Go Global Pathway

Go Global Pathway

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Go Global Pathway, Education, 3835 Green Pond Road, Bethlehem, PA.

04/20/2026

🎓 နိုင်ငံတကာ College / University သွားဖို့ Ready ဖြစ်ပြီလား? 🌍
နိုင်ငံတကာတက္ကသိုလ်မှာ ပညာသင်ချင်ပေမယ့်
👉 "ငါ တကယ်ရော စာလိုက်နိုင်ပါ့မလား?"
👉 "Assignment တွေ အများကြီးကြားမှာ လမ်းပျောက်မလား?" ဆိုပြီး စိုးရိမ်နေတာ သဘာဝပါပဲ။

College မှာ အောင်မြင်နိုင်မလားဆိုတာက
📚 စာလိုက်နိုင်လား ဆိုတာထက်
👉 College Level English, Math, Critical Thinking, Study Skills
ဒီအရည်အချင်းတွေကို ကြိုတင်ပြင်ဆင်ထားလား ဆိုတာပေါ်မှာ ပိုမိုမူတည်ပါတယ်။
ဒီအခြေခံတွေ မရှိဘဲသွားလိုက်ရင်
❌ စာတွေပုံလာပြီး Stress တွေ များမယ်
❌ ကြိုးစားပေမယ့် Grade က ထင်သလောက် တက်မလာဘူး
❌ နောက်ဆုံးမှာ ကိုယ့်ကိုကိုယ်ပါ ယုံကြည်မှုပျောက်ပြီး College ဘဝကိုပါ လမ်းပျောက်သလို ခံစားရနိုင်ပါတယ်။

ဒီလိုအခက်အခဲတွေကို လူငယ်အများစု တကယ်ကြုံတွေ့ကြရတာပါ။

💡 ဒီအရာတွေကို ကြိုတင်ကာကွယ်ပေးနိုင်မယ့် ပထမဆုံး ခြေလှမ်းကတော့
👉 CPP (College Preparation Program) Foundation Class ပါ ✨
🌱 CPP = နိုင်ငံတကာ College / University သွားဖို့ ပထမဆုံး ခိုင်မာတဲ့ ခြေလှမ်း
🚀 ဘာကြောင့် CPP ကို ရွေးသင့်လဲ?
CPP ဟာ
🌍 နိုင်ငံတကာ College / University သွားမယ့် ကျောင်းသားတွေကို College Ready ဖြစ်အောင် အခြေခံကို ခိုင်မာပေးတဲ့ Program ဖြစ်ပါတယ်။
CPP တက်ပြီးမှ College သွားရင်…
✅ College Level English ကို လိုက်နိုင်မယ်
✅ Math ကို ယုံကြည်မှုရှိလာမယ်
✅ Assignment / Essay / Research ကို ကိုယ်တိုင်လုပ်နိုင်မယ်
✅ Class Discussion မှာ ပါဝင်နိုင်မယ်
✅ ကိုယ်တိုင်စီမံခန့်ခွဲပြီး သင်ယူနိုင်တဲ့ Skill ရလာမယ်
👉 ဒါကြောင့် CPP က
နိုင်ငံတကာပညာရေးမှာ လမ်းပျောက်တာမျိုးမဖြစ်အောင်
Confidence အပြည့်နဲ့ စတင်နိုင်ဖို့ အခြေခံကို ခိုင်မာအောင်လုပ်ပေးတာပါ 💪
📚 CPP Foundation Class မှာ သင်ကြားမယ့် ဘာသာရပ်များ
✔ Reading & Writing
✔ Skills for Academic Success
✔ Intermediate Algebra
✔ Pre-Calculus
🧠 တိုးတက်လာမယ့် Skills
✔ Academic English
✔ Math Foundation
✔ Critical Thinking & Writing
✔ Study Skills (Time management, Note-taking, Exam strategy)
🎁 CPP တက်ပြီးရင် ရရှိလာမယ့် အကျိုးကျေးဇူးများ
✅ International college တွေရဲ့ Placement Test ဖြစ်တဲ့ Accuplacer Exam အတွက် ပြင်ဆင်နိုင်မယ်
✅ International College / University Admission အတွက် Ready ဖြစ်လာမယ်
✅ College စတင်ချိန်မှာ Stress နည်းပြီး Confidence အပြည့်နဲ့ လိုက်နိုင်မယ်

