SIAN SMART

SIAN SMART

Share

We value your time. Trade your time for Knowledge and Inspiration. THIS IS YOUR HOME TO GROW.

01/29/2025

မြန်မာပြည်မှာ အာဏာသိမ်းချိန်ကစပြီး ကလေးငယ်ပေါင်း ၅၇၀ကျော်အသတ်ခံခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ၁၂လအတွင်း ဂါဇာဒေသမှာလည်း ကလေးငယ်ပေါင်း ၁၁,၀၀၀ ကျော် အသတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် ဒီလောက်များတဲ့ကလေးငယ်တွေအသတ်ခံရတာထက် ဂျာမဏီကမူကြိုကလေးတစ်ယောက်အသတ်ခံရတာကို ကမ္ဘာ့သတင်းတွေပိုဖော်ပြကြပါတယ်။

ကလေးငယ်တွေအားလုံးရဲ့ တန်ဖိုးဟာအတူတူပေမယ့်
ကျူးလွန်သူတွေမတူသလို နိုင်ငံရေးလက်နက်အဖြစ်အသုံးဝင်ပုံချင်းမတူတာကြောင့် အရေးပေးဖော်ပြမှုကွာသွားတာဖြစ်ပါတယ်။

02/01/2021

မနေ့တနေ့ကမှ နေထွက်လာတာလေ။
ဒီတိမ်မဲတွေ မကြာခင်လွင့်စင်နိုင်ပါစေဆုတောင်းပါတယ်။

01/10/2021

ကျွန်တော် နှင့် ''လေလွင့်သူ''

၂၀၂၁ အတွက် တစ်လကိုစာအုပ်တစ်အုပ်ဖတ်ပါလို့ကျွန်တော်အရင် Video တွေထဲမှာပြောခဲ့ပါတယ်။ နှစ်ကူးလို့ ၁၀ ရက်ရောက်နေပြပြီ စဖတ်ဖြစ်လား၊ ဖတ်ပြီးသွားကြပြီလားတော့ ကျွန်တော်မသိဘူး။ အဲဒါခင်ဗျာတို့အပိုင်းလေ။ ကျွန်တော်က အားပေးရုံပဲတတ်နိုင်မယ်၊ ဖတ်တာမဖတ်တာကတော့ ကိုယ့်ရွေးချယ်မှုနှင့်ကိုယ်ပဲ။ ဖတ်ရင် အချိန်ကုန်မယ် အကျိုးတစ်စုံတရာရမယ်။ မဖတ်ရင်လည်း အချိန်ကုန်မယ် အကျိုးရတာမရတာတော့ မသိဘူး။

အရင်နှစ်တွေတုန်းက အဂ်လိပ်စာအုပ်တွေပဲဖတ်ဖြစ်တာများတယ်။ ဒီနှစ်တော့ ကျွန်တော့်ရဲ့ မြန်မာစာအရေးအသားပိုကောင်းအောင်ဆိုပြီး မြန်မာစာအုပ်တွေ ပိုဖတ်ဖို့ ဆုံးဖြတ်ထားတယ်။

ဆရာကြီး J.D. Salinger ရေးတဲ့ The Catcher in the Rye ဆိုတဲ့ စာအုပ်ကိုကောလိပ်တက်တုန်းက မူရင်းဘာသာနှင့် ဖတ်ဖြစ်ခဲ့တယ်။ တော်တော်လည်းကြိုက်ခဲ့တယ်။ မကြိုက်စရာအကြောင်းလည်းရှိမှ မရှိဘဲ။ ၂၀ ရာစုရဲ့ အကောင်းဆုံးစာအုပ်တွေထဲက တစ်ခုဖြစ်နေတာကတစ်ကြောင်း၊ ဇတ်ဆောင်ကလူငယ်တစ်ယောက်ဆိုတော့ လူငယ်စာဖတ်သူတစ်ယောက်အနေနှင့် ဇတ်ကောင်ရဲ့ဘဝထဲကို အငှားဝင်ပြီးခံစားလို့လည်းရတာကိုး။

