Thida Aung - Relationship & Inner Well-Being

Thida Aung - Relationship & Inner Well-Being

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thida Aung - Relationship & Inner Well-Being, Personal coach, Austin, TX.

06/08/2026

ကိုယ်မလိုချင်တဲ့ ဆက်ဆံရေးမျိုးတွေကြားမှာပဲ လည်ပတ်နေရသလို ခံစားနေရပါသလား? 🤔

😣တချို့ဆက်ဆံရေးတွေက ဘာလို့ ကိုယ့်ကို အားအင်ကုန်ခမ်းစေတာလဲ၊
😣ဘာလို့ ထင်သလို အဆင်မပြေဖြစ်နေရတာလဲ ဆိုတဲ့ အချက်တွေကို အဖြေရှာချင်တယ်ဆိုရင်

သင့်ဘဝရဲ့ Relationship (ဆက်ဆံရေး) အားလုံးကို သူတစ်ပါးလက်ထဲ ပုံမအပ်ဘဲ မိမိကိုယ်တိုင် စိတ်တိုင်းကျ ဒီဇိုင်းဖော် တည်ဆောက်နိုင်ဖို့ ကူညီပေးမယ့် TDA ရဲ့ နာမည်ကြီးသင်တန်းကြီး ပြန်လာပါပြီ 🎯

TDA ရဲ့ Designing Your Relationships" (DYR) Batch 20 မှာ မိမိကိုယ်ကိုယ် ပြန်လည်နားလည်ခြင်းကနေစလို့ ပတ်ဝန်းကျင်နဲ့ပါ အဆင်ပြေပြေ ပေါင်းစပ်လာနိုင်အောင် ဆရာမ Thida Aung ကိုယ်တိုင် သေချာလမ်းညွှန် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒီသင်တန်းကို ဘယ်သူတွေ တက်ရောက်သင့်သလဲ?

💗 မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ပိုမိုကောင်းမွန်တဲ့ being ကိုတည်ဆောက်ချင်သူများ

💗 ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ ပြန်လည်ချိတ်ဆက်ပြီး စိတ်ချမ်းသာချင်သူတွေ

💗 ချစ်သူ/အိမ်ထောင်ဖက်နဲ့ ရေရှည်ခိုင်မြဲတဲ့ Bond တစ်ခု တည်ဆောက်ချင်သူတွေ

💗 လူမှုဆက်ဆံရေးမှာ Communication ပိုကောင်းချင်သူတွေ

💗 ဆက်ဆံရေးတွေမှာ နားလည်မှုလွဲတာတွေကို အကောင်းဆုံး ဖြေရှင်းချင်သူများ

💗 လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်သူများ

💗 Relationship ကြောင့် စိတ်မောလူမောဖြစ်ပြီး ရုန်းထွက်ချင်သူများတက်ရောက်သင့်ပါတယ်။

ဒါ့အပြင် အထူးအခွင့်အရေးအနေနဲ့ မူရင်းသင်တန်းကြေး 350,000 MMK ကို အခု Batch 20မှာတော့ 90% အထိ အထူးစျေးလျှော့ပေးထားတာဖြစိလို့ 35,000 MMK တည်းနဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

🚨 Seat ကန့်သတ်ထားလို့ မြန်မြန်စာရင်းသွင်းပါ!

ဒီလကုန်တာနဲ့ Discount Promotion ပိတ်မှာဖြစ်သလို၊ သင်တန်းသားအရေအတွက် ကန့်သတ်ထားတာမို့ Seat မပြည့်ခင် အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်တော့နော်။

📅 သင်တန်းအသေးစိတ် အချက်အလက်များ

🔹သင်တန်းရက်စွဲ: August 13, 14, 15, 16, 17, 18 & 20, 2026 (စုစုပေါင်း ၇ ရက်)
🔹အချိန်: 7:30 PM မှ 10:30 PM (မြန်မာစံတော်ချိန်)
🔹နေရာ: Zoom Platform (Live သင်ကြားမည်)
🔹သင်တန်းကြေး ကျပ် 35,000 (90% off)

👉 စာရင်းပေးသွင်းရန်
CHAT BOX မှတစ်ဆင့် "DYR" ဟု ပေးပို့ပြီး အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ။ 💬

06/08/2026

“Boundaried Love Vs. Universal Love”

မျိုးချစ်၊ ပုဂ္ဂိုလ်ချစ်၊ ဘာသာချစ်၊ နိုင်ငံချစ် စတာတွေကို "အစွဲထားပြီး စုဖွဲ့မှုအခြေခံတဲ့ အချစ်" (Group-based or Boundaried Love) လို့ ခေါ်နိုင်ပါတယ်။
တစ်ကမ္ဘာလုံးက လူသားအားလုံးကို ချစ်တဲ့စိတ်ကိုတော့ "တစ်လောကလုံးဆိုင်ရာ အချစ်" (Universal Love) လို့ ခေါ်နိုင်ပါတယ်။

အပြုသဘောဆောင်တဲ့ အတွေးအမြင်နဲ့ ကြည့်ကြရအောင်ပါ။
အုပ်စုစွဲအချစ်တွေရှိနေတဲ့အခါမှာ လူသားချင်းစာနာထောက်ထားမှုတွေ နဲဲပါးအားနဲသွားမှုတွေ ရှိပါတယ်။
အားနည်းသွားရတဲ့ အကြောင်းရင်းတွေကို
ကျွန်မ အောက်မှာခွဲခြားပြီး ရှင်းပြထားပါတယ်။

