ခန္ဓာ၅ပါး-တစ်ဦး
ဝိပဿနာတရားကျင့်ကြံအားထုတ်နိုင်ကြပါစေ။ ခန္ဓာ၅ပါး-တစ်ဦး
03/13/2026
စိတ်ကိုဘယ်လိုရှုရမလဲ..လို့သိချင်သူတွေအတွက်..
"စိတ်ရှုနည်း "
အလွယ်ကူဆုံး.. ရှင်လင်းချက်
*****************************
ဝိပဿနာဘာဝနာပွားများရာမှာ သတိပဋ္ဌာန်လေးပါးဆိုပြီး ရှုမှတ်ရတဲ့ အခြေခံတရား လေးမျိုးရှိကြောင်း၊ ရဟန်းသံဃာ ဆရာတော်တွေနဲ့ တရားပြဆရာတွေ ဟောပြောတဲ့ အခါမှာသော်လည်းကောင်း၊ ပြီးတော့ တရားအားထုတ်တဲ့အခါမှာ သိသင့်တဲ့ဝိပဿနာ အကြောင်းဆိုပြီး ရေးသားထားတဲ့တရားအားထုတ်နည်း စာအုပ်စာပေတွေမှာလည်း မြင်ဘူးကြ၊ ဖတ်ဖူးကြမှာပါပဲ။
၁။ကာယာနုပဿနာ သတိပဋ္ဌာန်
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်
၃။စိတ္တာနုပဿနာ သတိပဋ္ဌာန်
၄။ဓမ္မာနုပဿနာ သတိပဋ္ဌာန်
ဆိုတဲ့ သတိပဋ္ဌာန်လေးပါးအနက် စိတ္တနုပဿနာအတွက် သိသင့်တဲ့ အကြောင်းလေးမျှဝေမှာ ဖြစ်ပါတယ်။
တကယ်တော့..
ဒီအင်တာနက်စာမျက်နှာမှာ အကြောင်းအမျိုးမျိုးကြောင့် စာမရေးဖြစ်ဘဲ၊ ရပ်နားခဲ့တာကြာပါပြီ။
ဟိုတလောက ဓမ္မမိတ်ဆွေတစ်ယောက်က"စိတ်ကိုရှုမှတ်ဖို့ဆိုတာ အပြောလွယ်သလောက် အရမ်းခက်တယ်ဗျာ၊စိတ်ကို ရှုမှတ်ပုံရှုမှတ်နည်း "ရှိရင် အကြံပေးပါအုံးလို့ မေးလာတာရှိပါတယ်။
အဲဒီလိုအခက်ခဲကို ဖြေရှင်းနိုင်ဖိုအတွက် ကုသိုလ်ပြုလိုတဲ့ စေတနာနဲ့ နာကြားခံယူဖူးခဲ့ရတဲ့တရားတွေထဲက သင့်တော့်တဲ့တရားတစ်ပုဒ်ကို ကုသိုလ်ပြုဖော်ပြပေးမှာ ဖြစ်တဲ့အတွက်
တိုက်ခွဲအမှတ် ( ၃၂ ) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာများရဲ့ မဟာနာယကဖြစ်တဲ့
"ဆရာတော် အရှင်ဓမ္မပါရဂူ " ဟောကြားထားတဲ့ တရားဒေသနာတော်ထဲက ကောက်နှုတ်ပြီး..
"စိတ်ရှုနည်း"အလွယ်ဆုံးရှင်းလင်းချက်
ဆိုတဲ့ ခေါင်းစဥ်အမည်နဲ့ ဓမ္မဒါပြုလိုက်ပါတယ်။
ရှေးဦးစွာ စိတ်ရဲ့အကြောင်းကို ပြောရရင်..
စိတ်ရဲ့ သဘာဝက..
စိတ်ဆိုတာ အာရုံမရှိဘဲ တစ်ကိုယ်တည်း ဖြစ်ပေါ်လို့ မရပါဘူး။အာရုံရှိမှ စိတ်ဖြစ်ပါတယ်။ အသံနဲ့တိုက်ဆိုင်တော့မှ ကြားတဲ့စိတ်ပေါ်ပါတယ်၊ အနံ့ နဲ့ တိုက်ဆိုင်တော့မှ နံတဲ့ စိတ်ပေါ်တယ်၊ အတိတ်အာရုံ တိုက်ဆိုင်တော့မှ အတိတ်ကိုတွေးတဲ့စိတ်ပေါ်ပါတယ်။
အာရုံဆိုတာ စိတ်ရဲ့ အစားအစာ လိုပါပဲ။ အာရုံ( ၆ ) ပါးရှိတဲ့အနက် ( ၅ )ပါးဖြစ်တဲ့" မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်" တို့ကနေ ဖြစ်တဲ့စိတ်တွေဟာ လက်ရှိ "ပစ္စုပ္ပန်" မှာကတော့တိုက်ရိုက်ထိတွေ့နေတဲ့ အာရုံကိုပဲ သိနိုင်ပါတယ်။
ကျန်တဲ့ မနော ဆိုတဲ့ စိတ်ကတော့ အတိတ်ကအကြောင်းတွေ၊ အနာဂတ်အကြောင်းတွေနဲ့ စိတ်ကူးယဉ်မှုတွေကိုပါ သိနိုင်တဲ့ ထူးခြားတဲ့ တံခါးပေါက် ဖြစ်ပါတယ်။
အဲ့ဒါကို "ဓမ္မာရုံ"လို့ ခေါ်ပါတယ်။ "ဓမ္မာရမ္မဏ" ဓမ္မအာရုံ ပေါ့နော်။"
" ဓမ္မာရုံ " ဆိုတာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တို့နဲ့ တိုက်ရိုက်ထိတွေ့လို့မရဘဲ "စိတ်"သက်သက်နဲ့ပဲ သိလို့ရတဲ့ အာရုံတွေကို ခေါ်တာပါ။ တကယ်တော့ ဓမ္မမိတ်ဆွေတို့ နေ့စဉ်ဘဝမှာ အချိန်အများဆုံး ပေးနေရတဲ့ စိတ်အစဉ်အတန်းလည်း ဖြစ်ပါတယ်။
မနေ့က စားခဲ့တဲ့ ဟင်းအရသာကို လျှာနဲ့ထိတာမဟုတ်ဘဲနဲ့ စိတ်ထဲမှာ ပေါ်လာတာ ကို ပြန်တွေးမိတာမျိုး၊ မနက်ဖြန် ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေချတာမျိုး၊ပုံသဏ္ဌာန်၊ နာမည်၊ အယူအဆ၊ သဘောတရားတွေ၊ပြီးတော့ ကြောက်ရွံ့တာ၊ ပျော်ရွှင်တာ၊ မေတ္တာပွားတာ စတာတွေ၊ နောက်ပြီး စိတ်ထဲမှာ ပုံရိပ်တစ်ခုခု ဒါမှမဟုတ် အတွေးတစ်ခုခု ရုတ်တရက် ပေါ်လာသလိုမျိုး နမိတ်တွေ ပေါ်သလိုမျိုးပေါ့၊
တကယ်တော့..
အပြင်က အာရုံ ၅ ပါး ဖြစ်တဲ့ မြင်တာ၊ ကြားတာ၊ နံတာ၊ စားတာ၊ ထိတွေတာတွေက ခဏလေးပဲ ဖြစ်နေတာပါ။ ဒါပေမဲ့ အဲဒီအာရုံတွေကို အခြေခံပြီး ဓမ္မာရုံ အနေနဲ့ စိတ်ထဲမှာ တနုံ့နုံ့ နဲ့ ပြန်တွေးနေတာက ပိုပြီးကြာပါတယ်..နော်။
ဥပမာ..
တစ်ယောက်ယောက်က ကိုယ့်ကို ဆဲဆိုလိုက်တာက "အသံ" (သဒ္ဒါရုံ) အနေနဲ့ ခဏလေးပါပဲ။ ဒါပေမဲ့ အဲဒီအသံကို စိတ်ထဲမှာ ပြန်တွေးပြီး ( ဓမ္မာရုံ ) တနေကုန် စိတ်ဆိုးနေတာမျိုးဟာ မနောဒွါရမှာ စိတ်တွေ ထပ်ခါတလဲလဲ ဖြစ်နေတာ ဖြစ်ပါတယ်။
ဓမ္မာရုံမှာ စိတ်ဖြစ်တာဟာ " အတွေး "တွေ ဖြစ်ပေါ်လာတာပါ။ ဓမ္မမိတ်ဆွေတို့ရဲ့ စိတ်ဆင်းရဲမှု၊ စိတ်ချမ်းသာမှု အားလုံးနီးပါးဟာ ဒီဓမ္မာရုံကို စိတ်က ဘယ်လိုတုံ့ပြန်သလဲ ဆိုတာပေါ်မှာပဲ မူတည်နေပါတယ်။
ဒီလို စိတ်အလုပ်လုပ်ပုံကို သိသွားတဲ့အခါမှာ " သတိ"ထားပြီး စိတ်ကို ထိန်းကျောင်းဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။ အဲဒီလို ထိန်းကျောင်းနိုင်ဖို့ဆိုတာ အထက်ကပြောထားတဲ့ ..
သတိပဋ္ဌာန်လေးပါးအနက် စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ရှုမှတ်အားထုတ်ဖို့လိုအပ်တဲ့အလျောက်၊ ဓမ္မမိတ်ဆွေတစ်ယောက် မေးလာတဲ့ မေးခွန်းကို ဆက်လက်ဖော်ပြလိုက်ပါတယ်။
အရင်ဆုံးစိတ်ကို ဘယ်လိုရှုရမလဲဆိုတာနဲ့ ပတ်သက်ပြီးပြောရရင်၊ဆရာတော်က ရှုနည်းလေးတစ်ခု ဥပမာလေးတစ်ခုပေးပြီး ဟောပြောပြထားတာရှိပါတယ်။
"မုဆိုးတစ်ယောက်က ယုန်သားစားချင်တော့ တောထဲကိုသွားပြီး၊ ယုန်သွားဖမ်းပါတယ်။ အဲဒီမုဆိုးက ယုန်ကို မှီအောင်ပြေးပြီး လိုက်ဖမ်းလို့ မဖြစ်နိုင်တော့၊ မှီအောင် လိုက်နိုင်မယ့် တောလိုက်ခွေးတစ်ကောင်ကို ခေါ်သွားတယ်။
အဲဒီမှာ ..