မြန်မာပြန်ကိုတော့ ဆရာမြသန်းတင့် က "လေလွင့်သူ" ဆိုတဲ့နာမည်နှင့် ကျွန်တော်မမွေးခင် နှစ်တွေအများကြီးကတည်းက ဘာသာပြန်ထုတ်ဝေထားပြီးသား။ မြန်မာစာအုပ်ကိုကျော်ပြီး မူရင်းစာအုပ်ကိုဖတ်ရတာကလည်းအကြောင်းရှိတယ်။ ကျွန်တော်က အခြေခံလူတန်းစားထဲက လူငယ်တစ်ယောက်မို့ အဂ်လိပ်စာကို ကျောင်းမှာသင်ခဲ့ရတာကလွဲလို့ ကျူရှင်တစ်ခုမှ တက်ဖူးတာမဟုတ်ဘူး။ အဲဒါကြောင့်ပဲ သူများနောက်မကျန်ခဲ့ရအောင်ဆိုပြီးတွေ့သမျှအဂ်လိပ်စာအုပ်တွေလိုက်ဖတ်တာကြောင့် ဖတ်ဖြစ်ခဲ့တာ။ ထားပါ ကျွန်တော့်အကြောင်းကိုရေးမယ့် Post မှ မဟုတ်တာ။

ဇတ်ဆောင်ကလူငယ်ပီပီ စိတ်ကူးယဥ်သမား၊ ကျောင်းစာကို ဂရုမစိုက်တဲ့ကျောင်းသား။ သူပြောတာ အပေါင်းသင်းရှိတယ်လို့​တော့ပြောတာပဲ။ ဒါပေမယ့် သူ့ကိုကြည့်ရတာ သူ့ညီနှင့်သူ့ညီမကလွဲရင် လူတိုင်းကို သဘောမကျတဲ့ပုံ။ စာအုပ်တစ်အုပ်လုံးမှာ သူသဘောကျတဲ့လူဆိုလို့ ခပ်နည်းနည်းပဲရှိတယ်။ သူသဘောမကျတာက အများကြီး
လူချမ်းသာတွေကိုမှအဖတ်လုပ်တဲ့သူ၊ စပ်စုတဲ့သူ၊ မိန်းမပွေတဲ့သူ၊ စသည်စသည် စုံနေတာပဲ။ သူသဘောကျတဲ့သူကနည်းနည်းရယ် အဲဒီထဲက သူ့စကားအတွက် အသေခံရဲတဲ့သူငယ်၊ သူ့အဂ်လိပ်ဆရာ၊ ကျန်တာသဘောမကျတာချည်းပဲ။ သူ့ကိုလည်း သူတို့တွေက (သူသဘောမကျတဲ့သူတွေ) သဘောကျလိမ့်မယ်လို့တော့ မထင်ဘူး။ ဖတ်နေရင် ခံစားမိတာပါ။

ကျောင်းထုတ်ခံရတော့ အိမ်ကိုလည်းမပြန်ချင်ဘူး။ လျှောက်လှိမ့်နေတာ။ ဟိုဟာလုပ်ချင်တယ် ဒီဟာလုပ်ချင်တယ်နှင့် တကယ်လုပ်ရဲတာလည်းရှိတာမဟုတ်ဘူး။ (လူငယ်တိုင်းလိုလိုရဲ့ ပြဿနာ)

လိမ္မာလားဆိုတော့ မလိမ္မာဘူး။ မိုက်တဲ့လူငယ်လားဆိုတော့လည်း သူ့ကြည့်ရတာမိုက်ဖို့တောင် သတ္တိတောင်မရှိသေးဘူး။

ဟိုမလည်းမရောက် ဒီလည်းမရောက်လူငယ်တစ်ယောက်ရဲ့ ဘဝကို လူငယ်ဆန်ဆန်အရေးအသားနှင့် ရေးထားတာကို ပြောင်မြောက်တဲ့သာသာပြန်ဆရာရဲ့ လက်ရာပေါင်းကြည့်တဲ့အခါ ရလိုက်တဲ့ရသက အဖုံဖုံမို့ မဖတ်ရသေးတဲ့သူတွေရှိရင် ဖတ်လို့ကောင်းတဲ့စာအုပ်တစ်အုပ်ပါ။

ဖတ်ပြီးသွားရင်တော့ ဝေလည်လည်ဖြစ်နေတာ ငါတစ်ယောက်တည်းတော့မဟုတ်ဘူး ဆိုပြီး Motivation ရကောင်းရနိုင်ပါတယ်။

ရေးချင်တာကတော့ ဒီလောက်ပါပဲ။
ပိုသိချင် ပိုခံစားစီးမျှောချင်ရင် ကိုယ်တိုင်ဝယ်ဖတ်ပါ။

Want your public figure to be the top-listed Public Figure in Clarkston?
Click here to claim your Sponsored Listing.

Category

Address


Clarkston, GA