်မြောက်အောင် လုပ်နိုင်တဲ့ လက်နက်တစ်ခုလည်းဖြစ်တယ်။ ပညာရေးကနေပေါ့။ တွေ့လား… ကျွန်မပြောပြနေတဲ့ ဥပမာတွေက သင့်ကို ဘောပင်ဆိုတဲ့အရာကို မတူညီတဲ့ အခြေအနေ၊ အနေအထားတွေကနေ မြင်စေတယ်လေ။ မတူညီတဲ့ရှုထောင့်ကနေပေါ့။
Tip 2 : အိုင်ဒီယာ မြောက်များစွာထုတ်ပါ (Generating Multiple Things)
အကောင်းဆုံးဆိုတဲ့ အိုင်ဒီယာတွေဆိုတာတွေဟာ အူကြောင်ကြောင်နိုင်လွန်းတဲ့ အိုင်ဒီယာ ၂-၃ ခုကိုပေါင်းထားတဲ့ဟာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ အဲ့ဒါကြောင့် creative teams လို့ခေါ်တဲ့ တီထွင်ဆန်းသစ်မှုပိုင်းကိုတာဝန်ယူထားတဲ့ အဖွဲ့တွေဟာ brainstorming session ဖြစ်တဲ့ အိုင်ဒီယာထုတ်တဲ့ အချိန်တစ်ချိန်သတ်မှတ်ကြပါတယ်။ အဖွဲ့ထဲကလူတွေ တစ်ယောက်မကျန် အိုင်ဒီယာတွေထုတ်ကြတယ်။ အဲ့ထဲကလူတစ်ယောက်ရဲ့ ရူးကြောင်ကြောင်နိုင်တဲ့အိုင်ဒီယာတစ်ခုက သင့်ကိုအရမ်းကောင်းတဲ့အိုင်ဒီယာတစ်ခုကို စဉ်းစားမိသွားအောင် လုပ်နိုင်တယ်လေ။ အဲ့တော့ ကြားလိုက်ရတဲ့အခါ ဘယ်လောက်ပဲ စုတ်ပဲ့ ရူးကြောင်ကြောင်နိုင်တဲ့ အိုင်ဒီယာတွေဖြစ်ပါစေ အိုင်ဒီယာတွေကို list အနေနဲ့ ချရေးပြီး ဆက်လက်ထုတ်နေပါ။ အဲ့လိုတွေလုပ်နေတဲ့အချိန်မှာ အရမ်းအတ္တကြီးပြီး “ ဒီအိုင်ဒီယာက ငါထုတ်ထားတာကွ! ငါ့အိုင်ဒီယာ” ဆိုပြီး အရမ်းအတ္တမကြီးပါနဲ့။ မမေ့ပါနဲ့ ဒါဟာ အိုင်ဒီယာပဲရှိပါသေးတယ်။ အရမ်းဂုဏ်ယူဝင့်ကြွားဖြစ်မနေပါနဲ့။
Tip 3 : စည်းကမ်းတွေကိုချိုးဖောက်ခြင်း (Breaking the Rules)
ဒါကတော့ ကျွန်မအကြိုက်ဆုံးပါ။ ကျွန်မကိုယ်ပိုင်အမြင်ကတော့ creative ဖြစ်တဲ့လူတွေဟာ “ပုံမှန်” ဆိုတဲ့အရာကို စိန်ခေါ်တတ်ကြတယ်လို့မြင်ပါတယ်။ ရှိမြဲအတိုင်းရှိနေတဲ့အရာတွေကို စိန်ခေါ်ကြတယ်။ သူတို့က ဘောပင်ကဘောပင်ပဲ ဆိုတာကို လက်မခံကြဘူး။ ကျွန်မကတော့ ဥပဒေနဲ့ ဒုစရိုက်အလုပ်တွေကို မလုပ်သရွေ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာဟာ ကျွန်မအတွက် ok ပါတယ်။ ကျွန်မကို “ ဟေး… အရမ်းကိုကောင်းတဲ့ စာတစ်ပုဒ်ရေးတဲ့အခါမှာ ခေါင်းစဉ်တွေကို အမြဲတမ်း တိုတိုတုတ်တုတ် ရေးဖို့လည်းလိုတယ်” လို့ လူတွေလာလာပြောရင် ကျွန်မသိပ်လက်မခံချင်ဘူး။ ဘာလို့များ ဒီလိုပြောတာပါလိမ့်နော်? ဖန်တီးနိုင်စွမ်းအား မြင့်မားတဲ့လူတွေဟာ များသောအားဖြင့် သူတို့ရဲ့သဘာဝကိုကလည်း စပ်စုတတ်ကြသေးတယ်။ သူတို့တွေဟာ စာများများဖတ်ကြတယ်၊ စိတ်ကူးအိပ်မက်တွေအများကြီး မက်တတ်ကြတယ်၊ အများကြီး စိတ်ကူးတွေးခေါ်တတ်ကြတယ်။ ဒီလိုမျိုး စာများများဖတ်တာနဲ့အမျှ စိတ်ကူးစိတ်သန်းတွေကို ပိုပိုပြီး ကျယ်ပြန့်စွာ တွေးခေါ်နိုင်လာတတ်ကြတယ်။ ပြီးတော့ တစ်ခါတစ်လေကျရင် ပုံမှန်ဆိုတဲ့အရာတွေကို စိန်ခေါ်ပြီး ဖောက်ထွက်လုပ်ရင်းနဲ့ အလုပ်မဖြစ်တာတွေလည်း ရှိတတ်ပါတယ်။ ဘယ်လိုတွေပဲ ဖြစ်နေပါစေ... ဖန်တီးနိုင်စွမ်းအားမြင့်မားတဲ့သူတွေဟာ အမှားတွေကနေ သင်ခန်းစာယူတဲ့နေရာမှာလည်း မြန်မြန်ဆန်ဆန် ရှိတတ်ကြပြန်တယ်။ ဖောက်ထွက်ပြီး စဉ်းစားတွေးခေါ်ရမှာ၊ တစ်ခုခုအသစ်အဆန်းကို စတင်စမ်းသပ်ကြည့်ရမှာတို့ကို ကြောက်လို့ များသောအားဖြင့် ကျွန်မတို့တွေဟာ ကိုယ့်ရဲ့အတွေးတွေကို ဘောင်ခတ်ထားတဲ့သေတ္တာလေးထဲထည့်ပြီးပဲ စဉ်းစားလေ့ရှိကြတယ်။
Tip 4 : စဉ်းစားထားတာတွေကို ဆက်စပ်တွေးခေါ်တတ်ခြင်း (Thinking and Linking)
အိုင်ဒီယာတွေအမြောက်အများကို list နဲ့ ချမှတ်ထားသလိုမျိုးပဲပေါ့ စဉ်းစားတွေးခေါ်မှုတွေကို ချိတ်ဆက်တွေးခေါ်တတ်ခြင်းဟာလည်း အိုင်ဒီယာတစ်ခုကို မတူညီတဲ့ရှုထောင့်တွေ ပုံစံတွေကနေ ဆက်စပ်တွေးခေါ်တတ်ခြင်းကိုဖြစ်စေပါတယ်။ အပေါ်မှာ ရေးပြခဲ့တဲ့ ဘောပင်ဥပမာလိုပဲပေါ့ - ဘောပင်တစ်ချောင်းဟာ စစ်ပွဲတစ်ပွဲကို ရပ်တန့်စေနိုင်တဲ့ လက်နက်တစ်ခုလည်း ဖြစ်သွားနိုင်တယ်ဆိုပေမယ့် တကယ်လို့ အဲဒီဘောပင်ဟာ အရည်အသွေးမကောင်းတဲ့ ဘောပင်တစ်ချောင်းဆိုရင်ရော? စစ်ပြေငြိမ်းကြောင်းသဘောတူစာချုပ်ကို လက်မှတ်ထိုးတဲ့အချိန်မှာ မင်မထွက်ခဲ့ဘူးဆိုရင် ဘယ်လိုဖြစ်သွားမှာလဲ? အဲဒီစစ်ပွဲပြန်လည်ဖြစ်ပွားမှာလား? တကယ် ပြန်လည်ဖြစ်ပွားနိုင်လား? ဒါဆို လက်ဗွေနှိပ်ပြီး သဘောတူကြောင်းလက်မှတ်ထိုးရင်ရော ဘယ်လိုလဲ? စသဖြင့်ပေါ့... သင်တို့ မြင်တယ်ဟုတ်? အိုင်ဒီယာတစ်ခုကနေ နောက်အိုင်ဒီယာတွေ တစ်ခုပြီး တစ်ခုကို ချိတ်ဆက်တွေးသွားလို့ရတယ်ဆိုတာ... (ဒီလိုမျိုး အိုင်ဒီယာတွေကို ချိတ်ဆက်စဉ်းစားပြီး ဥပမာ ပေးသွားခဲ့တဲ့ အောင်ညီဘွားကို ကျေးဇူးအထူးတင်တယ်နော်!)
