JES Language Center

JES Language Center

แชร์

We are here to provide English language Classes to people in Myanmar & Thailand

24/06/2024

𝑫𝑶𝑵’𝑻 𝑪𝑶𝑼𝑵𝑻 𝒀𝑶𝑼𝑹 𝑪𝑯𝑰𝑪𝑲𝑬𝑵 𝑩𝑬𝑭𝑶𝑹𝑬 𝑻𝑯𝑬𝒀 𝑯𝑨𝑻𝑪𝑯

ထီပေါက်ရင် ကားဝယ်မယ်၊ ရာထူးတိုးရင် ဖုန်းအသစ်ဝယ်မယ်… ဒီလိုပြောတာမျိုးကို ကြားဖူးတယ်..ဟုတ်
အဲ့လိုပြောတဲ့ သူတွေကို English လို proverb လေးသုံးပြီး အထာကျကျတုံပြန်မယ်ဆိုရင်
“ don’t count your chicken before they hatch” လို့ သုံးလို့ရပါတယ်😇

don’t count your chicken before they hatch = don't be too confident in anticipating success or good fortune before it is certain. (proverb)

ဘယ်လိုအခြေနေမျိုးမှာသုံးလေ့ရှိလဲ?

ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘာဖြစ်မယ် သေချာမသိသေးတဲ့အချိန်မှာ ဘာလုပ်မယ်ဆိုပြီး ကြိုတင်အစီစဉ်ချထားတဲ့ သူတွေကို သတိပေးတဲ့အနေနဲ့ သုံးလေ့ရှိပါတယ်.. ဒါဆို ဥပမာလေးတွေ လေ့လာရအောင်..

She wanted to buy a dress in case someone asked her to the dance, but I told her not to count her chickens before they hatched.
သူမကဖို့ ဖိတ်ခေါ်ခံရနိုင်တဲ့အတွက် ဝတ်စုံတစ်စုံ ဝယ်ချင်ခဲ့တယ်, ဒါပေမယ့် ဘာဖြစ်မယ်သေချာမသိတဲ့အတွက် ကြိုတင်မပြင်ဆင်ဖို့ ကျွန်တော်ပြောခဲ့တယ်။

ကဲဒါဆိုရင်တော့ ဒီ proverb လေးကို ဘယ်လိုသုံးလဲ ဆိုတာနားလည်ပြီလို့ ထင်ပါတယ်နော် …
𝗝𝗘𝗦 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗖𝗲𝗻𝘁𝗲𝗿 မှ ဒီလိုမျိုး content လေးတွေကို အမြဲတမ်း sharing လုပ်ပေးသွားမှာမို့ like & follow လုပ်ထားလိုက်ပါနော်…🥰🥰

22/06/2024

𝗦𝗽𝗲𝗮𝗸𝗶𝗻𝗴 တိုးတက်ချင်ရင် မှားမှာမကြောက်ပါနဲ့!!

ဟိတ် English learners တို့ရေ…။ English စကားပြောတဲ့အခါမှာ grammar ဖြစ်စေ၊ အသံထွက်ဖြစ်စေ မှားမှာကြောက်ပြီး ပြောမထွက်ဖြစ်နေပါသလား…?😞 ဒါဆိုရင်တော့ ဒီစာလေးကို အဆုံးထိဖတ်ပေးဖို့လိုလိမ့်မယ်နော်…

English Speaking ကိုကျွမ်းကျင်စွာပြောတက်ချင်တယ်..ဟုတ်? ဒါဆိုရင်တော့ English စကားပြောလေ့ကျင့်တဲ့အခါမှာ မှားမှာမကြောက်ဖို့လိုပါလိမ့်မယ်။ “မှားမှာကြောက်လို့မပြော…. မပြောဖူးလို့ မှားမှာကြောက်” ဆိုတဲံ စက်ဝန်းထဲမှာ လည်နေမှာစိုးလို့ပါ။ Thomas Edison တောင် ကြိမ်ဖန်များစွာ အမှားတွေလုပ်ပြီးမှ လျှပ်စစ်မီးလုံးကို တီထွင်နိုင်ခဲ့တာ မဟုတ်လား...။ ဒါကြောင့်မို့ English learners တို့လည်း speaking တိုးတက်ချင်တယ်ဆိုရင် အမှားလုပ်မိမှာမကြောက်ဘဲ ပြောထွက်အောင် စဉ်ဆက်မပြတ်လေ့ကျင့်ဖို့ တိုက်တွန်းပါရစေနော်။ 🥰