⏳ အချိန်တိုနဲ့ ထိရောက်စွာ ပြင်ဆင်နိုင်မယ့် CPP
📅 14 ပတ် (42 Hours)
💻 100% Online
📍 ချင်းမိုင်မှာ Hybrid Class တက်နိုင်ပါတယ်။
👩‍🏫 Student-centered Approach + အတွေ့အကြုံပြည့်ဝတဲ့ ဆရာ/ဆရာမများနဲ့ သင်ကြားပေးသွားမှာပါ

📣 CPP Foundation Class (May Intake) – Go Global Pathway
⏰ လူဦးရေကန့်သတ်ထားလို့
👉 Messenger မှာ “CPP” လို့ အခုပဲ စာပို့ပြီး Register လုပ်လိုက်ပါ 💬

📌 ဆရာများ & Timetable အသေးစိတ်ကို အောက်ပါ Link မှာ သွားရောက်လေ့လာနိုင်ပါတယ်ရှင် 💁🏻‍♀️

👉 https://tinyurl.com/5b95xa89

04/17/2026

✨ မြန်မာနှစ်သစ်ဆုမွန်ကောင်း ✨

ယနေ့ ကျရောက်လာသော မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်
🌼 မြန်မာနှစ်ဆန်းတစ်ရက်နေ့မှ စတင်၍
(၇) ရက်သားသမီး အားလုံး
ဘေးဘယာကင်းဝေးပြီး ကံကောင်းခြင်းများ ရရှိကာ
စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း
Go Global Pathway မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏💦

နှစ်သစ်မှာ ✨
ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်ကာ
ရည်မှန်းထားသော ပညာရေးပန်းတိုင်များကို
အောင်မြင်စွာ ရောက်ရှိနိုင်ကြပါစေကြောင်း
နှလုံးသားမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🤍🎓

🌍 Go Global Pathway နဲ့အတူ
မြန်မာနှစ်သစ်မှစပြီး
နိုင်ငံတကာပညာရေးလမ်းကြောင်းဆီကို
ယုံကြည်မှုအပြည့်နဲ့ လှမ်းချီကြပါစို့ ✨🚀

03/26/2026

Japan မှာကျောင်းတက်ပြီး US Degree ယူလို့ရနေပြီဆိုတာ သိပြီးပြီလား ❓

💡ဒါဆိုရင် US အခြေစိုက် university ကနေ bachelor degree ကို Japan Campus ကနေပဲ ရယူလို့ရနေပြီဆိုတဲ့အကြောင်းလေးပြောပြချင်ပါတယ်။ 📣

Temple University ဟာ အမေရိကန်နိုင်ငံ Philadelphia မြို့မှာတည်ရှိပြီး 1982 ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။ ဒါ့အပြင် အခုဆိုရင် Italy နဲ့ Japan မှာပါ campus အခွဲတွေရှိနေတဲ့နာမည်ကြီး university တစ်ခုဘဲဖြစ်ပါတယ်။ တစ်ကယ်လို့သင်က US က Degree ကိုလည်းရချင်တယ်ပြီးတော့ Japan Culture ကိုလည်း explore လုပ်ချင်တယ်ဆိုရင်တော့ Temple University, Japan Campus ကအသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

📣 နောက်တစ်ခုအနေနဲ့ Northampton Community College မှာလက်ရှိ online ကနေတက်ရောက်နေတဲ့ကျောင်းသား/ကျောင်းသူတွေအနေနဲ့လည်း US Visa banned လိုက်ပေမယ့် credit တွေအလကားမဖြစ်ရလေအောင် Temple University ကို credit တွေ transfer လို့ရနေပြီဖြစ်တဲ့အကြောင်းလေးသတင်းကောင်းပါးလိုက်ချင်ပါတယ်။

🇯🇵 Temple University, Japan Campus နဲ့ပက်သက်ပြီး စိတ်ဝင်စားတယ် အသေးစိတ်သိရှိလိုတာတွေကိုမေးမြန်းနိုင်ဖို့ Temple University, Japan Campus မှာလက်ရှိတက်ရောက်နေတဲ့ ကျောင်းသား YE YINT PAING AUNG နဲ့ တိုက်ရိုက်မေးမြန်းနိုင်မယ့် webinar လေးတစ်ခုကိုစီစဥ်ထားပါတယ်။

