Cookfork1
Hi All, I'm K2 and I always cook for K1. The HAPPINESS you get when you serve your food to your love. Thanks for watching my videos.
#မျှစ်ကြက်ကချင်ချက်
မြန်မာ့ရိုးရာ မုန့်လေးတခုဖြစ်ပြီး စျေးတွေတိုင်းမှာ ရောင်းလေ့ရှိတဲ့ မုန့်ပျားသလက် လုပ်နည်းလေးပါ။
လိုအပ်တာတွေကတော့
ပဲပြုပ်
နှမ်းထောင်း (နှမ်းလှော်ကို ငရုတ်ဆုံနဲ့ထောင်းပြီး ဆား လေးအနည်းငယ်ထည့်ထားပေးပါ)
နံနံပင် နုတ်နုတ်စဉ်းထားပါ
ခရမ်းချဉ်သီး နုတ်နုတ်စဉ်းထားပါ
ဆန်မှုန့် - ၁ ခွက် (နို့ဆီဗူး)
ဆား - အနည်းငယ်
ဘိတ်ကင်းပေါင်ဒါ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေအေး - ၁ ခွက် (နို့ဆီဗူး)
ကြက်ဥ - ၁ လုံး
တို့ကို ဇလုံးတခုထဲ ထည့်ပြီး မွှေထားပေးပါ။ မုန့်နှစ်ရည်က ခပ်ကျဲကျဲပဲ ဖြစ်ပါတယ်။
၁ နာရီလောက်မုန့်နှစ်နှပ်ပြီးရင် မုန့်လုပ်မယ့် ဒယ်ပြားလေးထဲ ဆီထည့်မယ်။ မုန့်နှစ်ထည့်မယ်။
အစာ တွေထည့်မယ်။ အဖုံးလေးပိတ်ပြီး မီးအလယ်အလတ်နဲ့ ၃ မိနစ်လောက်ထားပေးပါ။
နောက်ဆုံးမှာမှ နှမ်းထောင်းလေးဖြူးပေးပါ။ ဒါဆိုရင်တော့ မုန့်ပျားသလက်ရပြီဖြစ်ပါတယ်။
သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ
ကြက်ဥပူတင်းလုပ်နည်း (ဒေါင်လိုက်ဗီဒီယို)
Click here to claim your Sponsored Listing.
Category
Contact the public figure
Address
Taipei
235