ယုန်ကို မြင်တာနဲ့ ခွေးက နောက်ကလိုက်လို့၊ ယုန်က ရှေ့ကပြေးပါတယ်၊ ယုန်ဆိုတဲ့ သတ္တဝါက က အားလုံးကို ကြောက်ရတဲ့ သတ္တဝါဖြစ်နေတော့ ဘာလုပ်လဲ ဆိုရင် နီးစပ်ရာ၊ တွေ့တဲ့ ချုံထဲကို ဝင်တိုးပြီး ပုန်းပါတယ်။
အဲဒီတော့ ယုန်နဲ့ချုံက အတူတူရှိတယ်။ အဲဒီနေရာ ခွေးရောက်လာတဲ့အခါမှာ ဒီခွေးက ချုံနဲ့ယုန် အတူတူရှိပေမယ့်လို့၊ ချုံကို လှစ်လျူရှုထားပြီး၊ ယုန်ကိုပဲ ရအောင်ဖမ်းပါတယ်။
ဒီယုန်ဟာ အရှေ့ဘက်က ချုံထဲကိုဝင်တိုးတော့ အရှေ့ဘက်ကို ခွေးကလိုက်တယ်၊ အနောက်ဖက်က ချုံထဲကို ပြေးဝင်တော့လည်း အနောက်ဖက်ကိုလိုက်တယ်။
ယုန်က တော့ သူလွတ်ရာကျွတ်ရာ ပြေးချင်တဲ့ဖက်ပြေးမှာပဲ၊ ဘယ်ကိုပဲ ပြေးပြေး၊ ခွေးကလည်း ယုန်ပြေးတဲ့အနောက်ကိုပဲ လိုက်မှာပဲ။
"ခွေးက လိုက်ရမှာက ခွေးအလုပ်။ ယုန်ကလည်း သူပြေးချင်တာကို ပြေးမှာပဲ။ ခုနပြောသလို ချုံထဲ ဝင်တိုးတော့ ချုံနဲ့ယုန် နှစ်မျိုးစလုံးရှိတဲ့အနက် ခွေးက ယုန်ကိုပဲ ရအောင်ဖမ်းတယ်။
ဒီနေရာမှာ..
ခွေးဟာ ဘာနဲ့တူလဲဆိုတော့..
တရားရှုမှတ်နေတဲ့ ဓမ္မမိတ်ဆွေတို့ရဲ့ အရှုဉာဏ်နဲ့တူတယ်၊ သတိဉာဏ်နဲ့ တူတယ်။
ယုန်ဟာ ဘာနဲ့တူလဲဆိုတော့..
ဟိုအာရုံပြု၊ ဒီအာရုံပြု၊ ဟိုရောက်ဒီရောက် ဖြစ်နေတဲ့ စိတ်ကလေးနဲ့တူပါတယ်။
အဲ့ဒီတော့ ယုန်ဟာ သူတိုးချင်တဲ့ချုံကို တိုးသလိုမျိုး၊ ဓမ္မမိတ်ဆွေတို့ ရဲ့ စိတ်ကလေးကလည်း သူသွားချင်တဲ့နေရာ သွားမှာပဲ။
တရားထိုင်တဲ့အခါမှာ ဓမ္မမိတ်ဆွေတို့က၊ စိတ်ဟာ ငါ့စိတ်ပဲ ဆိုပြီးတော့ စိတ်ကို.. ပထမ ဘယ်အာရုံသွား၊ နောက်ပြီးရင် ဘယ်အာရုံသွား၊ ပြီးမှ ဘာလုပ်ပါ စသည်အားဖြင့် ကြိုတင်ပြီး ပရိုဂရမ်လုပ်ထားပြီး အမိန့်ပေးသလို့ မျိုးလုပ်လို့မရပါဘူး။
ငါ့စိတ် ငါ့စိတ်' ဆိုပေမဲ့ တကယ်တော့ အနတ္တ၊ ငါမပိုင်ပါဘူး။ ငါမပိုင်တဲ့အတွက် စိတ်က သွားချင်ရာ သွားမှာပဲ။ဥပမာ..
ကြားတဲ့ အသံဆီရောက်လိုက်၊ နာနေတဲ့ ဒူးခေါင်းကိုရောက်လိုက်၊ တင်ပါးပေါင် စတဲ့နေရာတွေရောက်လိုက်၊ အတိတ်ကိုရောက်သွားလိုက်၊ အနာဂတ်ကို ရောက်လိုက်... သွားချင်ရာသွားနေမှာပဲလေ။
အဲဒီမှာ အရေးကြီးတာက စိတ်က ဘယ်အာရုံဆီပဲသွားသွား၊ အဲ့ဒီအာရုံကို မရှုဘဲနဲ့ အဲ့ဒီအာရုံကို သိနေတဲ့ 'စိတ်' ကိုပဲ ရှုရမှာဖြစ်ပါတယ်။
ဥပမာ- အသံကြားလိုက်တယ်ဆိုပါစို့၊ အသံက 'ချုံ' နဲ့တူတယ်။ အသံကို သိနေတဲ့စိတ်က 'ယုန်' နဲ့တူတယ်။ ယောဂီက အသံနောက်ကို လိုက်မတွေးပါနဲ့၊ "ကြားတယ်၊ ကြားတယ်"လို့ သိနေတဲ့ စိတ်ကလေးကိုပဲ သတိနဲ့ကပ်စောင့်ကြည့်ပါ။
စိတ်ကလေးက တစ်ခုပြီးမှ တစ်ခုဖြစ်တာ။ အရှေ့စိတ်ကလေး ချုပ်ပျောက်သွားမှ အနောက်စိတ်ကလေးက ပေါ်လာတာ။ ယောဂီတို့က အဲ့ဒီလို စိတ်ကလေးတွေ ဖြစ်ပေါ်လာပြီး ပျောက်ကွယ်သွားတာကို ဉာဏ်နဲ့ စောင့်ကြည့်နေရမှာဖြစ်ပါတယ်။
စိတ်က အပြင်ထွက်သွားရင်လည်း အော်... ထွက်သွားပြီ' လို့ သိလိုက်ပါ။ သိလိုက်ယုံပါပဲ။
အဲဒါ သတိပဲ။
သိလိုက်တာနဲ့ အဲ့ဒီစိတ်က ချုပ်သွားပြီ။ ပြီးရင် နောက်ထပ် ပေါ်လာတဲ့စိတ်ကို ထပ်သိပါ။
အဲ့ဒါ အရှုခံစိတ်ပေါ့နော်။ အရှုခံစိတ်က ရောက်ချင်ရာရောက်မှာပဲ၊ရောက်ပါလေ့စေ။အဲဒီလို ယုန်နဲ့တူတဲ့ စိတ်ကလေးဟာ ဘယ်အာရုံကိုပဲသွားသွား၊ ဥပမာဆိုပါတော့ အသံကြားလိုက်၊ ခန္ဓာကိုယ်ရောက်လိုက်၊ ယားတဲ့နေရာ သွားသိလိုက်၊ အိမ်ကကိစ္စတွေကို သတိရလိုက်... ဘယ်အာရုံသွားသွား ၊တောလိုက်ခွေးနဲ့တူတဲ့ အရှုဉာဏ်က ဒီအာရုံတွေကို မရှုရပါဘူး။
အဲဒီ အာရုံ မျိုးစုံကိုသွားတဲ့ စိတ်ကလေးကိုပဲ သတိနဲ့ဉာဏ်က ရှုရပါတယ်။တောလိုက်ခွေးနဲ့တူတဲ့ သတိနဲ့
ဉာဏ်က အာရုံမျိုးစုံကိုသွားတဲ့ စိတ်ကလေးကိုပဲ ရှုတယ်။ အာရုံတွေကို မရှုဘူး။
ဆိုလိုတာကတော့ ချုံထဲကို တိုးတဲ့ယုန်ဟာ အရှုခံစိတ်၊ ဟိုပြေးဒီပြေးစိတ်တွေ။ အာရုံတွေဟာ ချုံနဲ့တူတယ်။
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ဒါ အာရုံတွေပဲ။
ပြီးတော့..
အထက်မှာ ပြောခဲ့သလိုမျိုး စိတ်ထဲက ကြံစည်၊ စဉ်းစားတဲ့ ဓမ္မာရုံဆိုတာလည်းရှိပါသေးတယ်၊ ဓမ္မမိတ်ဆွေတို့ရဲ့ စိတ်ထဲကနေ ငယ်ငယ်တုန်းကအကြောင်းကို တွေးတယ်၊ ငယ်ငယ်တုန်းက အဖေအကြောင်း၊ အဖိုးအဖွားတွေ မရှိတော့ဘူး ဆိုပေမယ့်လည်း ပြန်တွေးတဲ့အခါ စိတ်ထဲမှာ သူတို့ပုံလေးတွေ ပေါ်ပေါ်လာမှာပဲလေ၊ အဲ့ဒါကို "ဓမ္မာရုံ"လို့ ခေါ်တယ်။
"အဲဒီလို စိတ်ကလေးက "ဓမ္မအာရုံ"ကို လည်း သွားမှာပဲ၊ ခု ပစ္စုပ္ပန်မှာ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ကိုလည်း သွားမှာပဲ၊ သွားချင်ရာ သွားပါလေ့စေ။ အဲ့ဒီအာရုံတွေကို ရှုရမှာ မဟုတ်ပါဘူး။ အဲ့လို အာရုံတွေကို သွားသွားသိတဲ့ စိတ်ကလေးကိုပဲ သတိနဲ့ဉာဏ်နဲ့က ရှုရမှာ ဖြစ်ပါတယ်။"
"အဲဒီ သတိဉာဏ်ဟာ တောလိုက်ခွေးနဲ့တူတယ်၊ တောလိုက်ခွေးသည် ချုံကို မဖမ်းဘဲနဲ့ ယုန်ကိုပဲ ဖမ်းသလို သတိဉာဏ်ကလည်း အဲဒီအာရုံကို မရှုဘဲနဲ့ အဲ့ဒီအာရုံမျိုးစုံကိုသွားတဲ့ စိတ်ကလေးကိုပဲ သတိဉာဏ်က ရှုရမှာပဲဖြစ်ပါတယ်။
စိတ်နဲ့ အာရုံကို သဘောမပေါက်တဲ့ သူတွေကတော့ စိတ်ကိုမရှုကြဘူး၊ စိတ်ကို မရှုတတ်ကြဘူး။
ယုန်နဲ့တူတဲ့ စိတ်ကိုမရှုဘဲနဲ့ ချုံနဲ့တူတဲ့ အာရုံတွေပဲ နှလုံးသွင်းနေတာ။
ဥပမာ
အဖေ အမေ အကြောင်းတွေးလိုက်မိရင်၊ အဖေ အမေအကြောင်းကို ဆက်ပြီးစဉ်းစားနေပြန်ရော၊ အသံကြားရင်လည်းကြားတဲ့အသံကို ဆက်ပြီး အာရုံပြုနေပြန်ရော။ ပြီးတော့ တရားအားထုတ်နေတဲ့ ယောဂီကလည်း အောက်က နာနေတဲ့ ရုပ်ကြီးဆီ စိတ်ကရောက်သွားပြန်ရင်လည်း ၊ အဲဒီနာတဲ့အကြောင်းကြီး ဆက်စဉ်းစားနေပြန်ရော...