--------------------

English 4 skills ကို အခြေခံကစပြီးစနစ်တကျလေ့လာချင်တယ်ဆိုရင်တော့ ကျွန်မတို့ JES language center ရဲ့ Applied English Elementary Class (july bath) ဖွင့်ပါတော့မယ်။ သင်တန်းအကြောင်း အသေးစိတ်ကို အောက်က link မှာလေ့လာလိုက်ပါ။ ⬇️

https://www.facebook.com/share/p/wJjMRNwAN6vB8upg/?mibextid=WC7FNe
.......................................................................
𝐉𝐄𝐒 𝐋𝐀𝐍𝐆𝐔𝐀𝐆𝐄 𝐂𝐄𝐍𝐓𝐄𝐑
Chat Box:
m.me/299979746536080

Photos from JES Language Center's post 22/06/2024

English Language ကို အ​ခြေခံကစပြီး စနစ်တကျ​လေ့လာလိုသူများအတွက် သတင်း​ကောင်း 📣

English စကားပြောရမှာ ကြောက်နေတုန်းပဲလား…🤔
သူငယ်ချင်းတွေကြားထဲ english skills မကောင်းလို့ အားငယ်နေပြီလား….😞 ဒါဆိုရင်တော့
JES က​နေ English ဘာသာကို အ​ခြေခံကစပြီး အ​သေးစိတ်​လေ့လာချင်သူ​တွေအတွက် ဖွင့်လှစ်တော့မယ့် Applied English for Elementary Class ​​လေးက အသင့်တော်ဆုံးဖြစ်မှာအသေချာပါပဲ 😍

ဘယ်လိုလူတွေ တက်သင့်သလဲ

👉ဆယ်တန်းပြီးကာစ အင်္ဂလိပ်ဘာသာစကားကို စိတ်၀င်စားပြီး အ​ခြေခံကစ ​သေချာလေ့လာချင်သူ​တွေ၊

👉Grammar ပိုင်းဆိုင်ရာ စနစ်တကျ ​လေ့လာချင်သူ​တွေ၊

👉နားလည်​ပေမယ့် မ​ပြောရဲတဲ့သူ​တွေ၊ စာလုံး​ပေါင်း အသံထွက်မှားမှာ စိုးရိမ်​နေသူ​တွေ၊

👉 နိုင်ငံရပ်ခြားမှာ ပညာသင်ထွက်ဖို့ကြိုးစား​နေသူ​တွေ တက်ကိုတက်သင့်တဲ့ အတန်း​လေးပါ။

Elementary Class ​တွေအများကြီးကမှ ဘာလို့ JES ကို​ရွေးချယ်သင့်လဲ 💜

👉နိုင်ငံတကာအသိအမှတ်ပြု Speakout သင်ရိုးက​နေ ​ထုတ်နှုတ်ထားတာဖြစ်ပြီး သင်ရိုးစာ​တွေသာမက လက်​တွေ့ Activities ​တွေနဲ့ပါ ​ပေါင်းစပ်သင်ကြား​ပေးမှာဖြစ်လို့ တခါတည်း Practice လုပ်ပြီးသားဖြစ်​စေမယ်။

👉စာသင်နှစ်သက်တမ်း ၃နှစ်​အထက်ရှိပြီးသား ဆရာမမှ သင်​ပေးမည်ဖြစ်ပြီး သင်ခန်းစာတိုင်းကို စာအုပ်ကြီးအတိုင်းမသင်ပဲ စိတ်ဝင်တစား အာရုံစိုက်လေ့လာလို့ရအောင်လဲ စီစဥ်ပေးထားပါတယ်။

👉Grammar ​တွေနဲ့ Vocab ​​တွေအ​ပေါ် အ​ခြေခံပြီး စကား​ပြောဆက်ဆံပုံ​တွေကိုပါ စာ​တွေ့လက်​တွေ့သင်ကြား​ပေးမှာဖြစ်လို့ Speaking Skill ကို တိုးတက်​စေမှာပါ။

