Thanda

Thanda

Share

Money Mindset Coach, business advisor, Personal finance,Founder of Lime House

04/10/2025

အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မ Thanda ပါ။ မြန်မာပြည်မှာ မထင်မှတ်ပဲ ကြုံတွေ့ခဲ့ရတဲ့ ငလျင်ကြီးကြောင့် ဆုံးရှုံး နစ်နာခဲ့ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေအတွက် အားလုံးနဲ့အတူတူ ဝမ်းနည်းကြောင်းကို ကျွန်မ ဒီ videoလေးကနေတစ်ဆင့်ပြောပြချင်ပါတယ်။ ကျွန်မက နိုင်ငံရပ်ခြားမှာ နေနေရတာကြောင့် မြေပြင်ထိ ကိုယ်တိုင်ကိုယ်ကျ မကူညီနိုင်ပေမယ့် ကျွန်မရဲ့ “LimeHouse:sushi and ramen” စားသောက်ဆိုင်ကနေ တစ်ဆင့်လဲ အတတ်နိုင်ဆုံး ကူညီဖို့ရာအတွက် fund raising တွေလုပ်နေပါတယ်။ နောက်ပြီး ကျွန်မ အခုလိုအပ်နေတဲ့သူတွေကို ကူညီရန် တိုက်ရိုက်လှူဒန်းဖို့ ရန်ပုံငွေအတွက် Go fund me campaignတစ်ခုကိုလည်း ပြုလုပ်ထားပါတယ်။ကျွန်မရဲ့ Business owners မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ပြီးတော့ ကျွန်မလိုပဲ အဝေးမှာရောက်နေပေမယ့် မြန်မာပြည်သူတွေရဲ့ ပင်ပန်းဆင်းရဲမှုတွေကနေ သက်သာစေလိုတဲ့ ဆန္ဒရှိသူတွေ အကုန်လုံး ဒီ fund raising campaign လေးမှာ ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်ရှင်။ Go fund me campaign လေးမှာ တိုက်ရိုက်လှူဒါန်း ချင်တယ်ဆိုရင်တော့ အောက်ပါ linkလေးကနေတစ်ဆင့် လှူဒါန်းနိုင်ပါတယ်ရှင်။https://www.gofundme.com/f/myanmar-earthquake-thousands-need-your-help/cl/d?utm_campaign=pd_ss_icons&utm_medium=customer&utm_source=copy_link&attribution_id=sl%3A7bc13ac6-efe8-431c-be2e-5fd7aee43c8aကျွန်မ အမြဲ ဒီ page လေးကနေတစ်ဆင့် keep in touchလုပ်ပြီး၊ အလှူငွေများကို ဘယ်လိုသုံးစွဲတယ်ဆိုတာ အမြဲ updateလုပ်ပေးသွားပါမယ်ရှင်။ ကျွန််မကို ဆက်သွယ်ချင်တယ်ဆိုရင် go fund me ကနေတစ်ဆင့် သော်လည်းကောင်း ဒီpageကနေတစ်ဆင့်သော်လည်းကောင်း ဆက်သွယ်လို့ရပါတယ်။ မနက်ဖြန်တွေမှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်တဲ့အခါ ကျွန်မတို့ဟာ လက်ရှိအချိန်လေးကို အကောင်းဆုံးဖြတ်သန်းဖို့ အားလုံးအတူတူကြိုးစားလိုက်ကြရအောင်ပါရှင် 💙

01/22/2025

တစ်ခါတစ်လေ ငွေကိုပိုရှာဖို့ကြိုးစားတဲ့အခါ အကြီးမားဆုံးအတားအဆီးဟာ ပြင်ပကနေလာတာမဟုတ်ကိုဘဲ ကိုယ် ကိုယ်တိုင်ရဲ့ အတွင်းစိတ်နေစိတ်ထားထဲကနေ လာပါတယ်။ “ဒီငွေကငါ့အတွက်မထိုက်တန်ဘူး” or “ငွေရှာရသိပ်ခက်တယ်” ဆိုတဲ့ အတွေးတွေက ကိုယ့်ပျော်ရွှင်မှုနဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်စေတတ်ပါတယ်။

ကိုယ်ဟာဒီလို negativeဘက်က တွေးများတတ်တဲ့သူဆိုရင်၊ အမြဲသတိရှိပြီး အကောင်းဘက်နေပြန်တွေးတတ်တဲ့ အကျင့်ကို ကျင့်ယူပါ။ ဒီလေ့အကျင့်ကို အစပြုပြီး ကိုယ့်ရဲ့ mindset ကို တဖြည်းဖြည်းချင်း ပြုပြင်သွားတာကလဲ ကိုယ့်တိုးတက်ရာလမ်းအတွက် လှေကားထစ်တစ်ခုပါပဲ။