လာမယ့် March 30 ရက်နေ့မှာ zoom platform ကနေတစ်ဆင့် မိမိသိလိုရာမေးနိုင်မယ့် အခွင့်အရေးကိုလက်လွှတ်မခံဘဲ အောက်မှာပေးထားတဲ့ registration form လေးကိုအမြန်ဆုံးဖြည့်လိုက်တော့နော်‼️

Register လုပ်ရန် - https://tinyurl.com/bddmyeun

Form လေးကို မဖြည့်တတ်ခဲ့ရင်လည်း comment မှာ ⭐ Register ⭐ လို့ မန့်ခဲ့ပေးပါနော်။

Date : March 30 2026 (Monday)
Time : 5:00 PM (ICT - Thailand)
4:30 PM (MMT - Myanmar)
Platform : Zoom

02/11/2026

🎓 Age is just a number 💎Opportunity is everything.

တခြားကျောင်းသား/သူတွေ အထက်တန်းပဲပြီးသေးချိန်
အသက် 17 နှစ်နဲ့ပဲ US Community College မှ Associate Degree ရခဲ့တယ်ဆိုရင်
ဒါဟာ အိပ်မက်မဟုတ်ပါဘူး။

👉 Northampton Community College (NCC), USA ရဲ့ Dual Enrollment Program ကြောင့် အမှန်တကယ် ဖြစ်လာခဲ့တဲ့ အောင်မြင်မှုတစ်ခုပါ 🌍✨

ဒီနေ့မှာတော့
🇺🇸 NCC Dual Enrollment Program မှတစ်ဆင့်
အထက်တန်းမပြီးခင် College Credit တွေကို စတင်စုဆောင်းပြီး
နောက်ဆုံးမှာ Associate Degree အထိ အောင်မြင်စွာ ရရှိခဲ့တဲ့
Go Global Pathway မှ ကျောင်းသူ၊ကျောင်းသား (၉) ယောက် ကို
ဂုဏ်ယူဝမ်းမြောက်စွာ မျှဝေလိုက်ပါတယ် 🤍

အထူးသဖြင့် Go Global Pathway ကနေ
👩‍🎓 Applied Psychology ဘာသာရပ်နဲ့ အသက် 17 နှစ်မှာပဲ Associate Degree ရရှိခဲ့တဲ့ Cherry Thant Zin က
Dual Enrollment Program ဟာ
“အသက်ငယ်လွန်းလို့ မဖြစ်နိုင်ဘူး” ဆိုတဲ့ အယူအဆကို
လုံးဝ ချိုးဖောက်ပြသလိုက်တဲ့ အကောင်းဆုံး ဥပမာတစ်ခုပါ 💥

✨ Dual Enrollment Program ဆိုတာ ဘာလဲ?
📌 အထက်တန်းတက်ရင်း College ကို တစ်ပြိုင်နက်တည်း တက်နိုင်တဲ့ Program
📌 အချိန်ကုန်/ငွေကုန်သက်သာပြီး
📌 US High School + College Credit ကို တစ်ခါတည်း ရယူနိုင်တဲ့ လမ်းကြောင်းဖြစ်ပါတယ်။

ဒီ Program ကနေ
✔️ Duolingo / IELTS မလို
✔️ SAT / GED / IGCSE / TOEFL မလို
✔️ Online နဲ့ပဲ NCC (USA) ကို တက်နိုင်ပြီး
✔️ Credit 60–66 ပြည့်သွားရင်
👉 American Associate Degree ကို တရားဝင် ရရှိနိုင်ပါတယ် 🎓🇺🇸

🌱 ဘာကြောင့် Dual Enrollment က မြန်မာကျောင်းသားတွေ အတွက် အထူးအခွင့်အရေးလဲ?

🔹 အသက်ငယ်သေးလို့ ပြည်ပမလွှတ်ချင်သေးတဲ့ မိဘများအတွက်
👉 နေထိုင်စားသောက်စရိတ် မကုန်ဘဲ US Degree ကို စတင်ရယူနိုင်ပါတယ်။

🔹 အထက်တန်းတက်ရင်း
👉 College Credit ကို အစောဆုံး စုနိုင်လို့ အချိန်ကုန်သက်သာမယ်။

🔹 အသက် 18–19 ဝန်းကျင်မှာပဲ
👉 Associate Degree ကို လက်ထဲထားနိုင် လို့
Bachelor Degree ကိုလည်း အချိန်တိုတိုနဲ့ ဆက်သွားနိုင်ပါတယ် 🚀

ဒီအောင်မြင်မှုတွေဟာ
ကျောင်းသားတွေ ထူးချွန်လို့သာမက
👉 မှန်ကန်တဲ့ Program ကို အချိန်မှန် ရွေးချယ်နိုင်ခဲ့လို့ပါ။

🏆 Winter Commencement – Class of 2026 (NCC, USA)
📅 January 24, 2026
📍 Northampton Community College, Pennsylvania, USA
ဒီဂုဏ်ယူစရာ Commencement မှာ
🌍 Go Global Pathway မှ ကျောင်းသူ၊ကျောင်းသား (၉) ယောက်ဟာ
Associate Degree ကို အောင်မြင်စွာ ရရှိခဲ့ကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာ မျှဝေပေးလိုက်ပါတယ် ✨

👩‍🎓👨‍🎓 Go Global Pathway Graduates

🧠 Applied Psychology, AAS
• Cherry Thant Zin – Online (Yangon)
→ Age 17

⚙️ Engineering,AS
• Min Khant Thu - Age 18
• Phyoe Min Kyaw - Age 18
• Zinnia Tway – Age 18
• Judy - Age 19
• Bhone Myat Min – Age 19

💻 Computer Science
• Angelina – Age 20

📚 Professional Studies, AAS
• Myat Pwint Phyu

🤝 Business Administration, AA
• May Thi Aye

🏅 Honor Students (GPA 3.5+)
• Bhone Myat Min
• Myat Pwint Phyu
• Phyoe Min Kyaw
• Min Khant Thu
• Judy Htun
• Cherry Thant Zin

အသက်ငယ်ငယ်နဲ့ပဲ
US Associate Degree ကို အောင်မြင်စွာ ရရှိခဲ့ကြတဲ့
အမှန်တကယ် ဒီ Record တွေကပဲ
Dual Enrollment Program ရဲ့
အချိန်ကုန်၊ငွေကုန်သက်သာစွာ သွားနိုင်တဲ့အကျိုးကျေးဇူးကို သက်သေပြနေတာပါ 🎯

🌱 Go Global Pathway ရဲ့ ရည်ရွယ်ချက်က
ကျောင်းသားတွေကို ပညာရေးလမ်းကြောင်းပေါ်
တင်ပေးရုံသာမက
အမှန်တကယ် အောင်မြင်မှုကို လက်တွေ့ရရှိနိုင်အောင်
လမ်းပြပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

အသက် 18 ဝန်းကျင်မှာပဲ
High School မပြီးသေးခင်တည်းက
Associate Degree ကို ရရှိပြီး
Bachelor Degree ကို လက်တစ်ကမ်းအလို ရောက်ရှိနေခြင်း
ဒါဟာ Dual Enrollment Program ရဲ့
အကြီးမားဆုံး အားသာချက်ပါ 🌍🎓
📣 အထက်တန်းမပြီးသေးပေမယ့်
အချိန်ကုန်၊ ငွေကုန် မများဘဲ
နိုင်ငံတကာပညာရေးကို အစောဆုံး စတင်ချင်တယ်ဆိုရင်
👉 Northampton Community College (NCC) ရဲ့ Dual Enrollment Program က သင့်အတွက် အကောင်းဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံး လမ်းကြောင်း ဖြစ်ပါတယ် 🤍✨

Photos from Go Global Pathway's post 02/08/2026

🎓 College Preparation Program (CPP) – Now Open

📘 Academic Reading & Writing | 📊 College Math | 🎓 College Skills

နိုင်ငံတကာ College / University တွေမှာ တက်ချင်စိတ်တော့ ရှိတယ်…

ဒါပေမယ့်

❓ ဘယ်ကစပြီး ပြင်ဆင်ရမလဲ မသိလို့ လမ်းပျောက်နေပြီလား?