👉Zoom Online Class ဖြစ်တဲ့အတွက် Live Session ကိုဆရာနဲ့တိုက်ရိုက်သင်ယူရမှာဖြစ်ပြီး အတန်းပျက်ကွက်ခဲ့ပါကလဲ သင်တန်း Group Chat တွေမှာ Video Record စီစဥ်ပေးထားပါတယ်။

📑Student-based teaching style ဖြစ်တာကြောင့် စာသင်ချိန်အများစုမှာ သင်တန်းသားတွေကိုယ်တိုင် participate လုပ်ရတဲ့ activities တွေနဲ့ပျော်ပျော်ကြီး လေ့လာရမှာပါနော်

သင်တန်းပြီးရင် ဘာတွေတက်သွားမလဲ?😍

✔ English elementary level 4 skills လုံးကို နားလည်ပြီး စနစ်တကျအသုံးချတက်လာမယ်

✔English speaking ကို မကြောက်တော့ဘဲနဲ့ ပြောထွက်လာမယ်

✔Elementary level နဲ့ကိုက်ညီတဲ့ vocabularies တွေကို လေ့လာပြီးသားဖြစ်သွားမယ်

✔Foundation ကောင်းကောင်း အခြေခံပိုင်နိုင်ပြီး Fluent Speaker ဖြစ်ဖို့ ခြေလှမ်းနီးစပ်လာမှာဖြစ်ပါတယ်

အတန်းမှန်မှန်တတ်ရုံနဲ့လဲ မပြီးသေးဘူးနော် ✋

ဆရာတွေက သင်တန်းပြီးတာနဲ့ စာမေးပွဲစစ်မှာဖြစ်ပြီး အတန်းထဲ အမှတ်အများဆုံးရရှိတဲ့ သင်တန်းသား/သူနဲ့ စာမေးပွဲအောင်တဲ့ သင်တန်းသား/သူ များကို Certificate နဲ့ ဂုဏ်ပြုလက်ဆောင် များပေးအပ်သွားမှာဖြစ်ပါတယ် 👏

သင်တန်းအ​ချိန်နဲ့ သင်တန်းကြေးကတော့

Applied English for Elementary Class 🔘

FEES - 990 baht (or)115000 mmk
Duration - 28 hours
Course Book - Speakout
Start Date - 13.7.2024
Day & Time - Weekends (SAT & SUN)/ 7 pm to 9 pm (MMT)

သင်တန်းသားဦးရေ ကန့်သတ်ထားပြီး အမြန်ဆုံးစာရင်းပေးသွင်းပြီး သင်တန်း အပ်နှံလို့ရပါပြီနော်

သင်တန်းအကြောင်း အသေးစိတ်မေးမြန်းလိုပါက
.......................................................................
𝐉𝐄𝐒 𝐋𝐀𝐍𝐆𝐔𝐀𝐆𝐄 𝐂𝐄𝐍𝐓𝐄𝐑
Chat Box:
m.me/299979746536080

18/06/2024

"Talent without working hard is 𝗡𝗢𝗧𝗛𝗜𝗡𝗚" Cristiano Ronaldo

13/06/2024

𝗔 𝗗𝗥𝗢𝗣 𝗜𝗡 𝗧𝗛𝗘 𝗢𝗖𝗘𝗔𝗡

a drop in the ocean - ‌a very small amount that does not make an important difference or have much effect.

