Myanmar Magazine

Myanmar Magazine

แชร์

မြန်မာ့ယဉ်ကျေးမှု၊ အနုပညာ This page is about MyanmarMagazine' photos, news and activities.

Photos from Myanmar Magazine's post 05/05/2026

Miss.Grand (တာချီလိတ်)အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်
================================

မေလ (၄) ရက်နေ့က The Eravati Sule Grand Hotel တွင်ပြုလုပ်ခဲ့သော Miss. Grand National Costume ပြိုင်ပွဲတွင် သာသနာဝတ်စုံဖြင့်ယှဉ်ပြိုင်ခဲ့သော Miss.Grand (တာချီလိတ်)အလှမယ်အားပြိုင်ပွဲစည်ကမ်းနှင့် မကိုက်ညီသောကြောင့် Miss.Grand Myanmar Organization မှပြိုင်ပွဲမှထုတ်ပယ်လိုက်ကြောင်းသိရှိရပါတယ်။

24/04/2026

ဂျင်းထည့်တဲ့ ခရီးသွားကုမ္ပဏီကို ကြော်ငြာပေးမိလို့ နာမည်ကြီးဆယ်လီတွေဆီကပါ တရားစွဲခံရလုနီးပါး ဖြစ်နေတဲ့ စိန်ဖြိုးနဲ့ ရီရီပွင့်ဖြူတို့ လင်မယား

မင်းသမီးနန်းခင်ဇေယျာအပါအဝင် အခြားခရီးသည်များဆီကပါ တာဝန်ယူမှုမရှိလို့ ဝေဖန်ခံနေရတဲ့ ခရီးသွားကုမ္ပဏီဟာ မင်းသမီးနန္ဒာလှိုင်ရဲ့ မောင်ဖြစ်သူ စိန်ဖြိုးတို့လင်မယားက နိုင်ငံပေါင်းများစွာ ခရီးသွားရင်း ကြော်ငြာပေးခဲ့တဲ့ ခရီးသွားကုမ္ပဏီဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ သူတို့လင်မယားကို အားကျတဲ့သူများက သူတို့လိုခရီးသွားချင်လို့ အေဂျင်စီနဲ့ချိတ်မိရာမှ အခုလို အဆင်မပြေမှုများစွာကို ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

သိန်း (၆၀)နဲ့ သွားလို့ရတယ်လို့ ကြော်ငြာခဲ့တဲ့ ခရီးက အပြင်မှာ သိန်းထောင်ချီကုန်ခဲ့တာမျိုးနဲ့ ဒါတောင် အပြီးအစီးမဟုတ်ဘဲ ခရီးသွားနေရင်းကို ထပ်တိုးတောင်းခံခဲ့ကြောင်း၊ အဖွဲ့ထဲမှာ ခရီးသည်ကျန်ခဲ့တာတောင် ကျန်ခဲ့မှန်းမသိကြကြောင်း၊ တာဝန်ယူ တာဝန်ခံမှုမရှိဘဲ ငွေပြန်မအမ်းပေးကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ကြသူများက ဆိုပါတယ်။

ယနေ့ နေ့လည် ၃နာရီဝန်းကျင်မှာပဲ စိန်ဖြိုးတို့ဘက်မှ သူတို့ဟာ ကြော်ငြာပေးခတောင် မယူဘဲ သူတို့ကိုယ်ပိုင်ငွေဖြင့်သာ ပုံမှန်ခရီးထွက်ခဲ့ကြောင်း၊ ခရီးသွားရ အဆင်ပြေမပြေကိုသာ ညွှန်းဆိုပေးခဲ့ကြောင်းနဲ့ ယခုပြသနာများကို ကြားသိရချင်းမှာပဲ ကုမ္ပဏီပိုင်ရှင်ထံ လှမ်းမေးခဲ့ကြောင်း၊ ပိုင်ရှင်မှ ထိုင်းကနေ မြန်မာကိုပြန်လာပြီး နစ်နာသူများကို ငွေပြန်အမ်းပေးဖို့ စီစဉ်နေလျက်ရှိကြောင်းကို ပြန်လည်ရှင်းလင်းလာခဲ့ပါတယ်။

ထိုသို့တင်ပြီး မိနစ်ပိုင်းအကြာမှာပဲ စိန်ဖြိုးနဲ့ ရီရီပွင့်ဖြူတို့ လူမှုကွန်ရက်ပေ့ခ်ျဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။

Photos from Myanmar Magazine's post 27/02/2026

မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ အကြောင်းကြားစာနှင့်အတူ ယနေ့မှစ၍ #အောင်ဇမ္ဗူ ဇာတ်သဘင်အား ပွဲကပြခွင့် တစ်နှစ်တိတိ ပိတ်လိုက်ပါသဖြင့်
ယနေ့ ကပြမည့် သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ်ကြိုတင်ဝယ်ယူထားသူများ ဇာတ်ရုံတွင် ယနေ့ည ၇ နာရီမှ စတင်၍ ပြန်လည်လာရောက် ထုတ်ယူနိုင်ပါပြီ

#အားလုံးကျန်းမာ ချမ်းသာကြပါစေ

29/11/2025

သိန်း(၆၀၀၀)ကျော်အကုန်ခံ ရို.က်ကူးခဲ့ပေမယ့် လာကြည့်တဲ့သူ တစ်ယောက်မှမရှိတာကြောင့် အနုပညာလောကထဲကပါ ထွက်သွားတော့မယ့် ယုန်လေး 😓