အဲ့ဒီခံစားချက်… သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

မြန်မာနိုင်ငံက ကျောင်းသားအများစုဟာ

📚 “ဒါရေး၊ ဒါသင်၊ ဒါကျက်” ဆိုတဲ့

Spoon-feeding Education System အောက်မှာ

မိဘ၊ ဆရာတွေ ဦးဆောင်ပေးတဲ့ ပညာရေးနဲ့ ကြီးပြင်းလာခဲ့ကြပါတယ်။

ဒါပေမယ့် 🌍 နိုင်ငံတကာ College System ကတော့ မတူပါဘူး။

👉 ကိုယ်တိုင် စဉ်းစားရမယ်

👉 ကိုယ်တိုင် စီမံခန့်ခွဲရမယ်

👉 ကိုယ်တိုင် ဆုံးဖြတ်ပြီး တာဝန်ယူရမယ်

ဒီအပြောင်းအလဲကို ကြိုတင်မပြင်ဆင်ထားဘဲ

နိုင်ငံတကာပညာရေးထဲ ဝင်သွားတဲ့အခါ…

😵 Stress များလာမယ်

📉 Grade ကျလာမယ်

❓ “ငါ မတော်လို့လား?” ဆိုပြီး ကိုယ့်ကိုယ်ကို သံသယဝင်လာမယ်

ဒါပေမယ့်

👉 အမှန်တရားက ကလေး မတော်လို့ မဟုတ်ပါဘူး။

🐣 အပျံသင်စ ငှက်ကလေးကို

တောနက်ကြီးထဲ ချက်ချင်း လွှတ်လိုက်သလို

👉 College Ready ဖြစ်ဖို့ လိုအပ်တဲ့ Skill တွေ မဖြည့်ထားမိသေးလို့ပါ။

❓ College Ready ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?

🎓 International College & University ကို သွားမယ့်သူတိုင်းအတွက်

“ကြိုတင် ပြင်ဆင်ထားရမယ့် အဆင့် တစ်ဆင့် မဖြစ်မနေ လိုအပ်ပါတယ်။

အဲဒီအဆင့်ကို

👉 တစ်နေရာတည်း၊ တစ်ခါတည်းနဲ့ ပြင်ဆင်ပေးနိုင်တာက

CPP Foundation Program ပါပဲ။

📌 Pre-College / College Pathway Preparation Course တက်ရောက်ထားတဲ့ ကျောင်းသားဟာ

College life ကို စိတ်ချလက်ချ ဝင်ရောက်နိုင်ပြီး

အခြားကျောင်းသားတွေထက် တစ်ပန်းသာနေစေပါတယ်။

ဒါကြောင့်

👉 မှန်ကန်တဲ့ College Preparation Program ကို ရွေးချယ်ခြင်းဟာ အရမ်းအရေးကြီးပါတယ်။

🌱 Go Global Pathway မှ ဖွင့်လှစ်ထားတဲ့

🎓 College Preparation Program (CPP)ဟာ

ကျောင်းသားတွေရဲ့ တကယ့်လိုအပ်ချက်ကို နားလည်တဲ့

👩‍🏫👨‍🏫 အတွေ့အကြုံပြည့်ဝတဲ့ Professional ဆရာ၊ ဆရာမများ ကိုယ်တိုင်

စနစ်တကျ သင်ကြားပေးမယ့် Program ဖြစ်ပါတယ်။

⏳ Limited Seats Only

🌱 CPP မှာ ဘာတွေ သင်ရမလဲ?

✍️ Academic Reading & Writing

College မှာ “စာရေးတတ်ရုံ” နဲ့ မလုံလောက်ပါဘူး။

✔️ Academic text တွေကို နားလည်အောင် ဖတ်တတ်စေမယ်

✔️ Assignment တွေကို academic style နဲ့ ရေးတတ်စေမယ်

✔️ Opinion သာမက Evidence-based writing ကို အလေးထားသင်ကြားမယ်

📊 College-Level Math

(College Algebra • Calculus)