စိတ်ကိုရှုတယ်ဆိုတဲ့ သူအနေနဲ့ အဲ့ဒီလိုလုပ်တာ မှားပါတယ်။မလုပ်ရပါဘူး။ အရင်တုန်းက အကျင့်ကစွဲနေတာ။
နာနေတဲ့နေရာ စိတ်ရောက်နေပါစေ၊ အဲဒီရောက်တဲ့စိတ်ကလေးကိုရှု။
အသံပေါ်လာရင် ကြားမယ်၊ ကြားတဲ့စိတ်ကလေးကိုရှု၊ အသံကို မရှုနဲ့။ အတိတ်အနာဂတ် စဉ်းစားရင် စဉ်းစားတဲ့စိတ်ကလေး၊ စဉ်းစားတဲ့အကြောင်းအရာကို ဆက်ပြီးမတွေးဘဲနဲ့ အတိတ်အနာဂတ်ကို အာရုံပြုတဲ့ စိတ်ကလေးကိုရှု။
အဲဒီလိုလေး စိတ်ကလေးကို ဓမ္မမိတ်ဆွေ တို့က သတိနဲ့ဉာဏ်နဲ့ ပေါ်တိုင်းပေါ်တိုင်း ပိုင်းခြားပြီး ရှုနေရမှာ ဖြစ်ပါတယ်။
အဲဒါကိုပဲ...
"စိတ္တာနုပဿနာ၊"
စိတ်ကိုရှုတယ် ခေါ်ပါတယ်။
-----------------
သာဓု၊ သာဓု၊ သာဓု
( ခန္ဓာ-၅ ပါးတစ်ဦး )
မတ်လ ( ၈ ) ရက်၊ ၂၀၂၆
12/09/2025
အရင်က ကုသိုလ်ပြုခဲ့ဖူးသော "၂၄-ပစ္စည်း ပဋ္ဌာန်း "အလွတ်ကျက်မှတ်နည်းကို ရှာဖွေရလွယ်ကူစေရန် ထပ်မံ၍ ကုသိုလ်ပြုဖော်ပြပါသည်။
06/24/2025
☸️ သင်္ခါရုပေက္ခာဉာဏ် ဂုဏ်အင်္ဂါ-၆ပါး☸️
••••••••••••••••••••••••••
တရားအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေတို့ကို ရှေ့ဦးစွာအသိပေးတင်ပြရရင်၊ တရားအားထုတ်တဲ့ ယောဂီဟာ "သင်္ခါရုပေက္ခာဉာဏ် " ကိုမှ မရောက်သေးဘူးဆိုရင်၊ မဂ်ဖိုလ် နဲ့ နီးကပ်ဖို့ဝေးနေအုံးမှာဖြစ်တဲ့အတွက်၊ အရေးကြီးလှတဲ့ "သင်္ခါရုပေက္ခာဉာဏ် " အကြောင်းကို ကုသိုလ်ပြု ဖော်ပြလိုက်ပါတယ်။
ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးဟောကြားထားတဲ့ ဉာဏ်စဥ်(၁၆ )ပါးတရားတော်ထဲက ထုတ်နှုတ်ပြီး ဖော်ပြကုသိုလ်ပြုတာပဲဖြစ်ပါတယ်။
" သင်္ခါရုပေက္ခာဉာဏ်" မှာ အထူး မှတ်သားရမှာဖြစ်တဲ့ ဂုဏ်အင်္ဂါ( ၆ ) ပါးဆိုတာရှိပါတယ်၊ အဲဒီဂုဏ်အင်္ဂါ ( ၆ ) ပါးကို မရှင်းပြခင်၊ မှတ်သားရတာလွယ်အောင် မဟာစည်ဆရာတော်ဘုရားကြီး စာစီထားတဲ့ ဆောင်ပုဒ်လေးကို အရင် ကုသိုလ်ပြုဖော်ပြပေးပါမယ်။
အဲဒီဂုဏ်အင်္ဂါ( ၆ ) ပါးကို ( ၃ )ပါးစီခွဲပြီး ( အ ) နဲ့ ( အာ ) ဆိုတဲ့ အက္ခရာအမှတ်နဲ့ ညီမျှမှု ဂုဏ်ပုဒ် နှစ်ခုကိုခွဲပြထားပါတယ်။
( အ ) အက္ခရာအမှတ်နဲ့ ညီမျှမှု ဂုဏ်ပုဒ်က..
"ကြောက်နှစ်သက်ခြင်း ကင်းရှင်းပေသည်၊ ချမ်းသာဆင်းရဲ ရှုမြဲတူညီ၊ ကြောင့်ကြမပြု မှတ်ရှုလွယ်သည်၊ သင်္ခါရု ညီမှုဂုဏ်သုံးမည်.."
လို့ ဆိုထားပါတယ်။
ဒီ " သင်္ခါရုပေက္ခာဉာဏ်" ရဲ့ ပထမ ဂုဏ်အင်္ဂါ သုံးပါးဆိုတာ ..
ပထမ အင်္ဂါက ကြောက်တာ၊နှစ်သက်တာ ကင်းရှင်းပေသည်.. တဲ့၊ ကြောက်ခြင်းလည်းကင်းတယ်၊ နှစ်သက်ခြင်းလည်းကင်းတယ်။
ကြောက်ခြင်းဆိုတာက ..
လောကမှာ အလိုလိုနေရင်း ကြောက်ခြင်းကတစ်မျိုး၊ တရားသဘောအလိုအားဖြင့် ကြောက်ခြင်းကတစ်မျိုး၊ ဒီလိုနှစ်မျိုးရှိပါတယ်။
လောကအလိုအားဖြင့် ကြောက်တယ်ဆိုတာက လောကမှာ ဘေးအန္တရာယ်တွေ၊ ရန်သူတွေနဲ့တွေ့မှာကို မျှော်တွေးပြီး၊ ကြောက်ရွံ့စိုးရိမ်ကြတယ်၊ တစ်စုံတစ်ခု အကျိုးမဲ့ဖြစ်သွားမှာကို မျှော်တွေးပြီးတော့လည်း ကြောက်ရွံ့စိုးရိမ်ကြတယ်၊ အကြောင်းရှိလို့ စဥ်းစားမိရင် ဒီလိုကြောက်ရွံ့စိုးရိမ်မှုတွေဟာ အများအားဖြင့်ဖြစ်လာကြတော့တာပါပဲ၊ နောင်ရေးကို တွေးပြီးတော့လည်း စိုးရိမ်းကြောင့်ကြခြင်း ပူပန်ခြင်းတွေဟာ အများအားဖြင့် ဖြစ်နေကြတာပါပဲ၊ ဒါပေမယ့် အခု ဒီ "သင်္ခါရုပေက္ခာဉာဏ် "သန်သန်ကြီး ဖြစ်နေတဲ့ ယောဂီမှာကတော့ အဲဒီလို စိုးရိမ်မှု၊ ပူပန်မှု ကြောက်ရွံ့မှုတွေဟာ လုံးလုံးမဖြစ်ဘဲ ငြိမ်းနေတတ်တယ်၊ အကယ်၍ ဖြစ်ပေါ်လာရင်တောင်မှ များများမဖြစ်ပါဘူး၊ ကြာကြာမဖြစ်ဘူး၊ ခဏတဖြုတ်လောက်ဖြစ်ပြီး ပျောက်သွားပါတယ်၊ အဲဒီလိုမျိုး လောကဖက်က ကြောက်ရွံစိုးရိမ်ခြင်းကင်းတဲ့ပုံစံပဲဖြစ်ပါတယ်။
ပြီးတော့ တရားနဲ့ပတ်သက်ပြီး ကြောက်တယ် ဆိုတာကတော့.. ယောဂီအနေနဲ့ အောက်ဉာဏ်တွေဖြစ်တဲ့ " ဘယဉာဏ်" တုန်းက ကြောက်တဲ့အခြင်းအရာတွေဖြစ်ခဲ့တယ်၊ ရှုမှတ်တိုင်း ရှုမှတ်တိုင်း အာရုံရော မှတ်စိတ်ရော တရိပ်ရိပ်နဲ့ တပျောက်ထဲ ပျောက်နေတာချည်းပဲတွေ့ရတော့ ကြောက်စရာတွေပဲ လို့ ထင်မြင်ပြီး၊ ကြောက်တဲ့ အခြင်းအရာလေးတွေ အဲဒီတုန်းက ဖြစ်ခဲ့တယ်၊ အခု "သင်္ခါရုပေက္ခာဉာဏ်" မှာကြတော့ အဲဒီလိုကြောက်တဲ့အခြင်းအရာတွေ ကြောက်စရာလို့ ဆင်ခြင်တာတွေဟာ ဘာမှ မဖြစ်တော့ဘူး။ အခု တရိပ်ရိပ်နဲ့ အပျက်ကို မြင်တာကတော့ ဒီ "သင်္ခါရုပေက္ခာဉာဏ်" မှာ ပိုပြီးရှင်းပါသေးတယ်၊ ဒါပေမယ့် ဘယဉာဏ် တုန်းကလိုမျိုး ကြောက်စရာလို့ ဆင်ခြင်တာတွေ၊ ကြောက်တာတွေကတော့ မဖြစ်လာပါဘူး၊ ဒါဟာ တရားရေးရာ အလိုအားဖြင့် ကြောက်ခြင်းကင်းတာပါပဲ။ ဒါတင်မကသေးဘူး၊ "အာဒီနဝဉာဏ်" တုန်းကလည်း မကောင်းဘူးလို့ အပြစ်မြင်ခဲ့တယ်၊နိဗ္ဗိဒါဉာဏ်တုန်းကလည်း ခြောက်သွေ့သွေ့ကြီးဖြစ်ပြီး ငြီးငွေ့ခဲ့တယ်။ မုဥ္စိတုကမျတာဉာဏ်မှာတုန်းမှာလည်း လွတ်မြောက်မှုကိုတွေးတွေးပြီး လွတ်မြောက်ချင်ခဲ့တယ်၊ ပဋိသင်္ခါဉာဏ်မှာလည်း တခါ လွတ်မြောက်အောင် အထူးကြောင့်ကြပြုခဲ့တယ်၊ အဲဒီလိုမျိုး အပြစ်မြင်တာတွေ၊ ငြီးငွေ့တာတွေ၊ လွတ်ချင်တာတွေ အထူးကြောင့်ကြစိုက်တာတွေဟာ ဒီ သင်္ခါရုပေက္ခာဉာဏ်မှာကျတော့ ဘာမှ ဖြစ်မလာတော့ဘူး၊ အကုန်လုံးငြိမ်းနေတယ်။ အဋ္ဌကထာမှာတော့ ပဓာနနည်း၊ နိဒဿနည်း အရဖြင့်တော့ ဘယဥ္စလို့ ကြောက်ခြင်းတစ်ခုထဲသာ ပြထားပါတယ်၊ ဒါပေမယ့် ကြောက်ခြင်းတစ်ခုထဲ ကင်းရုံနဲ့တော့ သင်္ခါရုပေက္ခာဉာဏ် မဖြစ်သေးပါဘူး။ အာဒိနဝ၊ နိဗ္ဗိဒါ၊ မုဥ္စိတုကမျတာ၊ ပဋိသင်္ခါ ဆိုတဲ့ ဒီဉာဏ်အားလုံးရဲ့ အခြင်းအရာတွေ အကုန်လုံးကင်းပျောက်မှသာ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပါတယ်။ ဒါကို ရည်ရွယ်ပြီး အဋ္ဌကထာမှာ ဘယဥ္စဝိပ္ပဟာယ လို့ ဆိုထားပါတယ်၊ အခုပြောခဲ့တဲ့အတိုင်း လောကဓမ္မ နှစ်ဌာနဆိုင်ရာ ကြောက်ခြင်းကို သင်္ခါရုပေက္ခာဉာဏ်က ပယ်တယ်.. တဲ့၊ ပယ်တယ်ဆိုတာ သင်္ခါရုပေက္ခာဉာဏ်ရဲ့ အစွမ်းကြောင့် အဲဒီကြောက်ခြင်းဖြစ်ပေါ်မလာတော့ဘဲ၊ ကင်းနေတာကိုလည်း ဆိုလိုပါတယ်၊ ဘယဆိုတဲ့ ကြောက်ခြင်းကင်းတော့ သူ့ရဲ့နောက်လိုက်ဖြစ်တဲ့ အပြစ်မြင်ခြင်း အထူးကြောင့်ကြစိုက်ခြင်း ဆိုတာတွေလည်း ဘယနဲ့အတူတူ တပါတည်းကင်းငြိမ်းသွားတော့ တာပါပဲ။