ဒီတစ်ခါ အလှည့်ကျတဲ့ idiom လေးကတော့ "a drop in the ocean" လို့ခေါ်ပြီး မြန်မာလို "မဖြစ်စလောက်လေးပါ"၊ "မပြောပ လောက်ပါဘူး" လို့ ပြောလို့ရပါတယ်။ ဒါဆိုရင် ဘယ်လို အခြေနေမျိုးမှာ သုံးလို့ရလဲဆိုတာကို ဆက်လက်လေ့လာလိုက်ရအောင်နော်။ 😇

eg:
my letter of complain was just a drop in the ocean.
ကျွန်တော့်၏တိုင်ကြားစာသည် အကျိုးသက်ရောက်မှု့ တစ်စိုးတစ်စမဖြစ်ခဲ့ပါ။😞

Our 20 dollar donation for this campaign is just a drop in the ocean.
ဒီ စည်းရုံးရေးပွဲစဉ် အတွက် ကျွန်တောတို့ရဲ့ ‌‌ဒေါ်လာ ၂၀ ‌အလှူသည် အနည်းငယ်မျှသာဖြစ်သည်။

ကဲ ဒါဆိုရင်တော့ "a drop in the ocean" ဆိုတဲ့ အသုံးနှုန်းလေး ကို နားလည်သွားပြီလို့ထင်ပါတယ်😊။ 𝗝𝗘𝗦 𝗹𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗖𝗲𝗻𝘁𝗲𝗿 မှ English လေ့လာသူတွေအတွက် ဒီလိုအကျိုးရှိတဲ့ content တွေကို အမြဲ sharing လုပ်ပေးနေမှာဖြစ်တာကြောင့် page လေးကို like & follow လုပ်ထားဖို့တော့ လိုလိမ့်မယ်နော်။😉

13/06/2024

အဖော်မရှိလို့ English Speaking မလေ့ကျင့်ရဘူးဆိုပြီး ဆင်ခြေမပေးတော့နဲ့နော်.... 🧏‍♂️

English စကားလေ့ကျင့်ဖော်မရှိဘဲ ကိုယ်တစ်ယောက်တည်းဖြစ်နေလည်း နိုင်ငံတကာက Learner တွေနဲ့အတူ Speaking ကို ထိထိရောက်ရောက်လေ့ကျင့်နိုင်မယ့် Website/ App လေးတွေကို ညွှန်းပေးလိုက်ပါတယ်။

သုံးရလွယ်ကူပြီး တကယ်ထိရောက်တဲ့ Learning Platform တွေဖြစ်တာမို့ သုံးဖြစ်အောင်သုံးကြည့်လိုက်နော်.... 💁‍♂️💯

1️⃣ 𝙀𝙥𝙞𝙨𝙤𝙙𝙚𝙣

Speaking လေ့ကျင့်ဖို့ တော်တော်လေးအဆင်ပြေတဲ့ Website တစ်ခုပါ။

ကမ္ဘာ့နိုင်ငံအသီးသီးက Speaking လေ့ကျင့်ဖော်တွေရနိုင်ပြီးတော့ Asian တွေကို အတွေ့များပါတယ်။

အမေရိကန်တွေကလည်း တခြား Learners တွေကိုကူညီလေ့ကျင့်ပေးဖို့ ဝင်သုံးတတ်ကြလို့ Native Speaker တွေနဲ့ တိုက်ရိုက်ပြောဆိုနိုင်မယ့် အခွင့်အရေးပါပဲ။

𝙀𝙥𝙞𝙨𝙤𝙙𝙚𝙣 က Learning Platform တစ်ခုဖြစ်လို့ အာရုံနောက်စရာလူတွေမတွေ့ရဘဲ ကိုယ်လိုသူလို စာလေ့လာနေတဲ့ Learners အချင်းချင်းပဲတွေ့ရမှာမို့ လူသန့်တယ်လို့ပြောလို့ရပါတယ်။ 👨‍🎓👨‍🏫

𝙀𝙥𝙞𝙨𝙤𝙙𝙚𝙣 ကလူတွေက အရမ်းကိုဖော်ရွေပြီး ယဉ်ကျေးကြပါတယ်။ ကိုယ်က English လိုပြောစ,မရှိလို့ တွန့်ဆုတ်နေတောင် စိတ်ရှည်ရှည်နဲ့ အပြုံးမပျက် ကူပြောပေးတတ်ပါတယ်။

🌐 Website အသုံးပြုပုံလေးကလည်း အရမ်းလွယ်တယ်နော်။

သူက Ticket စနစ်နဲ့သွားတာဖြစ်ပြီး တစ်နေ့ကို Ticket (၅) ခု 🆓 ရပါတယ်။

💬 Ticket တစ်ခုကို (၇) မိနစ်နှုန်းနဲ့ သူချပေးထားတဲ့ Topic တစ်ခုကို ကိုယ့်လေ့ကျင့်ဖော်နဲ့ Face to Face/ One on one နှစ်ယောက်တည်းပြောရတာပါ။