12/31/2024

Happy New Year to all my beloveds ⭐️
အားလုံးပဲ နှစ်သစ်မှာကျန်းမာပျော်ရွှင်ကြပြီး ရည်မှန်းချက်တွေကိုလဲ အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်

အောင်မြင်မှုဆိုတာ အမြဲအိပ်မက်အနေနဲ့ စတင်ရတာဖြစ်ပြီး လက်တွေ့ဖြစ်လာဖို့ဆိုရင် ကိုယ့်ရဲ့ ကြိုးစားမှု၊ လုံ့လရှိမှု၊ အသိပညာတို့နဲ့ကြိုးစားရခြင်းပါပဲ..

နှစ်ဟောင်းမှာရခဲ့တဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို လှေကားအဖြစ် အသုံးချပြီး ၂၀၂၅ဆိုတဲ့နှစ်သစ်ကို တူတူရှေ့ဆက်ကြမယ်၊ ပိုမိုကောင်းမွန်တဲ့ အောင်မြင်မှုတွေကို ရယူကြမယ်။ ကျွန်မတို့အားလုံးဟာ တစ်ခုခုကို achieveဖြစ်သွားတဲ့အချိန်ကျ ချစ်ရတဲ့သူတွေနဲ့တူတူ ပျော်ကြ၊အောင်ပွဲခံလေ့ရှိပေမယ့် ကိုယ့်ကိုယ်ကိုတော့ မေ့လျော့တတ်ကြပါတယ်။ ဒါကြောင့် နောက်ထပ်နှစ်တစ်နှစ်ကို သန်သန်မာမာနဲ့ ဖြတ်ကျော်လာခဲ့တဲ့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ဖို့၊ ဂုဏ်ပြုဖို့လဲမမေ့ပါနဲ့နော်။

၂၀၂၄မှာရခဲ့တဲ့ ကိုယ့်အတွက်အကျိုးအရှိတဲ့သင်ခန်းစာတွေ ဒါမှမဟုတ် အတွေ့ကြုံတွေထဲကမှ ဘယ်တစ်ခုက ကိုယ့်အတွက်၂၀၂၅ထိ အမှတ်အရဆုံးဖြစ်မလဲ ?

Thanda

Photos from Thanda's post 12/30/2024

New York City ကို အလည် ထပ်ရောက်ခဲ့တယ်။
အရမ်းအေးပြီး ချမးနေရောပဲ။ tempura က 25 degree F ပဲ ရှိတယ်။
ကျမ ကတော့ နှစ်သစ် ရဲ္ plan ကို December ထဲက စပြီး ဆွဲနေပြီ။
အားလံုးကော plan တွေ ချပြီးကြပြီလား

Photos from Thanda's post 12/05/2024

အိမ်မက်တွေဆီ ချီတက်ရင်း

Miami မှာ business camp တခု လာတက်ဖြစ်တယ်။
ခရီးတေဠ အမြဲထွကိပြီး business owner တွေဆီြ အမြင်ချင်း ဖလှယ်ရတဲ့, idea တွေ share ရတဲ့ အချိန်တွေဆို အရမ်းပျော်မိတယ်။

ကို ရခဲ့တဲ့ experience, knowledge, connections တွေကို business ကို ဘယ်လို grow ဖြစ်အောင် လုပ်လဲ။ ဘယ်လို goals တွေချမလဲ။ ဘယ်လို plan နဲ့ ရှေ့ဆက် သွားရမလဲ ဆိုတာတွေ ဆက် စဉ်းစားတိုင်း တနေ့ ကြီးမားလာမယ့် ကို့ရဲ့ အိမ်မက် တွေ ကို ပို exciting ဖြစ်မိတယ်။

Business networking တွေ သွားပါ။
ကြိုးစားပြီး မိတ်ဆွေ များ အောင် နေပါ။ တန်ဖိုးရှိတဲ့ မိတ်ဆွေ တွေ အနားမှာ ထားပါ။
ကို့ အတွက် အချင်းချင်း အမြဲ ကူညီနိုင်မဲ့ business owners တွေကို အနားမှာထားရင် တနေ့ ကိုလဲ လိုချင်တဲ့ goals တွေ ရပြီး အောင်မြင် လာမယ်။

Thanda

Want your public figure to be the top-listed Public Figure in Amherst?
Click here to claim your Sponsored Listing.

Category

Address


Main Street
Amherst, NY
14221