ပြီးတော့ နှစ်သက်ခြင်းဆိုတာကလည်း လောကအလိုအားဖြင့် နှစ်သက်ခြင်းကတစ်မျိုး၊ တရားသဘောအလိုအားဖြင့် နှစ်သက်ခြင်းကတစ်မျိုး၊ ဒီလို ၂-မျိုးရှိပါတယ်။
လောကအလိုအားဖြင့် နှစ်သက်ဝမ်းသာတယ်ဆိုတာက…
လောကီစီးပွားဥစ္စာ၊ ကြက်သရေဂုဏ်သိရ်တွေ၊ အခြွေအရံ အပေါင်းအဖော်တွေ ဒီလို လောကီချမ်းသာတွေနဲ့ ပြည့်စုံနေတဲ့အတွက် နှစ်သက်ဝမ်းသာ တာပါဘဲ၊ ဒီလို စီးပွားချမ်းသာတွေနဲ့ ရှေးက ကောင်းစားခဲ့တာတွေ၊ အခု လက်ငင်း ကောင်းစားနေတာတွေ၊ နောင်ကောင်းစားဖို့အရာတွေ ဒီလိုဟာတွေ တွေးတောစဉ်းစားပြီး လူတွေက နှစ်သက်ဝမ်းသာနေကြတယ်၊ တပြုံးပြုံးနဲ့ ပျော်ရွှင်နေကြတယ်၊ အယုတ်စွဆုံးအား ဖြင့် သူများက မြှောက်ပင့်ပြီး ချီးမွမ်းတာကလေး ကြားရယင်ကိုပဲ သာမာန်ပုထုဇဥ်လူတွေဆိုတာကတော့ ဝမ်းသာကြတော့တာပါပဲ၊ ဟုတ်ချင်ဟုတ် မဟုတ်ချင်နေ ချီးမွမ်းခံရတဲ့ လူကတော့ သဘောကျပြီး လက်ခံတော့တာပါပဲ၊ ဒီလိုဟာမျိုးကို လောကရေးရာ နှစ်သက် ခြင်းလို့ခေါ်ပါတယ်။
ဒါမျိုးဟာ အခုလို သင်္ခါရုပေက္ခာဉာဏ်ရောက်ယင် ကင်းငြိမ်းနေပါတယ်၊ လုံးဝ မငြိမ်းရင်တောင်မှ သက်သာခွင့် တော့ ကောင်းကောင်းကြီး ရနေပါတယ်။
ဒီဉာဏ်ရောက်နေတဲ့ ယောဂီဟာရှေးကကောင်းစား ချမ်းသာခဲ့တာ တွေ ဝမ်းသာစရာတွေကို စဉ်းစားမိပေမယ်လို့ တယ်ပြီးတော့ မထူးခြားလှဘူး၊ မတုန်မလှုပ်ဘူး၊ နောင်ကြီးပွားချမ်းသာမှာတွေ ဝမ်းသာစရာတွေကို တွေးကြည့်လို့လည်း တယ်ပြီးစိတ်မတက်ကြွလှဘူး၊ သူများက မြှောက်ပင့်ပြောပေမယ့်လည်း မတုန်လှုပ်ဘူး၊ သူက တော်တော်ကို ဣန္ဒြေရနေတယ်၊ ဒါဟာ လောကဘက်က နှစ်သက်ဝမ်းသာမှုတွေ ကင်းနေတာပါပဲ။
ပြီးတော့ တရားရေးရာအလိုအားဖြင့် နှစ်သက်ဝမ်းသာတယ် ဆိုတာကတော့ "ဥဒယဗ္ဗယဉာဏ်"တုန်းက နှစ်သက် ဝမ်းသာတာမျိုးပါပဲ၊ အဲဒီဉာဏ်ဏ်တုန်းကဆိုရင် ယောဂီမှာ အရောင်အလင်းတွေ ပီတိပဒ္ဓိတွေ သုခတွေ ဒီလို မတွေ့စဖူး၊ အထူး အဆန်းတွေနဲ့ တွေ့ပြီးတော့ အားရဝမ်းသာမှုတွေဟာ သိပ်ဖြစ်ခဲ့တာပေါ့၊ သိပ်ဝမ်းသာပြီး ပြောချင်ဟောချင်နဲ့ တကြွကြွလည်းဖြစ်နေတတ်ခဲ့ပါတယ်၊ ဒီဝမ်းသာမှုတွေက လွန်ကဲပြီး မထိန်းသိမ်းနိုင်အောင် ဝမ်းသာမှုတွေ လွန်ပြီးတော့ တချို့မှာ စိတ်ကမူမမှန် သလိုတောင် ခဏလောက်တော့ ဖြစ်ချင်လည်း ဖြစ်သွားတတ်ပါသေးတယ်၊ အဲဒါတွေဟာ တရားဘက်က နှစ်သက် ဝမ်းသာမှုတွေပါပဲ၊ အခု ဒီသင်္ခါရုပေက္ခာဉာဏ်ရောက်တော့ အမှတ်အသိတွေက ကောင်းပါတယ်၊ ဥဒယဗ္ဗယဉာဏ်ထက် အဆပေါင်းများစွာပဲ သာပြီးကောင်းပါသေးတယ်၊ ဒါပေမယ့် လို့ အဲဒီတုန်းကလိုမျိုး အားတက်သရော ဝမ်းမြောက်ဝမ်းသာမှုတွေကတော့ မဖြစ်တော့ပါဘူး၊ ဒါဟာ တရားဘက်က နှစ်သက်ဝမ်းသာမှု ကင်းနေတာပါပဲ။ ဒါကို ရည်ရွယ်ပြီးတော့ ဆိုထားတဲ့ အဋ္ဌကထာစကားကတော့ ဘယဉ္စ နန္ဒီဉ္စ ဝိပ္ပဟာယ ကြောက်ခြင်း၊ နှစ်သက်ခြင်း ဒီနှစ်မျိုးကို ပယ်ပြီးတော့၊ ဒီနှစ်မျိုးလုံး ကင်းငြိမ်းပြီးတော့၊ သဗ္ဗသင်္ခါ ရေသု ဥဒါသိနော ရှုမှတ်ရတဲ့ အာရုံအပေါ်မှာရော ရှုမှတ်တဲ့ စိတ်ရဲ့ အပေါ်မှာရော မချစ်မမုန်း အလယ်အလတ် ညီညီမျှမျှ ရှုပါတယ်တဲ့။
ဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ဆောင်ပုဒ်က……ကြောက်နှစ်သက်ခြင်း ကင်းရှင်းပေသည်၊ ချမ်းသာဆင်းရဲ ရှုမြဲတူညီ..။
ချမ်းသာနှင့် ဆင်းရဲကိုလည်း သင်္ခါရုပေက္ခာက ညီတူညီမျှ ရှုနိုင်ပါတယ်..တဲ့၊ နေဝ သုမနော ဟောတိ န ဒုမ္မနော၊ ဥပေက္ခ ကော ဝိဟရတိ သတော သမ္မာနော၊ ဒါက ဆဠင်္ဂုပေက္ခာဖြစ်ပုံကို ဟောထားတဲ့ ဘုရားစကားတော်ဘဲ၊ စက္ခုနာ၊ မျက်စိဖြင့် ရူပံ၊ အဆင်းကို ဒိသွာ၊ မြင်ပြီး၍ နေဝ သူမနော ဟောတိ၊ ဝမ်းမြောက်ဝမ်းသာလည်း မဖြစ်ပါဘူးတဲ့၊ လှပတင့်တယ်တဲ့ အဆင်းတွေ၊ ကိုယ်ကြည့်ချင် မြင်ချင်တာကလေးတွေကို ကြည့်ရမြင်ရလို့လည်း ဝမ်းမြောက် ဝမ်းသာခြင်း မဖြစ်ပါဘူးတဲ့၊ နဒုမ္မနော ဟောတိ၊ နှလုံးမသာခြင်းလည်းမဖြစ်ပါဘူးတဲ့၊ မမြင်ချင်တာတွေ မြင်ပြင်းကပ်စရာတွေ ကြောက်စရာ ရွံစရာတွေ၊ ဒီလိုမကောင်း တဲ့ အဆင်းတွေမြင်ရလို့လည်း နှလုံးမသာယာခြင်း၊ ကြောက်လန့်ခြင်း၊ ဝမ်းနည်းခြင်း၊ စက်ဆုတ်ရွံရှာခြင်း၊ ဒီလိုဟာတွေလည်း မဖြစ်ပါဘူးတဲ့ ဒါဖြင့် ဘယ်လိုစိတ်တွေ ဖြစ်နေသလဲလို့ ဆိုတော့တာ ဥပေက္ခာကော ဝိဟရတိ သိပ္ပံသိရုံကလေး အညီအမျှ ရှုနေနိုင် ပါတယ်တဲ့၊ ဘာကြောင့် ဒီလို အညီအမျှ ရှုနေနိုင်ပါသလဲလို့ဆိုလို့ရှိရင် သဘောအမှတ်ရပြီးတော့ သမ္မဇာနော၊ သိနေလို့ပါပဲတဲ့၊ မြင်တိုင်းမြင်တိုင်းဟာ အမှတ်ရပြီးတော့ အဲဒီမြင်ရတဲ့ သဘောကလေးကို အမှန်အတိုင်း သိသိနေတယ်၊ အဲဒါကလေးဖြစ်ပေါ် ပြီး ပျောက်ပျောက်သွားတာကိုလည်း သိတယ်၊ မမြဲဘူး၊ နှစ်သက်ဖွယ်မရှိတဲ့ သဘောပဲ၊ ငါကောင် မဟုတ်တဲ့ သဘောမျှပဲ ဆိုတာကိုလည်းသိတယ်၊ ဒီလိုမြင်တိုင်း မြင်တိုင်း အမှတ်ရ ပြီးတော့ သိနေလို့ အညီအမျှရှုပြီး နေနိုင်တာလို့ ဆိုလိုပါတယ်။