Topic တွေကလည်း
- The best memory of your childhood,
- Tell me a story of someone who broke up right before their marriage.... အဲ့လိုစိတ်ဝင်စားစရာကောင်းတဲ့ Topic တွေပါ။

👉 သဘောကျစရာတစ်ခုကတော့ Speaking Section တစ်ခုပြီးသွားတိုင်း ကိုယ့်ပါတနာကို Rating/ Comment တွေ ပြန်ပေးလို့ရပါတယ်။

ကိုယ်က အရမ်း Polite ဖြစ်တယ်၊ English Skill လည်း ကောင်းတယ်လို့ တစ်ဖက်သူက Good Comment တွေချည်းပေးသွားရင် နေ့စဉ် 🆓 ရနေတဲ့ Ticket (၅) ခုထက် ပိုရမှာပါ။

Comment ကောင်းလေ Ticket များများပိုရလေမို့ ပိုကြိုးစားလေ့ကျင့်ဖို့လည်း မိုတီရတာပေါ့။ 🥰

2️⃣ 𝙀𝙇𝙎𝘼 𝙎𝙥𝙚𝙖𝙠 𝙋𝙧𝙤

𝙀𝙇𝙎𝘼 𝙎𝙥𝙚𝙖𝙠 𝙋𝙧𝙤 ကတော့ English Learners တော်တော်များများသိကြတဲ့ နာမည်ကြီး App ပါ။

သူက 4 Skills လုံးမဟုတ်ဘဲ Speaking သီးသန့်လေ့ကျင့်ပေးတာဖြစ်ပါတယ်။

✅ Google Play Store မှာတင် download လုပ်လို့ရပါတယ်။

ကိုယ်လေ့လာရင် လေ့လာသလို English Conversation တွေကို သေချာနားလည်ပြီး ကိုယ်တိုင်ဝင်ပြောနိုင်တဲ့အထိ ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ပါတယ်။

တစ်နေ့စာတစ်နေ့ Lesson တွေနဲ့လေ့ကျင့်ပေးပြီး နေ့တိုင်းပုံမှန်လုပ်သွားမယ်ဆို English Speaking ပိုင်းမှာ သိသိသာသာ တိုးတက်လာမှာပါ။

👉 𝙀𝙇𝙎𝘼 𝙎𝙥𝙚𝙖𝙠 𝙋𝙧𝙤 မှာ ကိုယ့်ရဲ့အသံထွက် (Pronunciation) မှန်မမှန်ကအစ လွယ်လွယ်ကူကူ စစ်ကြည့်လို့ရပါတယ်။

ကိုယ်ပြောတာကို နားထောင်ပြီး App ကနေ Pronunciation မှန်မမှန်ကို (%) နဲ့ပြပေးတာပါ။

ဒီ Feature က English စကားပြောဖို့ခက်ခဲနေသူတွေအတွက် တော်တော်အသုံးဝင်ပြီး စကားပြောရဲ/ အသံထွက်ရဲလာစေမှာပါ။

3️⃣ 𝘾𝙝𝙖𝙩𝙂𝙋𝙏 𝟰𝙤

AI ခေတ်မှာ AI တွေကို လက်တွေ့အသုံးချဖို့လည်း မမေ့နဲ့နော်။ 💁‍♂️

𝘾𝙝𝙖𝙩𝙂𝙋𝙏 𝟰𝙤 ကတော့ English Speaking အတွက် ကောင်းကောင်းအသုံးချလို့ရတဲ့ AI တစ်ခုပါ။

နောက်ဆုံးထွက်ထားတဲ့ 𝘾𝙝𝙖𝙩𝙂𝙋𝙏 𝟰𝙤 မှာ Voice/ Audio ကိုသုံးပြီး AI နဲ့ အပြန်အလှန်စကားပြောလို့ရမယ့် Feature တစ်ခုပါလာပါတယ်။