Tip 5 : ကိုယ့်ပတ်ဝန်းကျင်အပေါ်ကို မျက်စိဖွင့် နားစွင့်ထားပါ။ (High Level of Awareness)
ဂူထဲမှာ မနေပါနဲ့!! ကိုယ့်ရဲ့ ပတ်ဝန်းကျင်တွေ၊ ကိုယ့်အနားမှာ ဖြစ်ပျက်နေတာတွေကို အမြဲတမ်း မျက်စိဖွင့် နားစွင့်ထားပါ။ ကျွန်မတို့နားမှာ နေ့စဉ်ဖြစ်ပျက်နေတာတွေဟာ တကယ်တော့ ကျွန်မတို့အတွက် အိုင်ဒီယာတွေပါပဲ။ ကျွန်မ အပြင်မှာ သွားလာနေတဲ့အချိန်တွေမှာ ကျွန်မနားက လူတွေ ဘယ်လိုပြုမူဆက်ဆံလေ့ရှိတယ်ဆိုတာတွေကို လိုက်လေ့လာရတာကို ကျွန်မနှစ်သက်တယ်။ ဒီအရာတွေဟာ လူတွေရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ယေဘုယျ နားလည်မှုကို ရရှိစေတယ်။ နည်းဗျူဟာတွေဆွဲတဲ့အခါမှာလည်း ဒီအချက်တွေဟာ ကျွန်မကို အတွေးအခေါ်ကောင်းတွေကို ရရှိစေတယ်။ တစ်ခါတစ်လေကျရင် ကျွန်မအံ့အားသင့်မိတယ် ဘာလို့ဆို မြန်မာလူမျိုးတွေရဲ့ အကြောင်းကို ကျွန်မရဲ့ ကျောင်းသားကျောင်းသူတွေထက် ကျွန်မကပိုပြီးတော့ နားလည်နေလို့လေ။ ဘယ်လိုတွေတောင်တုန်းပေါ့နော်???
Tip 6 : သမားရိုးကျအရာတွေကနေ ခွဲထွက်ပြီး အသစ်တစ်ခုခုကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ (Trying Something Out Of Ordinary)
ကျွန်မ copywriter ဘဝတုန်းကပေါ့ ကျွန်မရဲ့ art director မိတ်ဆွေနဲ့ ကျွန်မနဲ့ နှစ်ယောက်ကို အမျိုးသမီးဒေါက်ဖိနပ် brand တစ်ခုအတွက် ကြော်ငြာတစ်ခု ဖန်တီးပေးဖို့ ကမ်းလှမ်းခံရတယ်။ အဲဒီလိုပြောတာကို နားထောင်နေတုန်းက ကျွန်မတို့နှစ်ယောက် ဘယ်လောက်တောင် အကြပ်ရိုက်သွားလဲဆိုတာကို တွေးကြည့်ကြည့်လို့ရတယ်။ ကျွန်မက ဒေါက်ဖိနပ်ကို ဘယ်တုန်းကမှ မစီးတဲ့လူတစ်ယောက် သူကကျတော့ ယောက်ျားကြီး! ဘယ်လိုဖြစ်သွားလဲ သိလား? Client ရဲ့ ဒေါက်ဖိနပ်တွေကို ခဏလောက်ငှားပြီး ကျွန်မတို့ နေ့တစ်ဝက်နီးပါးလောက် စမ်းစီးကြည့်ကြတယ်။ ဟုတ်တယ် - သူရောပဲ။ အဲဒီကနေ ထွက်လာတဲ့ ကျွန်မတို့ရဲ့ အိုင်ဒီယာတွေကို ဘာမှများများစားစား ပြင်ဆင်စရာမလိုဘဲ client က လက်ခံခဲ့တယ်။ 🤘 🤘 🤘 အဲဒီအချိန်တုန်းက ဖေ့စ်ဘွတ်ခ် ရှိခဲ့ရင်ကောင်းမှာပဲ ကျွန်မနဲ့ ကျွန်မရဲ့ art director မိတ်ဆွေတို့ရဲ့ ဒေါက်ဖိနပ်စီးနေတဲ့ ရယ်ရပြီး ရှက်ဖို့ကောင်းတဲ့ ပုံတွေကို အမှတ်တရတင်ပြီး သိမ်းထားလို့ရတာပေါ့။ ပြီးတော့ သူက အိမ်ထောင်သည် ယောက်ျားရင့်မာကြီး
Tip 7 : ကိုယ့်ကိုကိုယ်သိခြင်း (Knowing Yourself)