🍀အာရုံစိုက်မှုနဲ့ ရင်းမြစ် ကန့်သတ်ချက် (Finite Attention and Resources)
လူသားတစ်ယောက်ရဲ့ မေတ္တာ၊ အချိန်၊ ခွန်အားနဲ့ စာနာမှုစွမ်းအားဟာ အတိုင်းအတာတစ်ခုအထိ ကန့်သတ်ချက် ရှိပါတယ်။ မိမိရဲ့ မျိုးနွယ်၊ ဘာသာ သို့မဟုတ် နိုင်ငံအတွက်ပဲ စွမ်းအင်အားလုံးကို ပုံအောပြီး အသုံးချလိုက်တဲ့အခါ ထိုဘောင်ရဲ့ အပြင်ဘက်က လူသားတွေအတွက် ပေးဆပ်ဖို့ မေတ္တာနဲ့ ကူညီလိုစိတ် စွမ်းအင်တွေဟာ လျော့နည်းသွားတတ်ပါတယ်။ ဒါဟာ မုန်းလို့မဟုတ်ဘဲ မိမိအုပ်စုအပေါ်မှာတင် အားစိုက်မှု ပြည့်လျှံသွားတာကြောင့် ဖြစ်ပါတယ်။

🍀 "ငါတို့" နှင့် "သူတို့" ခွဲခြားမှု (The "In-group" vs "Out-group" Dynamics)
အပြုသဘောအရ မျိုးချစ်စိတ် ဒါမှမဟုတ် ဘာသာချစ်စိတ်ဟာ အုပ်စုတစ်ခုအတွင်းမှာ စည်းလုံးညီညွတ်မှုကို အားကောင်းစေပါတယ်။ ဒါပေမဲ့ ဒီလိုချစ်စိတ်က “စည်းမျဉ်း" တစ်ခုကို အလိုအလျောက် တည်ဆောက်လိုက်သလို ဖြစ်စေပါတယ်။
မိမိအဖွဲ့ဝင်တွေကို “ငါတို့လူစု" (In-group) လို့ သတ်မှတ်ပြီး ပိုမိုဦးစားပေးပါတယ်။
အပြင်ကလူတွေကို "သူတို့လူစု" (Out-group) လို့ မြင်လာတဲ့အတွက် လူသားချင်းအတူတူပဲဆိုတဲ့ သဘောထက် "ငါတို့နဲ့မတူတဲ့သူတွေ" ဆိုတဲ့ ခြားနားချက်ကို ပိုမြင်သာသွားစေပါတယ်။

🍀ကိုယ်ချင်းစာစိတ်ရဲ့ အတိုင်းအတာ (Proximity of Empathy)
လူတွေဟာ မိမိနဲ့ ပိုနီးစပ်တဲ့၊ ပိုတူညီတဲ့သူတွေအပေါ်မှာ ကိုယ်ချင်းစာစိတ် (Empathy) ဖြစ်ရတာ ပိုလွယ်ကူပါတယ်။ ဥပမာ - ဘာသာတူ၊ လူမျိုးတူချင်း ဒုက္ခရောက်ရင် ပိုပြီး ခံစားရလွယ်ပါတယ်။ ဒီလို အစုအဖွဲ့အပေါ်မှာပဲ ကိုယ်ချင်းစာစိတ်က ပုံသေကားချပ် ဖြစ်သွားတဲ့အခါ၊ ကမ္ဘာ့အခြားတစ်ဖက်က မတူညီတဲ့ လူသားတွေရဲ့ ဒုက္ခအပေါ်မှာတော့ စာနာနားလည်နိုင်စွမ်း (Universal Empathy) လျော့နည်းသွားတတ်ပါတယ်။

🍀အကာအကွယ်ပေးလိုစိတ် ပြင်းထန်ခြင်း (Protective Instinct)
မိမိချစ်တဲ့ ပုဂ္ဂိုလ်၊ ဘာသာ၊ နိုင်ငံကို ကာကွယ်စောင့်ရှောက်လိုတဲ့စိတ် (Defensive/Protective Mindset) ဟာ အင်မတန် ကြီးမားပါတယ်။ ဒီစိတ်က ပြင်းထန်လွန်းတဲ့အခါ မိမိအုပ်စုရဲ့ အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ရင်း၊ အခြားသူတွေရဲ့ ရပိုင်ခွင့်နဲ့ လူသားဂုဏ်သိက္ခာကို မရည်ရွယ်ဘဲ လျစ်လျူရှုမိရက်သား ဖြစ်သွားတတ်ပါတယ်။

😇အနှစ်ချုပ်ဆိုရရင် -
မျိုးချစ်၊ ဘာသာချစ်စိတ်တွေဟာ မိမိအုပ်စုကို တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ချက်ကောင်းတွေ ရှိတတ်ကြပေမဲ့၊ သူတို့ရဲ့ သဘာဝကိုယ်နှိုက်ကလဲ "ဘောင်" (Boundaries) တွေ ခတ်ထားတာ ဖြစ်ပါတယ်။ ဘောင် ထဲမှာ နေချင်ကြတာ ဖြစ်ပါတယ်။
လူသားချင်းစာနာတဲ့အချစ်ကတော့ ဘောင်တွေအားလုံးကို ကျော်လွန်တဲ့ ဘောင်မရှိတဲ့ ဘောင်မခတ်တဲ့ "နယ်နိမိတ်မဲ့အချစ်" ဖြစ်တဲ့အတွက်၊ ဘောင်ခတ်ထားတဲ့ အချစ်တွေထဲမှာ နစ်မြုပ်နေသရွေ့ တစ်လောကလုံးက လူသားအားလုံးကို အညီအမျှ ချစ်နိုင်ဖို့ စွမ်းအား ကင်းမဲ့နေတတ်ခြင်း ဖြစ်ပါတယ်။

ကျေးဇူးပါ။

သီတာအောင်🌸
8th June

Want your school to be the top-listed School/college in Austin?
Click here to claim your Sponsored Listing.

Address


Austin, TX