အဲဒီမြင်ရာမှာလိုဘဲ၊ ကြားရာ နံရာ စားရာ တွေ့ထိရာ စိတ်ကူး စဉ်းစားစရာတွေမှာလည်း အတူတူပါပဲ၊ ဒွါရ ( ၆ )ပါးက ပေါ်တိုင်း ပေါ်တိုင်း ရုပ်နာမ်တွေကိုအမှတ်ရပြီး အမှန်အတိုင်းသိနေရင်ဘယ်လိုပဲ ကောင်းတာတွေနဲ့ တွေ့နေပေမယ့်လည်း ဝမ်းမြောက်ဝမ်းသာ မဖြစ်ဘူး၊ ဘယ်လိုပဲ မကောင်းတာတွေနဲ့ တွေ့ နေပေမယ့်လည်း နှလုံးမသာယာမဖြစ်ဘူး၊ ညီတူညီမျှပဲရှုပြီးနေနိုင်ပါ တယ်တဲ့၊ ကိုယ်ထဲက ညောင်းတာ နာတာ ပူတာ ကျဉ်တာတို့ ဒီလိုဆင်းရဲမျိုးတွေကတော့ ဒီလိုအခါမှာ များသောအားဖြင့် ကင်းငြိမ်းနေပါတယ်၊ မူလက ချောင်းဆိုးတာတို့ ၊ ယားနာတို့ ဒီလိုရောဂါရှိနေတဲ့ သူဖြစ်ပေမယ့်လို့ ဒီသင်္ခါရုပေက္ခာဉာဏ် အမှတ် ကောင်းနေတဲ့ အခါမှာဆိုရင် အဲဒီလက္ခဏာတွေ လုံးလုံးပျောက်နေတယ်၊ ချောင်းလည်းမဆိုးဘူး၊ ယားလည်းမယားတော့ဘူး၊ အေးငြိမ်းလို့ နေသာထိုင်သာ ဖြစ်နေတော့တာပါပဲ၊ တော်ရုံတန်ရုံ ရောဂါဝေဒနာတွေကတော့ သင်္ခါရု ပေက္ခာ အမှတ်ကောင်းနေတုန်းမှာ ဆိုယင် ဒီလိုဘဲ ပျောက်နေ တတ်ပါတယ်၊ အချို့ပုဂ္ဂိုလ်တွေမှာဆိုရင် ရှေးကဆေးအမျိုးမျိုးနဲ့ကုလို့ မပျောက်နိုင်တဲ့ ရောဂါဝေဒနာ အကြီးအကျယ်တွေ တောင်မှ ဒီသင်္ခါရုပေက္ခာ ရောက်တော့ ပျောက်သွားတတ်ပါသေးတယ်၊ ပျောက်ပြီးတော့ နောင်လည်း ကမ္မဋ္ဌာန်းက ထွက်နေတဲ့ အချိန်အခါမှာတောင် မပေါ်လာတော့ပါဘူး၊ ဒီလို ပျောက်ဘူးတာတွေလည်း ရှိပါတယ်၊ ဒါကြောင့် ဒီသင်္ခါရုပေက္ခာဉာဏ် ရောက်နေတဲ့ အခါမှာ ကိုယ်ဆင်းရဲဆိုတာကတော့ မတွေ့ရတာဘဲများပါတယ်၊ အဆင်မသင့်လို့ ဆင်းရဲတစ်မျိုးမျိုး ဖြစ်ပေါ်လာတောင်မှ မခံသာလှအောင်မရှိဘူး၊ သည်းခံနိုင်တယ်၊ အမှတ် မပျက်ဘဲ ဣန္ဒြေရရနဲ့ မှတ်သွားနိုင်တယ်၊ ဒါကြောင့်မို မဟာစည် ဆရာတော်ကြီးကလည်း ဆောင်ပုဒ်မှာ “ချမ်းသာဆင်းရဲ ရှုမြဲတူညီလို့ စာစီထားတာပါ၊ အဲဒါဟာ သင်္ခါရုပေက္ခာဉာဏ်ရဲ့ဒုတိယအင်္ဂါပါပဲ။
တတိယအင်္ဂါကတော့ “ကြောင့်ကြမပြု မှတ်ရှု လွယ်သည်” တဲ့၊ ပဋိသင်္ခါဉာဏ်တိုင်အောင် အောက်ဉာဏ်တွေတုန်းက ဆိုရင် .. ယောဂီဟာ ကြောင့်ကြစိုက်မှတ်နေမှ တော်ရုံပဲရှိတယ်၊ ကြောင့်ကြမှုတွေ လျော့သွားရင် အမှတ်ကပျက်ပျက်သွားတတ်ပါတယ်၊ ယခု ဒီဉာဏ်ရောက်လာတော့ ကြောင့်ကြမစိုက်ဘဲနဲ့ ရှုလို့မှတ်လို့ ကောင်းနေတယ်၊ ရှုရ မှတ်ရ လွယ်နေတယ်၊ ဒါကြောင့် အဋ္ဌ ကထာမှာ "သင်္ခါရဝိစိနနေ မဇ္ဈတ္တံ ဟုတွာ"လို့ဆိုထားတယ်၊ သင်္ခါရတရားတွေကို ရှုမှတ်မှုမှာ အလယ်အလတ်ပါပဲတဲ့၊ သင်္ခါရ တရားတွေကို ရှုမှတ်မိအောင် အမှတ်အသိကောင်းအောင် ကြောင့်ကြ ဗျာပါဒကို အထူးမစိုက်တော့ဘူး၊ သူ့အလိုလိုပဲ ရှုမှတ်မူ ဖြစ်ပြီး အမှတ်အသိကလေးဟာ ကောင်းနေတယ်လို့ဆိုလိုတယ်၊ ဒီနေရာမှာ မေးစရာရှိပါတယ်၊ သင်္ခါရုပေက္ခာဆိုတာ သင်္ခါရအပေါ်မှ သာ လျစ်လျူရှုသင့်တယ် မဟုတ်ပါလား၊ သင်္ခါရတွေကိုသိတဲ့ ဝိပဿနာဉာဏ် အပေါ်မှာတော့ ထပ်ဆင့်ပြီး လျစ်လျူရှုစရာ မလိုဘူး၊ မဟုတ်ပါလားလို့ ဒီလိုမေးစရာရှိပါတယ်၊ ဒါကြောင့် ဋီကာဆရာက “သင်္ခါရေသုပိယ၊ သင်္ခါရတွေမှာ လျစ်လျူရှုသလို ဘဲ၊ တေသံ ဝိစိနနေပိ၊ ထိုသင်္ခါရကို ရှုတဲ့ ဝိပဿနာရဲ့အပေါ်မှာလည်း၊ ဥဒါသီနီ ဟုတွာ အလယ်အလတ်ဖြစ်နေတာပါပဲ” လို့ ဖြေရှင်းပြထားပါတယ်။
ဒါကြောင့် သင်္ခါရုပေက္ခာ ဉာဏ်ရောက်ရင် မှတ်စရာအာရုံ သင်္ခါရတရားတွေ ပေါ်လာအောင်လို့လည်း ကြောင့်ကြမစိုက်ရတော့ဘူး၊ မှတ်သိမှုကလေးတွေ ကောင်းကောင်းဖြစ်နေအောင်လို့လည်းကြောင့်ကြမစိုက်ရတော့ဘူး၊ ဒီလို ကြောင့်ကြမစိုက်ပေမဲ့ အားထုတ်မှုလည်းလျော့မသွားဘူး၊ အလယ်အလတ်ညီမျှပြီး ကောင်းနေတာဘဲ၊ မှတ်စရာ အာရုံကလေးတွေကလဲ သူဟာသူ ပေါ်လို့ မှတ်သိတဲ့ စိတ်ကလေးကလဲ သူ့ဖာသာသူ သိလျက်သိလျက်ဖြစ်လို့ လွယ်လွယ်ကူကူကလေးနဲ့ပဲ မှတ်သိပြီးသွား နေတယ်၊ “အထူးကြောင့်ကြမပြုရဘဲနဲ့ အမှတ်အသိကလေးတွေ အလွယ်တကူ ဖြစ်နေတယ်” လို့ ဆိုလိုပါတယ်။
ဖြစ်ပုံကတော့ ... စူးစူးစိုက်စိုက်မှတ်တော့မယ်ဆိုရင် ဝင်တယ်၊ ထွက်တယ်၊ သိတယ်ပဲမှတ်မှတ်၊ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် မှတ်မှတ် စသည်ဖြင့် မှတ်ခါစ လေးငါးဆယ်ချက် လောက်ပဲ စူးစိုက်ပြီး အခြေတည်ပေးလိုက်ရတယ်၊ ဒီလို စူးစိုက်ပြီး အခြေတည်နေတာကတော့ သင်္ခါရုပေက္ခာ မဟုတ်သေး ဘူး၊ အောက်ဉာဏ်တွေပဲ ရှိနေသေးတယ်၊ အဲဒီလို လေးငါးဆယ်ချက် အခြေတည်ပြီးတဲ့နောက်မှာတော့ ကြောက်ကြကို မစိုက်ရ တော့ဘူး၊ သူ့ဟာသူ မှတ်သိမှတ်သိပြီး သူ့အရှိန်နဲ့သူ သွားနေတော့ တယ်၊ ဥပမာ…နွားတယှဉ်းလုံး စုံကောင်းတဲ့ လှည်းကိုမောင်း ရတဲ့ လှည်းသမားဟာ နွားနှစ်ကောင်က သူတို့ဟာသူတို့ မှန်မှန်သွားနေတာနဲ့ ဘယ်နွားကိုမှ မောင်းလည်း မမောင်းရဘူး၊ ဆွဲလည်း မဆွဲရဘူး၊ လှည်းပေါ်က အသာကလေးမှေးပြီး လိုက်နေရုံပဲရှိတယ်၊ အခု ယောဂီမှာလည်း အဲဒီလိုပဲ အာရုံတွေကလည်း တစ်ခုပြီးတစ်ခု သူ့ဟာသူ ပေါ်ပေါ်နေတယ်၊ အသိကလည်း သူ့ဟာသူပဲသိသိသွားနေတယ်၊ ဒါကြောင့် ယောဂီက ထိုင်ရုံကလေး ထိုင်နေရသလိုပဲဖြစ်နေတယ်၊ တနည်းဥပမာပြရရင် လမ်းကလည်းကောင်း ၊ တိုက်စရာ ရှောင်စရာလည်း မရှိတဲ့ လမ်းပေါ်မှာ မော်တော်ကားကောင်ကလေး မောင်းနေရတဲ့ ကားမောင်းသမားရဲ့ သက်သာပုံနဲ့လည်းတူပါတယ်။အဲဒီလိုအခါ ကားသမားမှာ ဘာမှ ကြောက်ကြမစိုက်ရတော့ဘဲ မှေးပြီးလိုက်နေရသလိုပဲ၊ ဒီသင်္ခါရုပေက္ခာဉာဏ်ဖြစ်လာတဲ့အခါ ယောဂီမှာ သူ့အလိုလို သိသိသွားနေတာကလေးကို မှေးပြီးလိုက်သွားရုံပဲ ရှိပါတော့တယ်၊ အင်မတန်ပဲသက်သာလွယ်ကူနေပါတယ်၊ အဲဒါက သင်္ခါ ရုပေက္ခာရဲ့ တတိယအင်္ဂါပါပဲ။
အခုကုသိုလ်ပြု ဖော်ပြလိုက်တာကတော့ သင်္ခါရုပေက္ခာဉာဏ်ရဲ့ ဂုဏ်အင်္ဂါ ( ၆ ) ရပ်အနက် ပထမဂုဏ်အင်္ဂါ ( ၃ ) ရပ်ပါပဲ။
ဒုတိယဂုဏ်အင်္ဂါ ( ၃ ) ရပ်ကို မဟာစည်ဆရာတော်ဘုရားကြီးက လွယ်ကူအောင် ...