နောက်ဆုံးအနေနဲ့ကတော့ ကိုယ့်ကိုကိုယ် သိရှိနားလည်သဘောပေါက်ဖို့ လိုပါတယ်။ ကိုယ့်တီထွင်နိုင်မှုစွမ်းအားတွေကို မီးညှိပေးနိုင်တဲ့အရာတွေက ဘာတွေလဲဆိုတာကို နားလည်ပါ။ ကိုယ့်ရဲ့ မျက်စိဖွင့် နားစွင့် ပတ်ဝန်းကျင်ကို အကဲခတ်လေ့လာတတ်တဲ့ level ဘယ်လောက်ရှိလဲဆိုတာ နားလည်သဘောပေါက်ပါ။ ကိုယ့်ကို ဘယ်အရာတွေက မီးညှိပေးနိုင်သလဲဆိုတာကို ကောင်းကောင်းနားလည်သဘောပေါက်ထားတဲ့အခါ အမြဲတမ်းတီထွင်ဖန်တီးနိုင်မှုစွမ်းရည်တွေ အဆက်မပြတ်ပေါ်ပေါက်နေအောင် ဘယ်လိုအရာတွေကို လုပ်ရမလဲဆိုတာကို သိလာနိုင်ပါတယ်။ ဥပမာပြောရရင် - ကျွန်မငယ်ငယ်တုန်းကဆိုရင် သိပ်ကို နည်းနည်းပဲများပါတယ်။ ကျွန်မထင်ခဲ့တာက တီထွင်ဖန်တီးမှုအားကောင်းတဲ့လူတွေဟာ နေ့တစ်နေ့ရဲ့ အချိန်ပိုင်းလောက်ကိုပဲ ဖန်တီးမှုစွမ်းရည်တွေထွက်တယ်တို့၊ ပြီးတော့ ကျွန်မက မနက်ဆိုရင် စောစောထတတ်တဲ့ သူတစ်ယောက်မဟုတ်ဘူးတို့၊ ကျွန်မရဲ့တီထွင်ဖန်တီးနိုင်မှုတွေဟာ ညဆိုအမြင့်ဆုံးပဲဖြစ်ပြီး အိုင်ဒီယာတွေဟာ တစ်ခုပြီး တစ်ခုကို အများကြီး ထွက်လေ့ရှိတယ်တို့ ဆိုပြီး ကျွန်မက ကိုယ့်ကိုကိုယ် ထင်ခဲ့တယ်။ တကယ်တော့ ဒါတွေဟာ ယုံတမ်းစကားတွေပါ။ ဒီအရာတွေဟာ တကယ်တော့ ကျွန်မရဲ့ ပဲများတဲ့ အကြောင်းပြချက်တွေပေါ့။ ကျွန်မနောက်ပိုင်းမှာ သိရှိနားလည်လာတာက နေ့တစ်နေ့ရဲ့ အချိန်ဆိုတာဟာ ကျွန်မရဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းအားကို မီးညှိပေးတဲ့အရာ မဟုတ်ပါဘူး။ တကယ်တော့ အဲဒီအချိန်မှာ ရှိနေတဲ့ ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်ငြိမ်သက်မှုကသာ ကျွန်မရဲ့ ဦးနှောက်နဲ့ တွေးခေါ်မှုစွမ်းအားတွေကို အာရုံစူးစိုက်မှုကောင်းကောင်း ရရှိဖို့ အထောက်အကူဖြစ်စေခဲ့တာပါ။ ဒါကြောင့် နေ့တစ်နေ့ရဲ့ တခြားအချိန်တွေမှာလည်း ဒီလိုဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်လေးတစ်ခုဖြစ်အောင် ကျွန်မတည်ဆောက်ပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းအားတွေကို ရအောင်လုပ်ခဲ့တယ်။ ဒီနည်းက ကျွန်မအတွက် တော်တော် အလုပ်ဖြစ်စေခဲ့တယ်။ ပြီးတော့ ကျွန်မကိုယ်ကျွန်မလည်း စည်းနဲ့ကမ်းနဲ့ လူတစ်ယောက်ဖြစ်အောင်၊ ကိုယ့်ရဲ့ အာရုံစူးစိုက်မှုတွေကို ကိုယ့်ဘာသာကိုယ် ကောင်းကောင်းပဲ့ကိုင်နိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပါ ကောင်းကောင်းနားလည်လာခဲ့တယ်။ ပြီးတော့ ကျွန်မထပ်ပြီး သဘောပေါက်လာတာတစ်ခုက တကယ်တော့ အပြင်ပတ်ဝန်းကျင် တိတ်ဆိတ်နေဖို့ဆိုတာထက် ကိုယ့်ရဲ့ စိတ်အာရုံကဘယ်လောက်ထိ ကောင်းကောင်း အာရုံစူးစိုက်မှုလုပ်နိုင်လဲဆိုတာက ပိုလိုအပ်ပါတယ်။ ဒါကြောင့် အချိန်တွေကြာလာတာနဲ့အမျှ အဲဒီ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ဆိုတာကို အပြင်မှာထက် ကျွန်မရဲ့ အတွင်းစိတ်ထဲမှာ ကိုယ့်ဘာသာကိုယ် တည်ဆောက်နိုင်ခဲ့ပြီး ကျွန်မရဲ့ ဝတ္ထုဇာတ်လမ်းတွေ လုပ်ငန်းအတွက် နည်းဗျူဟာတွေကို အချိန်မရွေး နေရာမရွေး ဖန်တီးနိုင်လာခဲ့တယ်။ ကျွန်မလမ်းပေါ်မှာ ပြေးနေရင်းနဲ့ပဲဖြစ်ဖြစ်၊ လမ်းပေါ်မှာရှိတဲ့ အပေါက်တွေ၊ မီးပွိုင့်တွေကိုကြည့်နေရင်းနဲ့ပဲဖြစ်ဖြစ် ကျွန်မခေါင်းထဲမှာ နည်းဗျူဟာတစ်ခုကို အစအဆုံးရေးနေတတ်ပါတယ်။
ဒီတော့ အပေါ်မှာ ရေးခဲ့တဲ့ tips တွေက သင်တို့ရဲ့ နေ့စဉ်လုပ်ငန်းတွေမှာ တီထွင်ဖန်တီးနိုင်မှုစွမ်းအားတွေကို တည်ဆောက်တဲ့နေရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်!
Special Thanks and Idea Credit to: Tr. Eileen Lui. ✌
25/03/2018
UK နိုင်ငံမှာ လူ သုံးယောက်လျှင် တစ်ယောက်နှုန်းနဲ့ လူဦးရေ ၁၆ သန်းလောက်ဟာ အပန်းဖြေဖို့ စာမဖတ်ကြသူတွေ နဲ့ တခါတရံလောက်သာ စာဖတ်ကြသူတွေ ဖြစ်တယ်။ စာဖတ်သူရော စာလုံးဝ မဖတ်သူတွေပါဝင်တဲ့ အရွယ်ရောက်သူ ၄၁၆၄ ယောက်ကို စစ်တမ်းကောက်ရာမှာ တစ်ပတ် မိနစ် ၂၀ ခန့် စာဖတ်သူတွေဟာ သူတို့ဘ၀ကို ကျေနပ်ပျော်ရွှင်တဲ့ အလားအလာ ၂၀ % ရှိတယ်လို့ တွေ့ရတယ်။
စာမဖတ်သူတွေဟာ စာဖတ်သူတွေထက် စိတ်ကျရောဂါ ခံစားရနိုင်ခြေ ၂၈ % ရှိတယ် ဆိုပါတယ်။ စာဖတ်သူ ၅ ယောက်မှာ တစ်ယောက်က စာဖတ်ခြင်းဟာ အထီးကျန်ခံစားရမှုမှ သက်သာစေတယ်လို့ ဆိုပါတယ်။ ဒီတွေ့ရှိချက် နှစ်ရပ်စလုံးဟာ လီဗာပူးတက္ကသိုလ်နဲ့ စာဖတ်သူများအသင်းတို့ ပူးတွဲ လုပ်ဆောင်တဲ့ လူကြီးနဲ့ ကလေးတွေကို အသံထွက် စာဖတ်ပြတဲ့ သုတေသနတွေ့ရှိချက်နဲ့ ကိုက်ညီတာကို တွေ့ရတယ်။
စာဖတ်ခြင်းဟာ အထီးကျန်မှု၊ အကြဉ်ခံရမှုလို ခံစားချက်မျိုး ခံစားရတဲ့ စိတ်ကျဝေဒနာရှင်တွေမှာ တွေ့ရတဲ့ ရောဂါလက္ခဏာတွေကို သိသိသာသာ လျော့ကျစေတယ်။ စာဖတ်ခြင်းဟာ ဘ၀နေနည်းစနစ်နဲ့ ကျယ်ပြန့်တဲ့ ဘ၀အဓိပ္ပာယ်ကို ပြန်လည် ပေါင်းစည်းပေးရုံတင်မက တစ်ချိန်က ရရှိခဲ့တဲ့ အလုပ်အကိုင်သော်လည်းကောင်း လှုပ်ရှားမှုသော်လည်းကောင်း၊ လက်ရှိပိုင်ဆိုင်တဲ့ စွမ်းရည် ဗဟုသုတကို သော်လည်းကောင်း ပြန်ပြောင်း အမှတ်ရစေတယ်။ လောကကြီးမှာ အသက်ရှင်ရတာဟာ နေရာ တစ်နေရာ၊ အဓိပ္ပာယ်တစ်ခုခု ရှိပါလား ဆိုတဲ့ အသိမျိုး ပြန်ရစေတယ်။
