Life In Christ
သက်သေခံချက်များ နှင့် ဝေငှချက်လေးတွေ Tuesday to Saturday အထိနေ့တိုင်း တင်ဆက်ပေးနေပါသည်။
Bawipa Nang Pawh Kawi Ni!
====================
composer & Singer = Hai Van Thang!
https://youtu.be/TUZRnF3pCJA?si=CNOxAaYxl918zwSr
10/07/2023
အလိုတော် နှင့် ကိုယ့်လိုရာ။
================
ထာဝရဘုရား၏အလိုတော်အတိုင်း အသက်ရှင်ပြီး၊ဘုရားပြောသည့်အတိုင်း အသက်တာ တည်ဆောက်နေရင် သင်ဒုက္ခဆင်းရဲခြင်းထဲကနေ ပြန်နိုးထသောအခွင့်ဘုရားပေးမှာဖြစ်ပါတယ်။
👇👇👇
[သုတ္တံကျမ်း၊၂၄:၁၆]
ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။
အဆက်👇👇👇
မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။
ဘုရား၏အလိုတော်အတိုင်းအသက်ရှင်သောသူ။
==============================
ဘုရား၏အလိုတော်အတိုင်းအသက်ရှင်တဲ့ ဒါဝိဒ် နှင် အံဗြဟန် တို့၏အသက်တာကို တစ်ချက်ကြည့်မယ်ဆိုရင်။
အာဗြဟန်၏အသက်တာ။
-----------------------
အာဗြဟန်သည် ထာဝရဘုရား၏အလိုတော်အတိုင်းအသက်ရှင်သောသူဖြစ်တယ်။
ထို့ကြောင့် သူ၏ယုံကြည်ခြင်းကဖြောင့်မတ်တယ်လို့[ဂလာတိဩဝါဒစာ၃:၆-၉]မှာပြောပါတယ်။
အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။-
ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ၏သား ဖြစ်သည်ဟု အမှန်သိမှတ်ကြလော့။-
[ကမ္ဘာဦးကျမ်း ၂၂]
အလွန်ချစ်သောတစ်ယောက်တည်းသော သားဣဇာက် တောင်းလာတဲ့အခါ၊တွေဝေခြင်းအလျှင်းမရှိဘူး။
ထို့ကြောင့် 👇👇👇
[ကမ္ဘာဦးကျမ်း၂၂:၁၇] မှာ
ငါသည် သင့်အားအစဉ်အမြဲကောင်းချီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း၊ အစဉ်အမြဲပွားများစေမည်။
သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။
👇👇👇
[ကမ္ဘာဦးကျမ်း၂၅:၁]မှာ။
ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကိုကောင်းချီးပေးတော်မူပြီ။
ဆိုပြီးအာဗြဟန်သည်၊ ဘုရားအလိုတော်နှင့်အညီ ရပ်တည်ကြောင်းကို မြင်တွေ့ရသလို ဒါဝိဒ်မင်းကြီး၏ အသက်တာမှာလည်း ထပ်မံတွေ့နိုင်ပါသည်။
⏬⏬⏬
ဒါဝိဒ်မင်းကြီး၏အသက်တာ။
---------------------------
ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်၏အလိုတော်ကို လုံးဝ ငြင်းဆန်မှု့မရှိသောသူဖြစ်တယ်။
ဘုရား၏အလိုတော်ကို ဦးစားပေးပြီး အသက်ရှင်တဲ့အခါ ဘုရားသူ့ကိုပြန်ပြီး ဦးစားပေးခြင်းခံရတာတွေ့ရပါတယ်။ ☺️
[ဓမ္မရာဇဝင် ဒုတိယစောင်၇:၈]
ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ၌ ငါခန့်ထားပြီ။
🔽🔽🔽
ထို့နောက် ရှောလု၏ရန်ဘေးကနေ ထာဝရဘုရားသည် ဒါဝိဒ်ကို ကွယ်ကာပေးတဲ့အကြောင်း အောက်မှာတွေ့နိုင်ပါသည်။
👇👇👇
[ဓမ္မရာဇဝင် ဒုတိယစောင်၂၂:၁-၂၀]
ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊
ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။
👇👇👇
ထို့ကြောင့် [တမန်တော်ဝထ္ထု၁၃:၂၂]မှာ အခုလိုပြောပါတယ်။
👇👇👇
ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြှောက်တော်မူ၏။
ထိုသူအား သက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။-
ဘုရားအလိုတော်အတိုင်းအသက်ရှင်နေရင် ဒုက္ခတော့ရှိပါတယ်။
သို့သော် လွှတ်ခြင်းအခွင့်ကိုဘုရားအမြဲပြင်ဆင်ပေးသလို ဘယ်လိုတွေ အကွယ်အကာကာပေးပြီး ဘာကောင်းချီးတွေရတတ်တဲ့အကြောင်း [အာဗြဟန် နှင့် ဒါဝိဒ်]အားဖြင့် သက်သေယူနိုင်ပါသည်။
ကိုယ့်လိုရာ သို့ လိုက်သောသူ။
===================
ဥပမာ = ဣသရေလအမျိုး၌ ပထမဦးဆုံး ဘုရင်ဖြစ်တဲ့ ရှောလု မင်းကြီး၏ အသက်တာကို ကြည့်မယ်ဆိုရင် တွေ့နိုင်ပါသည်။
👇👇👇
[ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၅:၂-၂၈] အထိဖတ်မယ်ဆို တွေ့နိုင်ပါတယ်။
ထာဝရဘုရားက ရှောလုကို၊အာမလက်အမျိုးတွေ ရှင်းရှင်းပျက်စီးဖို့ ရှမွေလ အားဖြင့်ပြောထားတာဖြစ်ပါတယ်။
သို့သော်
ရှောလုမင်းကြီးက ကိုယ်လိုရာ ကိုယ့်စိတ်ဆန္ဒကို ဦးစားပေးတဲ့အခါ ထာဝရဘုရားက အငယ်[၂၃] မှာ အခုလိုတွေ့ရပါသည်။
[ဓမ္မရာဇဝင် ပဋ္ဌမစောင်၁၅:၂၃]
ငြင်းဆန်သောသဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို့လည်းကောင်း၊ ခိုင်မာသောသဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့လည်းကောင်း အပြစ်ကြီး၏။
သင်သည် ထာဝရဘုရား၏စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကိုနုတ်၍ သင့်ကိုပယ်တော်မူပြီဟု ဆို၏။
နောက်ဆုံး ရှောလုရဲ့ဘဝက စစ်တိုက်ရင်း ကိုယ့်ကိုအဆုံးစီရင်တဲ့အထိ ဖြစ်တာကိုလည်းတွေ့ရပါတယ်။
နောက်ထပ်တစ်ယောက်ကတော့ ရှုံဆုန် အားဖြင့်လည်းတွေ့နိုင်ပါသည်။
👇👇👇
[တရားသူကြီးမှတ်စာ၁၆:၃-၂၃]အထိကြည့်စေချင်ပါသည်။
ရှုံဆုန် ဟာအင်မတန် အားကြီးသော ခွန်အားကို ဘုရားကပေးထားတာဖြစ်ပါတယ်။
သို့သော် ကိုယ်လိုရာကို ဦးစားပေးလိုက်တဲ့အခါ၊ဘုရားက သူ့ကိုစွန့်လွှတ်မှန်းမသိတဲ့အထိ ရှုံးနိမ့်ကြောင်းကိုတွေ့ရပါတယ်။
နောက်ဆုံး အငယ် [၂၃] မှာ သူ့ကြောင့် အာမလတ် လူတွေက ထာဝရဘုရားကိုတောင် မထီမဲ့မြင်ပြုခြင်းကိုခံကြတာမြင်တွေရပါတယ်။
ထို့ကြောင့် မိတ်ဆွေ ကျနော်/ကျမတို့ ဘုရားကျောင်းမှာ သို့မဟုတ် ယုံကြည်သူတွေစုဝေးတဲ့နေရာမှာ ကိုယ့်လိုရာကို ဦးတည်နေသလား?
သို့မဟုတ်
ကိုယ့်ရဲ့စိတ်ဆန္ဒ ကိုဦးစားပေးနေပြီလာဆိုတာ မိမိအသက်တာကို ကိုယ်ကိုတိုင် ပြန်ဆန်းစစ်ဖို့ရာ "ရှောလုမင်းကြီး နှင့် ရှုံဆုန် " အားဖြင့် သင်ခန်းစာယူဖို့ဖြစ်တယ်။
ထိုနည်းအတူ👇👇👇
ဘုရားအလိုတော်အတိုင်း အသက်တာ တည်ခြင်း၏ကောင်ချီးသည်၊ "ဟာဗြဟန် နှင့် ဒါဝိဒ်" အားဖြင့် လည်းခွန်အားယူဖို့ဖြစ်တဲ့အကြောင်း။
🔽🔽🔽
l!
မှ
#နေ့စဉ်ခွန်အား။
ကိုယ်တိုင်ခွန်အားရတဲ့ အရာလေးမို့ ပုံထည့်ထားရခြင်းဖြစ်ပါတယ်။
အမြင်မတော်ရင်လည်း၊ခွင့်လွှတ်ပေးဖို့ပြောချင်ပါတယ်။
အချိန်ပေးပြီးဖတ်ပေးသွားတဲ့အပေါ် ဘုရားရှင်ကောင်းချီးပေးပါစေ။
🙏🙏🙏
Click here to claim your Sponsored Listing.
Category
Website
Address
Keller, TX
76248