"ကြာရှည်စွာလည်း တည်မြဲသူသည်၊ ကြာလေသာ၍ သိမ်မွေ့လေသည်၊ အာရုံတခြားပြန့်သွားကင်းသည်၊ သင်္ခါရု ထူးမှု ဂုဏ်သုံးမည်.. လို့ ဆောင်ပုဒ်ရေးဖွဲ့ဆိုထားပါတယ်။
သင်္ခါရုပေက္ခာဉာဏ်ဖြစ်ရင် ကြာရှည်စွာလည်း တည်ရမယ်၊ ကြာလေကြာလေသာပြီးတော့လည်းသိမ်မွေ့ရမယ်၊ တခြား အာရုံတွေဆီကိုလည်း ပျံ့လွင့်ပြီးမသွားရဘူး၊ ဒါတွေဟာ သင်္ခါရုပေက္ခာဉာဏ်မှာ ထူးခြားတဲ့ ဂုဏ်အင်္ဂါ ( ၃ )ပါးပဲဖြစ်ပါတယ်။ ဒီအထဲမှာ ပထမဂုဏ်အင်္ဂါ ကတော့ "သန္တိဋ္ဌနာပညာ"ဆိုတဲ့ ပဋိသမ္ဘိဒါမဂ် ပါဠိအရပဲ၊ ကောင်းကောင်းတည်နေတယ်ဆိုတာက ဘယ်လိုတည်နေတာလဲ ဆိုတော့…… ဉာဏဿ၊ အသိဉာဏ်၏၊ သန္တာနဝသေနပဝတ္တိ၊ အစဉ်အတန်းအားဖြင့် မပြတ်ဖြစ်နေခြင်းကို အာဟ၊ ဆိုတာပါပဲ..တဲ့၊ ဒီနေရာမှာ ကောင်းကောင်းတည်နေတယ်ဆိုတာက၊ မှတ်သိမှု ဝိပဿနာဉာဏ် တစဉ်တတန်းကြီး ကြာရှည်စွာ မပြတ်မစဲ ဖြစ်နေတာကိုပဲ ဆိုလိုခြင်းဖြစ်ပါတယ်။၊ ဟုတ်ပါတယ်၊ ကြာရှည်စွာ တည်နေမှပဲ ကောင်းကောင်းတည်တယ်လို့ ဆိုသင့်ပါပေတယ်။
ဒါကြောင့် ဒီမှာဆောင်ပုဒ်က “ကြာရှည်စွာလည်းတည်မြဲသူသည်”လို့ ဆိုထားပါတယ်၊ ဟိုအရင်အောက်ဉာဏ်တွေမှာတုန်းကတော့ အမှတ်ကောင်းတယ်ဆိုပေမယ့်လို့... ကြာရှည်မတည်ခဲ့ဘူး၊ ခဏလောက်ပဲတည်တယ်၊ ရှုမှတ်မှုတွေကောင်းနေရာထဲက၊ကြားတာတွေ စိတ်ကူးတွေ ပေါ်ပေါ်လာပြီး ပျက်ပျက်သွားတတ်တယ်။ ၁၅-မိနစ်၊ မိနစ် ၂၀-အထိ တဆက်ထဲ တည်နေဖို့ ဖြစ်ခဲပါတယ်။ အခု ဒီဉာဏ်မှာ ကတော့ ဒီလိုမဟုတ်ဘူးတော့ပါဘူး၊ ၁၅-မိနစ်၊ မိနစ် ၂၀-လောက်တော့ သူကအရှိန်မပျက်ဘူး၊ မိနစ် ၃၀၊ ၄၀-လည်း တရှိန်ထဲမပြတ် အမှတ်ကောင်းပြီး သွားနေတာပါပဲ၊ ဒါလည်းနည်းပါသေးတယ်၊ အများအားဖြင့်ဆိုရင် တစ်နာရီလောက်တော့ အရှိန်မပျက်ပဲ ကောင်းပြီးသွားနေပါတယ်။ သူ့သွားနေပုံက ဥပမာ ဝင်တယ် ထွက်တယ် သိတယ်၊ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် စသည်ဖြင့် စူးစူးစိုက်စိုက် အခြေတည်ပြီး ရှုမှတ်ပေးလိုက်ရင် လေးငါးဆယ်ချက်လောက် မှတ်မိကတည်းက အရှိန်ရသွားတော့တာပဲ။အဲဒီနောက်ပိုင်းမှာဆိုရင်ကြောင့်ကြမစိုက်ရတော့ဘူး၊ တစ်မှတ်ပြီး တစ်မှတ် အာရုံကလေးတွေကလည်း အဆင့်ဆင့်ပေါ်လာတယ်၊ အသိကလေးတွေလည်း သူ့ဟာသူ သက်သက် သာသာနဲ့ သိသိသွားနေတယ်၊ ဒီလိုအခါမှာ ကိုယ်ထဲက မခံသာတာရယ်လို့လည်း ဘာမှမပေါ်လာဘူး၊ ကွေးချင် ဆန့်ချင် ပြုပြင်ချင်တဲ့ စိတ်တွေလည်း မရှိဘူး၊ တခြားကို ကြံစည်စဉ်းစားတဲ့စိတ်လည်း မဖြစ်တော့ဘူး၊ ဒါကြောင့် ရှုမှတ်နေတဲ့ မှတ်စိတ်ဟာ သူ့အရှိန်နဲ့သူ မှတ်လျက် မှတ်လျက် ဖြစ်ပြီး သွားမြဲသွားနေတာပဲ၊ တစ်နာရီလောက်အတွင်းမှာတောင်အမှတ်ပျက်သွားတယ်လို့လည်းမရှိပါဘူး၊ အသစ်ပြင်ပြီး မှတ်ရတယ်လို့လည်းမရှိဘူး၊ အမှတ်မပျက်ဘဲ တရှိန်ထဲကောင်းပြီး သွားနေတာပါပဲ။သမာဓိဉာဏ်အားကောင်းတဲ့ တချို့ပုဂ္ဂိုလ် တွေမှာ သင့်တော်တဲ့ ဣရိယာပုတ်နဲ့ ထိုင်ယင်း အိပ်ယင်း မှတ်နေလိုက်တာ၊ ၂-နာရီခွဲ ၃-နာရီတိုင်အောင် တရှိန်ထဲကောင်းပြီးနေတယ်၊ ဒီလောက်ကြာတော့လည်း ကိုယ်အနေအထားဟာ အခြေမပျက်ဘူး၊ ရွေ့ရှားခြင်းလည်းမရှိဘူး၊ မူလကအတိုင်းပဲ၊ မခံ သာတဲ့ ဝေဒနာတွေလည်းမရှိဘူး၊ အချိန်ဟာလည်း ကုန်မှန်းမသိဘဲ ကုန်သွားတယ်၊ ဒီဉာဏ်မှာရောက်နေတဲ့ ယောဂီကတော့ ခဏကလေးလို့တောင် ထင်တတ်သေးတယ်၊ ဒီ ၃-နာရီလောက်အတွင်းမှာ ကြံစည်စဉ်းစားတဲ့ စိတ်ဆိုရင် ဘာစိတ်မှ ပေါ်မလာဘူး၊ ဖြစ်မလာဘူး၊ မှတ်စိတ်ချည်း တရှိန်ထဲကောင်းပြီး တည်နေတယ်၊ ဒါမျိုးကို ဆိုလိုပါတယ်။
ဒီ သင်္ခါရုပေက္ခာဉာဏ်က၊ ကြာလေကြာလေ သာသာပြီး သိမ်မွေ့သိမ်မွေ့ သွားတယ်..တဲ့၊ အဋ္ဌကထာရဲ့အဆိုကတော့... သုပ္ပဂွေ၊ ဗန်းပေါ်၌ ဝန္ဒိယမနံ၊ ဝိုင်းအပ်ဆင့်အပ်သော ပိဋ္ဌံပိယ၊ မုန့်ညက်လိုပါပဲ..တဲ့၊ ဆန်မှုန့် ထောင်းတဲ့အခါမှာ ဗန်းနဲ့ဝိုင်းရဆင့်ရပါတယ်။အဲဒီလို ဝိုင်းတဲ့အခါမှာ ဝိုင်းရင်း ဝိုင်းရင်း သုံးမရတဲ့ အဖြုံးတွေအကြမ်းတွေကို ခါခါချလိုက်တော့ အနုကလေးတွေချည်း ကျန်ရစ်နေခဲ့တယ်၊ ဒါကြောင့်ကြာကြာဝိုင်းလေလေ ဆန်မှုန့်ကလေးတွေဟာ နူးညံ့လေလေဖြစ်သွားတယ်၊ ဒါကိုပဲ ဒီသင်္ခါရုပေက္ခာ ဉာဏ်ရောက်တော့ ကြာလေ ကြာလေ သာသာပြီး သိမ်မွေ့သွားပါတယ် လို့ ဆိုလိုတာပါ။ သင်္ခါရုပေက္ခာဉာဏ်ဆိုတာ တစ်ခြားဉာဏ်တွေနဲ့ နှိုင်းစာ ကြည့်ရင် အင်မတန်ပဲ သိမ်မွေ့လွန်းလှပါတယ်၊ ဒါပေမယ့် ဖြစ်ခါစမှာတော့ သိပ်ပြီးမသိမ်မွေ့လှသေးပါဘူး၊ သင်္ခါရုပေက္ခာဉာဏ်စဖြစ်လို့ တစ်ရက်လောက်ကြာလာရင် တော်တော်လေးကို သိမ်မွေ့လာပြီး၊ နှစ်ရက်လောက်ကြာရင် သာပြီး သိမ်မွေ့လာပါတယ်၊ သုံးလေးရက် လောက်ကြာတော့ သာပြီး ပိုပြီးသိမ်မွေ့လာပြန်တယ်၊ အဲဒီလို ရှေးရှေးကထက် နောက်နောက်ကာလတွေမှာ ပိုပိုပြီး သိမ်မွေ့သထက် သိမ်မွေ့လာတယ်၊ သိမ်မွေ့တယ်ဆိုပေမယ်လို့ မှေးမှိန်ပြီး မပီမသနဲ့ ဖြစ်သွားတာမျိုးလည်းမဟုတ်ပါဘူး၊ အာရုံကလေးတွေကတော့ ပီပီသသပါပဲ၊ “ထိုင်တယ် ထိတယ်၊ ထိုင်တယ် ထိတယ်” လို့ တစ်ကိုယ်လုံးက အထိကလေးတွေကို ဖြန့်ပြီးမှတ်နေရင် အဲဒီအထိကလေး တွေဟာ နူးနူးညံ့ညံ့ကလေးတွေချည်း ဖြစ်နေတယ်၊ ထိရာထိရာနေမှာ ဝါဂွမ်းကလေးနဲ့ တို့ပေးနေသလို