College မှာ Math မပါတဲ့ Major ဆိုတာ မရှိသလောက်ရှားပါတယ်။

📌 Business

📌 Economics

📌 Psychology

📌 Science

📌 IT / Data / Engineering

ဘယ် Major ကိုပဲ ရွေးရွေး

👉 Math-based thinking မဖြစ်မနေလိုအပ်ပါတယ်။

CPP မှာ College Math ကို အခြေခံကနေ စနစ်တကျ ပြင်ဆင်ပေးပါတယ်။

🎓 Skills for College Success (College Skills)

❌ English ကောင်းရုံ

❌ Math တတ်ရုံနဲ့

👉 College life ကို အောင်မြင်စွာ မဖြတ်ကျော်နိုင်ပါဘူး။

CPP မှာတော့

⏰ Time Management – Deadline ကို ကိုယ်တိုင် စီမံနိုင်ဖို့

📝 Study Skills – Note-taking, Reading strategy, Exam Preparation

💬 Communication Skills – Academic email, Discussion, Presentation

🧠 Self-management – Stress control, Motivation Management

အကုန်လုံးကို လေ့ကျင့်သင်ကြားပေးပါတယ်။

🎯 College Readiness အတွက်

📘 Academic Reading & Writing

📊 College Math

🎓 College Skills

သုံးခုလုံးကို တစ်ပြိုင်နက်တည်း ပြင်ဆင်ပေးနိုင်တဲ့

တစ်ခုတည်းသော Program — CPP Foundation Program

✔ GED / IGCSE မလိုအပ်

✔ College Level English & Math ကို အခြေခံကနေ ပြင်ဆင်ပေးမယ်

👩‍🏫👨‍🏫 CPP ကို ဘယ်သူတွေ သင်ကြားပေးမလဲ?

📘 Academic Writing

Dr. Wint War

(Ph.D. Curriculum & Teaching Methodology, M.Ed., B.Ed.)

📗 Academic Reading

Tr. Ty

(B.Ed., M.Ed., Ph.D. – Pedagogic Methodology,

Diploma in TESOL – London)

⏱️ College Success

Mr. Hein Thura Htet

(B.Ed., Former YSEALI Academic Fellow,

SoP 2018 Alumnus, Former JENESYS Delegate)

📐 Intermediate Algebra

Tr. Hnin Wit Yee

(B.Sc. Computer Science, TESOL Diploma – London)

✨ School mindset ကနေ College mindset ကို

ချောချောမွေ့မွေ့ ပြောင်းချင်တဲ့ ကျောင်းသားတွေအတွက်

CPP က အကောင်းဆုံး လမ်းကြောင်းပါ။

🚀 CPP ကို တက်ပြီးရင်

✔ College ကို မကြောက်တော့ဘူး

✔ System ကို နားလည်လာမယ်

✔ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ်

👉 နိုင်ငံတကာအိမ်မက်တွေကို

CPP Foundation Program နဲ့ စလိုက်ပါ 🤍

📌 CPP ရဲ့ အဓိက တန်ဖိုးထားမှု

“Learning for Life”

ဒါကြောင့်

✔ အမှန်တကယ် သင်ယူလိုစိတ်ရှိသူ

✔ College-ready ဖြစ်ချင်သူ

✔ Global Education ကို အောင်မြင်စွာ ဆက်သွားချင်သူများသာ

👉 Placement Test ဖြေဆိုပြီး လက်ခံသွားမှာဖြစ်ပါတယ်။

📅 Program Information

🗓️ Opens – 18th February 2026 (Wednesday)

💻 Study Mode – Online

⏳ Duration – 42 Hours (14 Weeks)

👉 Limited seats only ဖြစ်တဲ့အတွက်

အခုပဲ စာရင်းသွင်းလိုက်တော့နော် 🎓🌍

စာရင်းသွင်းရန် - https://forms.gle/kDpXFuM4W9EYucNPA

📩 Feb 18 ဖွင့်မယ့် CPP ကို စိတ်ဝင်စားရင်

Messenger မှာ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ 💬

Google Form ဖြည့်ရတာ အခက်အခဲရှိရင်

👉 Comment မှာ “Register” လို့ မန့်ထားလို့ရပါတယ်ရှင် 🤍

Want your school to be the top-listed School/college in Bethlehem?
Click here to claim your Sponsored Listing.

Category

Telephone

Address


3835 Green Pond Road
Bethlehem, PA
PA18020