စိတ်ကျဝေဒနာရှင်မှ စာဖတ်ဖို့ လိုတာမဟုတ်ပါဘူး လူသားအားလုံးဟာ စာဖတ်ဖို့လိုသလို စာဖတ်ခြင်းကအကျိုးပေးပါတယ်။ စိတ်ကျဝေဒနာကနေ ပြန်သက်သာရာရခြင်းဆိုတာ ဖိနှိပ်မျိုသိပ်ပြီး မေ့ပစ်ထားတဲ့ ခံစားချက်ဟောင်းတွေကို ပြန်လည်တူးဖော် မိခြင်းသော်လည်းကောင်း ခံစားချက်အသစ်တွေကို တွေ့ရှိခြင်းနဲ့သော်လည်းကောင်း ဆက်စပ်မှုရှိပါတယ်။
ရုပ်မြင်သံကြားကြည့်ခြင်း၊ လူမှုကွန်ယက်အသုံးပြုခြင်း၊ မဂ္ဂဇင်းလို အပန်းဖြေ စာစောင်တွေဖတ်ခြင်းကထက် စာဖတ်ခြင်းကရတဲ့ စိတ်ပြေလျော့ အနားရမှုက ပိုတယ်လို့ သုတေသနစစ်တမ်းမှာ ပါဝင်တဲ့ စာဖတ်သူတွေက ဆိုပါတယ်။ ရုပ်မြင်သံကြားကြည့်ခြင်းလို အခြား တဆင့်ခံ အပန်းဖြေမှုနဲ့ မတူတာက စာဖတ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ အပန်းပြေမှုနဲ့ စပ်ဆက်နေတာပါပဲ။
လူမှုကွန်ရက်သုံးပြီး စိတ်ပြေရာပြေကြောင်းရှာတာဟာ လူတွေကို စိတ်ထွက်ပေါက် ရစေနိုင်ပြီး စိတ်အပန်းပြေစေနိုင်သလို စိတ်ခံစားမှုလည်း ပေါက်ကွဲစေနိုင်ပါတယ်။ စာဖတ်ခြင်းကြောင့် အာရုံစူးစိုက်မှုနဲ့ အခြားအပြိုင် ကမ္ဘာငယ်လေးထဲမှာ စီးမျောနေမှုက အာရုံထွေပြားခြင်း နဲ့ နေ့စဉ်ဘ၀ရဲ့ သောကတွေကို ပြေလျော့ သက်စာစေပါတယ်။ ၄၃ % သော စာဖတ်သူတွေက စာဖတ်ခြင်းဟာ ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်လို့ စစ်တမ်းမှာ ဆိုပါတယ်။
"ငါရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ ငါတစ်ယောက်တည်းမှမဟုတ် အခြားသူတွေလည်း ကြုံနေတွေ့နေရပါလား"ဆိုတာကို စာဖတ်ခြင်းက သိမြင်စေပါတယ်။ လူတွေဟာ တခါတခါ ဒီပြဿနာတွေဟာ ငါမှ ကြုံရလေခြင်း၊ အခြားလူတွေရော ဘယ်လိုများ ခံစားရသလဲဆိုတာမျိုး မကြာခဏ ခံစားဖူးကြုံဖူးကြတယ်။ အခြားသူတွေမှာလည်း ဒီလို ခံစားရ ကြုံရတာပဲလို့ သိသွားတာနဲ့ အခြားသူတွေကို ကိုယ်ချင်းစာပေးနိုင်သလို ကိုယ့်အခက်အခဲတွေ ဒုက္ခတွေကိုလည်း လက်ခံလာနိုင်တယ်။
အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ စွမ်းရည်ကို စာဖတ်ခြင်းကရတယ်လို့ ပုံမှန်စာဖတ်လေ့ရှိသူတွေက ဆိုကြတယ်။ စာဖတ်သူတွေဟာ အဆုံးအဖြတ်ချရာမှာ၊ စီစဉ်ရာမှာ၊ ဦးစားပေးသတ်မှတ်ရာမှာ ပိုလွယ်ကူတာကို တွေ့ရတယ်။ ဒါဘာကြောင့်လဲဆိုတော့ အခက်အခဲနဲ့ ပြဿနာဆိုတာ လူ့ဘ၀ရဲ့ လွှဲရှောင်မရတဲ့ သဘာဝဆိုတာကို လက်ခံထားလို့ပါပဲ။