ရေမှုံရေမွှားကလေးတွေနဲ့ ဆွတ်ဖြန်း၊ ဆွတ်ဖြန်းပေးနေသလို အနွေးငွေ့ အအေးငွေ့ ကလေးတွေနဲ့ ပက်ဖြန်းပေးနေသလို အေးကနဲ နွေးကနဲ နူးနူးညံ့ညံ့ ကလေး ထိထိသွားတယ်၊ ဒီလို အာရုံရော အသိရော သိမ်မွေ့နေရာထဲက သမာဓိအား လွန်သွားတဲ့အခါမှာတော့ မှတ်စရာ အာရုံကို လုံးလုံး မပေါ်လာတာနဲ့ ဘာမှ မမှတ်ရဘဲနဲ့လည်း ယောဂီက ငေးနေတတ်ပါသေးတယ်၊ အဲဒီလို အခါမှာတော့ ဝိရိယကို တိုးပေးရတယ်၊ ဝိရိယတိုးပေးတယ်ဆိုတာက “အာရုံများများကို လိုက်မှတ်တာ၊ အထူးစူးစူးစိုက်စိုက် မှတ်တာပါ။ စင်္ကြံများများလျှောက်ပြီး မှတ်တာ” ဒီလိုဟာတွေပါပဲ၊ အဲဒီလို ဝိရိယတိုးပေးလိုက်ယင် ဝိရိယနဲ့ သမာဓိမျှပြီးတော့ သိမ်သိမ်မွေ့မွေ့ ကလေး ရှင်းရှင်း လင်းလင်း သိသိသွားပါလိမ့်မယ်၊ ဒါကြောင့် ကြာလေသာ၍ သိမ်မွေ့ လေသည်” လို့ ဆိုထားတာဖြစ်ပါတယ်။
“အာရုံတခြား ပြန့်သွားကင်းသည်" ဆိုတာကတော့ တခြားတပါး အာရုံတွေဆီကို စိတ်ကူးစဉ်းစားပြီး မပျံ့လွင့်မပြေး သွားတော့ဘူး..တဲ့၊ အရင်ကဆိုရင် စိတ်တွေတခြားကို မသွားအောင် အထူးကြောင့်ကြပြုပြီး ထိန်းသိမ်းနေနေရပါတယ်၊အဲဒီလို ဂရုစိုက်ပြီး မှတ်နေကတည်းကတောင် စိတ်ကတခြားကို ထွက်ထွက်သွားတတ်သေးတယ်၊ အခုတော့ အဲဒီလို စိတ်ကို ထိန်းမထားရတော့ဘူး၊ မထိန်းရဘဲနဲ့ သူ့ဟာသူကို စိတ်ကလေးက တည်ငြိမ်ပြီးနေတယ်၊ မှတ်စရာအာရုံအပေါ်မှာချည်း မှတ်လျက် မှတ်လျက်ဖြစ်ပြီး တည်တည်နေတယ်၊ တည်ငြိမ်နေပုံကတော့ “ ဝင်တယ်ထွက်တယ် ထိတယ် သိတယ် မှတ်မှတ်၊ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် မှတ်မှတ်၊ ဒီလို လေးချက်မှတ်နေရင် စိတ်ကလေးက ဒီ ၄-ချက်ထဲမှာပဲ အလှည့်ကျ သိသိပြီးတည်နေတယ်၊ အခြားတပါး ဘယ်ကိုမှ မသွားတော့ဘူး၊ ဒီလို ငြိမ်ပြီးကောင်းနေတဲ့အခါမှာ စိတ်ကို တခြားပို့စမ်းကြည့်ချင်လည်း ကြည့်နိုင်တယ်၊ ရှေးက ကိုယ်ကြိုက်တတ်တဲ့ အာရုံများဆီကို ပို့ကြည့် စိတ်ဝင်စားတတ်တဲ့ အာရုံဆီပို့ကြည့် ဒီလို ပို့စမ်းကြည့်ယင် သူက ကြာကြာမသွားဘူး၊ ခဏလောက်ဆိုယင် အမှတ်ထဲ ပြန်ရောက်လာတယ်၊ မှတ်လျက် မှတ်လျက်ပဲ ပြန်ပြန်ဖြစ်နေတယ်၊ စိုးရိမ်ပူပန်စရာတွေဆီ ပို့စမ်းကြည့်ရင်လဲ စိုးရိမ် ပူပန်မှု တယ်မဖြစ်လှဘူး၊ ခဏနေယင် အမှတ်ထဲ ပြန်ရောက်လာတာပဲ၊ အဲဒါဟာ ပတိလီယတိ၊ သင်္ခါရအာရုံတွေမှ တွန့်နေ တယ်၊ ပဋိကုဋတိ၊ သင်္ခါရအာရုံတွေမှ ဆုတ်နေတယ်၊ နသမ္ပသာရိယတိ၊ ဖြန့်လိုက်ပေမယ်လို့ စိတ်က ပြန့်မသွားတော့ဘူးလို့ ဆိုတဲ့ပါဠိနဲ့အညီ ဖြစ်နေတာပါပဲ။ အခုပြောခဲ့တဲ့အတိုင်း သင်္ခါရအာရုံတွေဆီကို ပို့လိုက်ပေမယ့်၊ စိတ်ကလေးက ဝိပဿနာအာရုံဆီ ပြန်ပြန်ဆုတ်လာတာဟာ ဒီ သင်္ခါရုပေက္ခာမှာ ထူးခြားတဲ့ အစွမ်းသတ္တိပါပဲ။
သူ့သတ္တိက အဲဒီလောက်မကသေးပါဘူး၊ ရှုမှတ်နေတဲ့ ဝိပဿနာ အာရုံထဲမှာတောင်မှ ဖြန့်လိုမပြန့်ဘဲ ဖြစ်နေသေးတယ်၊ ဘယ်လိုလဲဆိုတော့ကာ... ထိုင်တယ် ထိတယ် ထိုင်တယ်ထိတယ်”လို့ တစ်ကိုယ်လုံးက အထိတွေကို ဖြန့်ပြီးမှတ် နေယင် အစကတော့ ဖြန့်တိုင်း ဖြန့်တိုင်း ပြန့်ပြီးသွားနေတာပါပဲ၊ တစ်ကိုယ်လုံးက အတွေ့အထိတွင်မကဘူး၊ မြင်တာ ကြားတာတွေက ကြားထဲမှာ ပေါ်လာရင် အဲဒါကိုတွေလည်း မှတ်သွားရတာပါပဲ၊ ဒီလို ဒွါရ ( ၆ ) ပါးက ပေါ်တိုင်း ပေါ်တိုင်းကို ဒက်ခနဲ ဒက်ခနဲ မှတ်သိမှတ်သိပြီး သွားနေတယ်၊ ဒီလို ပြန်ပြီးသွားနေရာထဲက သင်္ခါရုပေက္ခာ အားကောင်းလာရင် တဖြည်းဖြည်းနဲ့ မှတ်စရာတွေဟာ သူ့ အလိုလိုပဲ နည်းနည်းလာတတ်တယ်၊ တစ်ခါတစ်ရံမှာ ယောဂီရဲ့ကမ္မဋ္ဌာန်းပေါ်မူတည်ပြီး ဝင်တယ် ထွက်တယ် ထိတယ် သိတယ်၊ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် ဒီလေးခုထဲ ရှိတော့တယ်၊ တစ်ခါတစ်ရံမှာ ဖောင်းတာနဲ့ ပိန်တာ ၂-ခုထဲ ရှိတော့တယ်၊ အဲဒီလိုအခါမှာ ထိုင်တာက တစ်နေရာ၊ ထိတာကတစ် နေရာ ဒီ ၂-နေရာထဲပဲ တလှဲ့စီ မှတ်နေရတော့တယ်၊ တစ်ခါတစ်ရံမှာ တစ်နေရာထဲက ထိနေတာကလေးကိုသာ ထိတယ် ထိတယ်လို့ မှတ်နေရတော့တယ်၊ အဲဒီလိုအခါမှာ ဖြန့်မှတ်ပေမယ့် ဖြန့်လို့မရဘူး။ ဖြန့်မှတ်လိုက်ယင်း မှတ်နေကျ အာရုံ ၁-ခု၊ ၂-ခုထဲ ပြန်ရောက်နေပြန်ယင်းနဲ့ မပြန့်ဘဲ ဖြစ်နေတတ်တယ်၊ ဒါလည်းပဲ နသမ္မသာရိယတိဆိုတဲ့ ဒေသနာတော်အရ ဖြန့်မှတ်လို့ မရဘဲ ဖြစ်နေတာပါပဲ။
တစ်ခါတစ်ရံမှာတော့ ဒွါရ ၆-ပါးက ပေါ်တိုင်း ပေါ်တိုင်းကို ဖြန့်ပြီး မှတ်နေရာထဲက တဖြည်းဖြည်း စုစုလာတယ်၊ မှတ်စရာ အာရုံတွေက တဖြည်းဖြည်းချင်း နည်းနည်းလာတယ်၊ ကြာတော့ ဖောင်းတာ ပိန်တာလည်း မပေါ်လာတော့ဘူး၊ ထိုင်တာ မပေါ်လာတော့ဘူး၊ ကိုယ်ကြီးလည်းပျောက်၊ ထိတာလည်းမပေါ်လို့၊ ဘာမှမှတ်စရာ မရှိသလို ဖြစ်ပြီးနေတတ်တယ်၊ သို့ပေမယ့် ဒီလိုအခါမှာ သိနေတဲ့ စိတ်ကလေးတွေကတော့ ထင်ရှားနေပါတယ်၊ အင်မတန် ကြည်လင်တဲ့ ဟင်းလင်းပြင်ထဲမှာ အင်မတန် ကြည်လင်ချမ်းသာပြီးနေတဲ့ စိတ်ကလေးတစ်ခုထဲ ကျန်နေတော့တယ်၊ အဲဒီစိတ်ကလေးကိုဘဲ “သိတယ် သိတယ်လို့ မှတ်နေရတော့တာဘဲ၊ အဲဒီလို စိတ်တစ်ခုထဲ ကြည်လင်ချမ်းသာပြီးနေတဲ့ အခါမှာတော့ ဖြန့်မှတ်စရာကို မရှိတော့ဘူး၊ ဒါလည်း နသမ္မသာရိယတိအရ ဖြန့်လို့မရတာမျိုးပါဘဲ၊ ဒီလို ကြည်လင်ချမ်းသာနေတဲ့ စိတ်ကလေးကျတော့ ယောဂီက သာယာနေတတ်တယ်၊ ဒီလို သာယာတာကို ဓမ္မရာဂ ဓမ္မနန္ဒလို့ ခေါ်တာဘဲ၊ ဒီလို သာယာနေမယ်ဆိုလို့ရင် အထက်ဉာဏ်တွေကို မတိုးတက်နိုင်တော့ဘူး၊ ဒါကြောင့် ဒီလို သာယာမှုကိုလည်း လက်မခံဘဲ မှတ်မှတ်ပြီး ပယ်ပြစ်ရပါတယ်။