👉 ChatGPT မှာ Voice Chat ဖွင့်ပြီး
❝ Hi. I would like to practice my English speaking with you. Can you be my speaking partner? ❞ လို့ပြောလိုက်ရင် AI က တကယ့်အပြင်က စကားပြောဖော်တစ်ယောက်လို ကိုယ်နဲ့အတူ လိုက်လေ့ကျင့်ပေးပါလိမ့်မယ်။

AI ဆိုပေမယ့် စက်ရုပ်အသံလို တောင့်တောင့်ကြီးဖြစ်မနေဘဲ 𝘾𝙝𝙖𝙩𝙂𝙋𝙏 𝟰𝙤 ရဲ့အသံက တကယ့်သက်ရှိလူသားတစ်ယောက်လို ရှင်းရှင်းလင်းလင်း သဘာဝကျကျ ပြောဆိုနိုင်ပါတယ်။

AI ဖြစ်တာမို့ ရှိန်နေ၊ ကြောက်နေစရာမလိုဘဲ ကိုယ်ပြောချင်တာကို ပြောတတ်သလို စိတ်ရှိလက်ရှိပြောပြီး လေ့ကျင့်လို့ရပါတယ်။ 😇

👉 ❝ Can you give me feedback on my pronunciation. ❞ လို့ AI ကိုစစ်ခိုင်းပြီး ကိုယ့်ရဲ့ Pronunciation အမှားတွေကို ထောက်ပြခိုင်း/ ပြင်‌ပေးခိုင်းလို့လည်း ရပါသေးတယ်။

✅✅✅ ဒီ Website/ App တွေက Online ပေါ်ကတင် Self-study လုပ်ရင်း Speaking ကို‌ထိထိရောက်ရောက်လေ့ကျင့်နိုင်မှာဖြစ်လို့ သုံးကိုသုံးကြည့်သင့်ပါတယ်နော်....

ဒါတွေနဲ့ပတ်သက်ပြီး တစ်ခုခုသိချင်တာရှိရင်လည်း ကောမန့်မှာ မေးခဲ့နိုင်ပါတယ်ခင်ဗျာ။ 🤗✅

================

🔔🇬🇧 English စာလေ့လာနေသူတွေအတွက် ဒီလိုအသုံးဝင်တဲ့အကြောင်းအရာလေးတွေကို အမြဲမျှဝေပေးသွားမှာမို့ 𝙅𝙀𝙎 𝙇𝙖𝙣𝙜𝙪𝙖𝙜𝙚 𝘾𝙚𝙣𝙩𝙚𝙧 ကို Like & Follow လုပ်ထားပေးပါဦးနော်။

အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် တကယ့်ကိုအ‌ကျိုးရှိစေမှာ အာမခံပါတယ်ဗျို့~~~ 💯😍.......................................................................
𝐉𝐄𝐒 𝐋𝐀𝐍𝐆𝐔𝐀𝐆𝐄 𝐂𝐄𝐍𝐓𝐄𝐑
📬 Chat Box:
m.me/299979746536080

12/06/2024

English skills ကို နောက်တစ်ဆင့် မြှင့်တင်ပေးမယ့်အရာက…🤔🤔
English စာတိုးတက်ချင်တယ်ဆိုရင် 4 skills လုံးကျွမ်းကျင်ဖို့ အရေးကြီးတယ်ဟုတ်😃။ဒီ English 4 skills လုံးပိုမိုကျွမ်းကျင်စွာ အသုံးချနိုင်ဖို့အတွက်ဆိုရင် အဓိက အရေးကြီးဆုံးအရာတစ်ခုရှိပါတယ်။ ဒါကတော့ အခြားမဟုတ်ပါဘူး..... Vocabulary ပါပဲ။

စကားပြောတဲ့အခါ မိမိပြောချင်တဲ့ စကားလုံးကို English လိုမသိရင်၊ နားထောင့်အခါ vocabulary အသစ်ွကို မကြားဖူးရင် ၊ဖတ်တဲ့အခါမှာလည်း English စကားလုံးတွေကို ဘာသာမပြန်နိုင်ရင် နားလည်ဖို့လွယ်မှာမဟုတ်ပါဘူး☹️၊ နောက် writing ရေးတဲ့အခါမှာလဲပဲ ကိုယ်သုံးချင်တဲ့စကားလုံး ကို English မသိရင် ဒုက္ခရောက်မှာ အသေချာပါပဲနော်😑 ။