စာဖတ်သူတွေဟာ ကိုယ့်ကိုယ်ကို လေးစားနိုင်ခြေ ၁၈% ရှိနိုင်တယ်လို့ စစ်တမ်းက ဖော်ပြတယ်။ အချိန်အတော်ကြာ စာမဖတ်ဘဲနေရာက စာပြန်ဖတ်သူတွေ သော်လည်းကောင်း အခုမှ စာစဖတ်သူတွေသော်လည်းကောင်း စာဖတ်ခြင်းကနေ အလုပ်ပြီးမြောက်မှု အတွက် ဂုဏ်ယူတဲ့ ခံစားချက်မျိုး ရစေတယ်။
ပုံမှန်စာဖတ်သူတွေဟာ စာမဖတ်သူတွေထက် မိတ်ဆွေ အသိုင်းအ၀ိုင်းနဲ့ ပိုရင်းနှီးတယ်လို့ ခံစားရတယ်။ သူတပါးနဲ့ ဆက်ဆံပြောဆိုနိုင်စွမ်းနဲ့ ဆက်ဆံပြောဆိုလိုစိတ် ပိုမိုကောင်းမွန်လာရုံမက အခြားသူတွေရဲ့ အမြင်ကို လေးစားပြီး သီးခံနိုင်စွမ်းရှိလာတယ်။ စာဖတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ်ချင်းစာစိတ်ဟာ သူတပါးရဲ့ အတွေ့အကြုံကို ၀င်ခံစားပေးတတ်သလို ကျယ်ပြန့်တဲ့ လူ့အသိုင်းအ၀ိုင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ခံစားရစေတယ်။
လူမှုရေးအရ သာမာန် စကားစမြည်ပြောခြင်းထက် စာဖတ်ခြင်းဟာ အတွေ့အကြုံကို အဓိပ္ပာယ် ပြည့်ပြည့်၀၀ ဝေမျှစရာ ကြားခံဖလှယ်ရေး ကိရိယာတစ်ခု ဖြစ်တယ်။ စာဖတ်သူတွေမှာ ပြောစရာအကြောင်းအရာ အလျှံပယ်ပေါသလောက် ကိုယ်ချင်းစာမုဒိတာပွားနိုင်စွမ်းလည်းရှိကြတယ်။ ရလာဒ်အဖြစ် အပြန်အလှန်ဆက်ဆံပြောဆိုရတာပို ကောင်းစေပြီး ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးမျိုးရစေတယ်။ စာဖတ်ခြင်းဟာ လူမှုစံတွေထက် ပိုမိုနက်ရှိုင်းတဲ့ သဘောရှိတဲ့အတွက် မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် အသိုင်းအ၀ိုင်းမှာ သာမာန်အားဖြင့် မချိတ်ဆက်မိတဲ့ လူတွေကြား မှာ ဆက်သွယ်မှုကို ထူထောင်ပေးတယ်။
စာဖတ်သူတွေဟာ စာမဖတ်သူတွေထက်လူမှုပြဿနာ နဲ့ ယဉ်ကျေးမှုကွဲပြားခြားနားမှုကို ပို သတိထားမိတယ်။ လောကအမြင်ပိုကျယ်ပြီး ဒီလောကထဲမှာ သူတို့နေရာဟာ လုံခြုံတယ်လို့ ခံစားရတယ်။တစ်ပတ် မိနစ် ၃၀ ခန့် စာဖတ်ရင်ကို လူ့မှုအသိုင်းအ၀ိုင်းထဲ အထီးကျန် ဖြစ်မှုကနေ ကင်းဝေးဖို့ အလားအလာ ၅၂ % ရှိပြီး လူမှုဆက်ဆံရေးဘ၀ကို ကျေနပ်ပျော်ရွှင်နိုင်ခြေ ၃၇% ရှိတယ်လို့ သုတေသနက တွေ့ရှိထားတယ်။
စာဖတ်ခြင်းဟာ အာရုံစူးစိုက်မှုဖြစ်စဉ်တစ်ခုသာမကဘူး အချိန်ပေးရမဲ့ သက်စောင့် လူနေမှုပုံစံတစ်ခုလည်း ဖြစ်ပါတယ်။