စိတ်ကလေးတစ်ခုတည်း တည်နေတာကို “သိတယ် သိတယ်”လို့ မှတ်နေရာထဲက တော်တော်ကြာတော့ ဖောင်းတာ ပိန်တာ ထိုင်တာ ထိတာတွေက ပြန်ပေါ်လာတယ်၊ အဲဒီတော့လည်းဖောင်းတယ် ပိန်တယ် စသည်ဖြင့် မှတ်မြဲမှတ်သွားရတာပါပဲ။ ဒီလို အမှတ်ကောင်းနေတာထဲက တစ်ခါတစ်ခါမှာ အထူးသွက်လက်တဲ့ အမှတ်ကလေးတွေ ဖြစ်လာပြီးတော့ စိတ်ကလေးက တန့်ခနဲရပ်ပြီးတော့လည်း နေတတ်တယ်၊ ဟိုလိုလို ဒီလိုလိုနဲ့ ဘာကိုမှမမှတ်ဘဲ၊ စိတ်ကလေးကတွေကွဲပြီး ဒီလို ရပ်ရပ်နေ တာကိုလည်း အချို့ပုဂ္ဂိုလ်မှာ တွေ့ရတတ်တယ်၊ ဒါကတော့ မှတ်ရတဲ့ အာရုံဆီတောင် မသွားတော့ဘဲနဲ့ စိတ်ကလေး တွေတွေပြီး တွန့်နေတာပါပဲ၊ အဲဒီအချိန်မှာ အဲဒီစိတ်ကိုလည်း မိမိရရ မှတ်ရတယ်၊ ဒီလို ရပ်ရပ်နေတဲ့ စိတ်ကလေးကို နိုင်သွားရင်တော့ ရှေ့ကို ဖြောင့်ဖြောင့်မတ်မတ် သွားတော့တာပါပဲ၊ အတိုချုပ်မှတ်စရာကတော့ သင်္ခါရအာရုံတွေဆီ စိတ်မပျံ့လွင့်ဘဲ တည်တန့်နေတာရယ်၊ မှတ်စရာ အာရုံတွေမှာ ဖြန့်မှတ်လို့မရဘဲ သူမှတ်နေကျ အာရုံတွေမှာသာ တည်နေတာရယ်၊ စိတ်တစ်ခုတည်း ကျန်နေတာ ရယ်၊ ဒါတွေဟာ တခြားအာရုံဆီကို ပြန့်မသွားဘူးဆိုတဲ့ သင်္ခါရုပေက္ခာဉာဏ်ရဲ့ အစွမ်းသတ္တိတွေချည်းပါပဲ။ဒါကြောင့် မဟာစည်ဆရာတော်ကြီးက “အာရုံတခြား ပြန့်သွားကင်းသည်”လို့ ဆောင်ပုဒ်ရေးဖွဲ့ဆိုထားတာပါ။
ဒီသင်္ခါရုပေက္ခာဉာဏ် အကြောင်းဖော်ပြရင်း နဲ့ ဆက်နွယ်နေတဲ့"ဝုဋ္ဌာနဓါမိနီ ဝိပဿနာဉာဏ် "အကြောင်းနဲ့အတူ တစ်ဆက်တည်းရေးပြီး ဖော်ပြမှ နားလည်သဘောပေါက်မှာဖြစ်တဲ့အတွက် ဉာဏ်စဥ် ( ၁၆ )ပါးအကြောင်းဟောကြားထားတဲ့အထဲက သင်္ခါရုပေက္ခာဉာဏ်ပြီးနောက် ဖြစ်လာတဲ့ "အနုလောမဉာဏ်" ကိုပါတစ်ဆက်တည်းဖော်ပြပါရစေ။
♦️အနုလောမဉာဏ် ♦️
အဲဒီလို သင်္ခါရုပေက္ခာဉာဏ်မှာ ..
အညီအမျှရှုတဲ့ ဂုဏ်ကသုံးပါး၊ ထူးခြားတဲ့ ဂုဏ်က သုံးပါး၊ စုစုပေါင်းခြောက်ပါးဖြစ်ပါတယ်။အခုဖော်ပြခဲ့တဲ့ ( ၆ )ပါးမှာ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ဖူးတဲ့ယောဂီဆိုယင် ဒီဂုဏ်ခြောက်ပါးလုံးကို တွေ့ဘူးတာချည်းပါဘဲ၊ ဒါကြောင့် ဒီဂုဏ်ခြောက်ပါးနှင့် ညီညွတ်တဲ့ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ဖူးပြီလား၊ မဖြစ်သေးဘူးလားဆိုတာ ကိုယ့်အတွေ့နဲ့ တိုင်ဆိုင် ကြည့်ဖို့ပါပဲ၊ ဒီသင်္ခါရုပေက္ခာဉာဏ်က အရေးကြီးဆုံး ဝိပဿနာဉာဏ်ပဲဖြစ်ပါတယ်။ ဒီဉာဏ်က အချိုးကျကျ မဖြစ်သေးဘူးဆိုရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုတာလည်း ဖြစ်ရိုးမရှိပါဘူး၊ သူက အချိုးကျမှဖြစ်နိုင်တာ၊ ဒါကြောင့် ဒီသင်္ခါရုပေက္ခာဉာဏ်က ကောင်းကောင်း အချိုးကျဖို့လိုပါတယ်၊ တချို့ပုဂ္ဂိုလ်မှာတော့ ဒီဉာဏ်ရောက်ပြီး အချိုးကျနေတာတောင်မှ တက်လိုက်ကျလိုက်နဲ့ဖြစ်လို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရုတ်တရက် မရောက်နိုင်ဘဲ ရှိနေတတ်ပါသေးတယ်။
အဲဒီလို တက်လိုက်ကျလိုက် ဖြစ်ပုံကတော့..
ရှုမှတ်နေတဲ့ ဝင်တယ်၊ ထွက်တယ်၊ ထိတယ်၊ သိတယ်၊ ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ် စသည်ဖြင့် မိမိရှုမှတ်နေတဲ့ ကမ္မဋ္ဌာန်းအလိုက် စူးစိုက်ပြီး မှတ်ပေး လိုက်ရင် လေးငါးဆယ်မှတ် ဆယ့်ငါးမှတ်လောက်ဆိုတော့ အမှတ်က သူ့အရှိန်နဲ့သူ သွားနေပါရော၊ အဲဒီလိုအခါမှာ စိတ်ကို ကြောင့်ကြကို မစိုက်ရတော့ဘူး၊ မှတ်စရာအာရုံကလည်း သူ့ဟာသူပေါ်လို့ အမှတ်အသိကလည်း သူ့ဟာသူမှတ်သိလို့ ယောဂီမှာ ထိုင်ရုံ ကလေး ထိုင်ပေးရသလိုပဲရှိတော့တယ်၊ ဒါဟာ သင်္ခါရုပေက္ခာဉာဏ် အချိုးကျလာပုံပဲဖြစ်ပါတယ်၊ သူအချိုးကျလာရင် ဒီလိုသူ့အရှိန်နဲ့ သူသွားနေတာပဲ များပါတယ်။ ဒီလိုအချိုးကျပြီးကောင်းနေလာပြီး တစ်ခါတစ်ရံမှာ သွက်သွက်သွက်သွက်နဲ့ အမှတ်အသိ တွေက မြန်မြန်ပြီး အထူးလည်း ကောင်းလာတတ်သေးတယ်၊ ဒီလို ထူးခြားလာတတ်တော့ ယောဂီက “ဘာများဖြစ်သွားဦးမှာလဲ”လို့ စိုးရိမ်ပြီးတော့လည်း စဉ်းစားမိတတ်တယ်၊ ကြောက်ပြီးတော့လည်း လျှော့လိုက်မိတတ်တယ်၊ အချိုးမကျဘူး ထင်တာနဲ့လည်း ပြင်လိုက် မိတတ်တယ်၊ “တရားတွေကတော့ ထူးလာပြီ၊ နေရာကျတော့မှာပဲ” လို့လည်း ဝမ်းသာအားတက်မိတတ်တယ်၊ တိုးပြီးတော့လည်း အားထုတ်မိတတ်တယ်၊ ဒီလိုစိုးရိမ်တာရယ် ကြောက်လို့လျှော့ပေးတာရယ် ပြင်ပြီးမှတ်တာရယ် ဝမ်းသာတာရယ် အားတက်တာရယ် တိုးပြီးအားထုတ်တာရယ် ဒါတွေဟာ ဝိပဿနာရဲ့ အန္တရာယ်တွေချည်းပါပဲ။ ဒီလို အန္တရာယ်တစ်ခုခု ဖြစ်လာတဲ့အခါမှာတော့ အမှတ်က သိသိသာသာကြီး ကျဲပြီးလျှောကျသွားပြန်ပါရော၊ နောင်ထပ် ဒီလိုပဲဆက်မှတ်နေရင် မကြာခင် ဒီလိုပဲ ကောင်းလာပြန်တယ်၊ အဲဒီတော့လည်း..ဒီလိုအန္တရာယ်ဖြစ်လာရင် ဒီလိုပဲ လျှောကျသွားပြန်တာပါပဲ၊ ဒီလို အ
Click here to claim your Sponsored Listing.
Category
Contact the place of worship
Website
Address
New York, NY