15/11/2025

🛑 Boycott Alert တစ်ခု အဖြစ် အားလုံးပါ၀င်ရန်
🛑ပြည်တွင်းနေပြည်သူများ အထူး Boycott လုပ်ရမည့်ရုပ်ရှင်ဇာတ်ကား

ရုပ်ရှင်ဇာတ်ကားတွေနဲ့ပတ်သက်ရင် Boycott ဆိုတာကို သီးသန့်တင်နေဖို့ ဒီကာလမှာ အမှန်တကယ် မလိုအပ်တော့ပါဘူး။
ကာလကြာရှည်လာတဲ့ စစ်ပွဲ အခြေအနေ တလရ အခြေအနေတွေ ကြောင့် မြို့ပြနေပြည်သူအချို့ဟာ ပျော်ရွှင်မှုနဲ့ ပျော်ပွဲ ရွှင်ပွဲ Trend နောက်ကို လိုက်ရင်း သပိတ်မှောက်ထားတဲ့ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်တွေ ပြန်ကြည့်လာကြပါတယ်။ဒါကို ဆက်လက် သတိပေးနှိူးဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ နှိုးဆော်ရခြင်းဖြစ်ပါတယ်။

ဒီလ ၁၇ ရက်နေ့မှာ အာဏာသိမ်းစစ်‌တပ်ထောက်ခံသူ ယုန်လေး အဓိက ပါ၀င် သရုပ်ဆောင်ထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကား (Level နိမ့် ပေါကား) အထူးပွဲ ပြသဖို့ရှိပါတယ်။

ဇာတ်ကားနာမည်က "မြို့ပြထဲကလမ်းမ"ဖြစ်ပါတယ်။လမ်းမက တော့ အာဏာသိမ်း စစ်တပ်က ဘတ်ဂျက်ခိုးထား‌လို့ ချိုင့်ရာ တစ်ထောင် နဲ့လမ်းမ ပဲ ဖြစ်နေမှာပါ။

ဒီပွဲမှာ လူမများမှာစိုးရိမ်တဲ့ အတွက် ပွဲ ကြိုက်သူ တွေ ကို တစ်ခြားသော ခံစားခွင့်တွေနဲ့ ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။

လာမဲ့ ၁၇ ရက်နေ့ ညနေ ၆ နာရီ သမ္မတ ရုံမှာ လုပ်မယ်လို့လည်းသိရပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာက ယုန်လေး ဖြစ်ပြီး တစ်ခြားသော သရုပ်ဆောင် တွေအနေနဲ့ တိုင်ရွန်၊ထက်ထက်ထွန်း၊ရွှန်း၊အောင်လေး၊ရာ၀ဏ္ဏ၊စစ်နိုင်၊ဘိုချမ်း၊၀င်းထွဍ်ဝင်း၊ဥက္ကာကျော်၊ဇေထူး၊ရဲမင်းနောင်၊လပြည့်၊ဘန်ဂျမင်၊မျိုးကြီး၊ကျော်၀င်း‌မောင်၊နေမင်းလေး၊ခန့်ကျော်၊ဘွားဘွား၊ကောင်းမင်းသန့်တို့ပါ၀င်ထားပြီး စတန့်အဖွဲ့ အနေနဲ့က BLACK-ZSTUNTS အဖွဲ့တို့ပါ၀င်ထားပါတယ်။ဇာတ်ကားထဲမှာ အထူးဧည့်သည်တော်များ အဖြစ် ထူးအယ်လင်းနဲ့မော်ဒယ်ရွှေစင် တို့က အားဖြည့်ထားကြောင်းလည်းသိရပါတယ်။

အာဏာသိမ်းစစ်အုပ်စု ထောက်ခံ သူ ယုန်လေး နဲ့တိုင်ရွန်၊ ဖက်ဆစ်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မဲ့ ထက်ထက်ထွန်း တို့ ဟာ တစ်သက်တာ Social Punishment လုပ်ရမဲ့သူတွေ ဖြစ်သလို ကျန်တဲ့ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ သူတွေကိုလည်း တစ်သက်တာSocial Punishment လုပ်ကြရမှာလည်းဖြစ်ပါတယ်။

ပြည်သူ အနေနဲ့ လုံး၀ ခွင့်လွတ်ပေးလို့မရတဲ့ လူအုပ်စုတွေ ဖြစ်ပြီး ပြင်းပြင်းထန်ထန် Boycott လုပ် သပိတ်မှောက်ရမဲ့ ဇာတ်ကားလဲ ဖြစ်နေပြန်ပါတယ်။

ပြည်တွင်းနေပြည်သူများ သွားရောက်ကြည့်ရှုမှာ မဟုတ်တဲ့ ဇာတ်ကားဆိုတာ သေချာ ပေမဲ့ လုံး၀ ကြည့်ရှု အားပေးမှု မရှိအောင် ရည်ရွယ်ပြီး Boycott Alert အနေ နဲ့ နှိုးဆော်ခြင်းဖြစ်ပါတယ်။ နှစ်ကာလ တစ်ချိူ့ ကြာလာတဲ့အချိန် အမှတ်သညာနည်းတဲ့ လူတစ်ချို့ ရဲ့ အပျော်မက်စိတ် ကြောင့် ဒီလို လူတွေဟာ ပြည်သူရှေ့ မျက်နှာ ပြန်ပြရဲလာတာ ဖြစ်ပါတယ်။

Boycottကောက်ရိုးမီး မလုပ်ကြပဲ သေချာဆက်လက် ပါ၀င်ကြဖို့လည်း နှိုးဆော်လိုက်ရပါတယ်။

“Fncc page”

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Samut Sakhon?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Samut Sakhon
Samut Sakhon
74000