#သောကကင်းဖို့စာဖတ်စို့
Ideology Credit to CCZ. ✌
17/11/2017
🏨 ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်များစာရင်းတွင် အဆင့်(၃) ၌ ရပ်တည်လျက်ရှိပြီး ၊ 🇺🇸 အမေရိကန်နိုင်ငံ၏ ဒုတိယမြောက် အကောင်းဆုံး တက္ကသိုလ်
ဖြစ်သော "Harvard University" ၏ ပညာသင်ဆု အစီအစဉ်အား စိတ်ဝင်စားပါက အောက်ပါ Link တွင် ဝင်ရောက် လေ့လာနိုင်ပါတယ် ။ 🌍
Harvard University Scholarships 2018 (Fully Funded) - Global Scholarships for International Students Harvard University Scholarships 2018 (Fully Funded)4.7 (93.33%) 9 votes Harvard University is offering scholarships for undergraduate and graduate international students to help them attend Harvard. To create a more diverse community in campus, the Harvard University scholarships are being offered.....
14/11/2017
ပညာရေးဆိုသည်မှာ အဆုံးမရှိပါ ၊ မွေးဖွားသည်မှစ၍ သေဆုံး
သည့်တိုင် ဘဝတစ်လျှောက်လုံးသည် "လေ့လာသင်ယူခြင်း
လုပ်ငန်းစဉ်" တစ်ခုသာဖြစ်သည် ။
"There's no end to education . . . The whole of life,
from the moment you're born to the moment you die,
is a process of Learning."
10/11/2017
ကျွမ်းကျင်မှု ၊ စွမ်းရည်တစ်ခုအတွက်နဲ့ မလေ့ကျင့်ပါနဲ့ ၊
သင်ရဲ့ ယေဘူယျအမြင် ၊ တစ်ခုခုနဲ့ပက်သက်ပြီး တွေးခေါ်တဲ့
ပုံစံ ၊ ဆုံးဖြတ်ချက်ချတယ့် စိတ်ကို တိုးတက်အောင် လေ့ကျင့်ပါ ။
"Don't train for Skill, Train for Mindset".
18/08/2017
American သင်ကြားရေးစနစ်၏ ထိရောက်ကောင်းမွန်သော ၊
Online မှနေ၍ လွယ်ကူစွာ လေ့လာနိုင်သော ၊ Website/Page
ဖြစ်ပါသည် ။ 📲
IDA
Admin is ecstatic to see that we have over 3.6 million LIKES here on our American English at State page!
คลิกที่นี่เพื่อเป็นสมาชิก?
ติดต่อ โรงเรียนนี้
เบอร์โทรศัพท์
ที่อยู่
351/9, Moo. 3, Khok Chang Road
Phitsanulok
TAMBONARANYIK,MUEANGPHITSANULOK
เวลาทำการ
| จันทร์ | 09:00 - 21:00 |
| อังคาร | 09:00 - 21:00 |
| พุธ | 09:00 - 21:00 |
| พฤหัสบดี | 09:00 - 21:00 |
| ศุกร์ | 09:00 - 21:00 |
| เสาร์ | 09:00 - 21:00 |
| อาทิตย์ | 09:00 - 21:00 |