English level မြှင့်တဲ့သူတွေ 4 skills ကို ပိုကျွမ်းကျင်စွာသုံးတက်တာကလည်း လေ့ကျင့်အားကောင်းလို့ဖြစ်သလို၊ vocabulary ပိုသိလို့ဖြစ်ပါတယ်။🥰 ဒါဆိုရင် မိတ်ဆွေတို့ English level နောက်တစ်ဆင့်တက်ဖို့ဆိုရင် ဘာကြောင့် vocabulary လေ့လာဖို့လိုအပ်တယ်ဆိုတာ နားလည်ပြီလို့ထင်ပါတယ်နော်😌။ English ဘာသာ ကျွမ်းကျင်ဖို့ဆိုရင် စကားလုံးဘယ်လောက် အနည်းဆုံးသိဖို့ လိုတယ်ထင်လဲဆိုတာ comment မှာရေးခဲ့ပါဦးနော်..😇

10/06/2024

“Success is not final; Failure is not fatal: it is the courage to continue that counts.” Winston Churchill

08/06/2024

အားလုံးပဲမင်္ဂလာပါ… JES language center မှကြိုဆိုလိုက်ပါတယ်...🤗
ဒီနေ့မှာတော့ English idiom အသုံးနှုန်းလေးတစ်ခုဖြစ်တဲ့ sit on the fence ဆိုတဲ့ idiom လေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်နော် 🥰….

Sit on the fence = To remain neutral, to refuse to take sides in a dispute

အငြင်းအခုံလုပ့်အခါမျိုးမှာ ဘယ်သူ့ဘက်မှမပါဘဲ ကြားနေတဲ့သဘောမျိုးကို ဖော်ပြချင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်နော်။😇

Eg. They criticized the president for sitting on the fence.

ကဲ.. ဒါဆိုရင် English learners တို့လည်း comment ထဲမှာ ဒီ idiom လေးကိုသုံးပြီး sentence ‌လေးတစ်ခုရေးခဲ့ပါဦးနော်..ဒါမှမဟုတ်လည်း ခြံစည်းရိုးပေါ်ထိုင်တက်တဲ့ သူငယ်ချင်းတစ်ယောက်ကို mention လုပ်လိုက်ပါနော်..😌😁

05/06/2024

Let's Learn IDIOMS!!

"ဝေ့လည်ကြောင်ပတ်လုပ်တယ်", လိုရင်င်းကိုမပြောဘဲသွယ်ဝှိက်ပြောတယ် ဆိုတာကို English လို ဘယ်လိုပြောလဲလေ့လာရအောင်😃
Beat around the bush - discuss the matter without getting to the point

ဝေ့လည်ကြောင်ပတ်လုပ်တယ်ဆိုတာကို english လို "Beat around the bush" လို့ အသုံးပြုလို့ရပါတယ်။🥰 ဒါဆိုရင် example လေးတွေကို လေ့လာကြည့်ရအောင်..

Example
Stop beating around the bush and get straight to the point
ဝေ့လည်ကြောင်ပတ်မလုပ်ဘဲနဲ့ အရေးကြီးတာကိုပဲပြောပါ။

Let’s stop beat around the bush and discuss our problems
ဝေ့လည်ကြောင်ပတ်လုပ်တာရပ်ပြီး ငါတို့ပြဿာနာတွေကို ဆွေးနွေးရအောင်

ဒါဆိုရင်တော့ "beat around the bush" ဆိုတဲ့ အသုံးနှုန်းကို အသုံးပြုတက်ပြီလို့ ထင်ပါတယ်။ ဒီစာသားလေးကို အသုံးပြုပြီး comment section မှာ sentence လေးတွေ ရေးပေးခဲ့ပါဦးနော်။🤗

04/06/2024

"Our greatest weakness lies in giving up. The most certain way to succeed is always to try just one more time" - Thomas Edison

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Suan Luang?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok
Suan Luang
10240