MOUNG Channel

MOUNG Channel

Share

Do.. What you wanna do..

12/02/2023

#ဘေးကင်းစေရန်ပူဇော်ကြပါ
✨⭐ အစွမ်းထက် ပြည်​​​တော်ပြန် ဂါထာ ⭐✨ ____________________________________________
(​ပြောင်းချင်သူများ၊ အချုပ်ကျ​နေသူများ၊ စစ်သည်များအတွက်)

ပြည်တော်ပြန်ဂါထာတော်ရွတ်ဖတ်ခြင်းအကျိုးတွေကတော့

-အတွင်းရန်၊ အပြင်ရန်များ ကင်းစင်ပပျောက်ခြင်း၊
-သူတစ်ပါးတို့ မကောင်း မကြံစည်နိုင်ခြင်း၊
-မိမိတောင့်တသောဆုကို ရရှိနိုင်ခြင်း၊
-အိမ်သူအိမ်သားများနှင့် မကွဲမကွာနေရခြင်း၊
-မိမိနေလိုသောအရပ်မှာသာနေရခြင်း စတဲ့အကျိုးများရစေနိုင်ပါသည်။

မိသားစုနဲ့ အကြောင်းကြောင်းကြောင့် ဝေးကွာနေသူများ၊
အချုပ်အနှောင်တွင်းရောက်နေရသူများ၊
ရှေ့တန်းရောက်စစ်သည်များ၊
တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်နေရသူများ၊
ပျော်ရာမှာမနေရဘဲ တော်ရာမှာ နေနေရသူများ၊
ယုံယုံကြည်ကြည်နဲ့ စွဲစွဲမြဲမြဲ အဓိဋ္ဌာန်နဲ့ ရွတ်ပွားပါက မိမိဆန္ဒတွေပြည့်၀နိုင်ပါကြောင်း ။

#ဇလွန်ပြည်တော်ပြန် #စမ္မခဏ် #ဂါထာ
------------------------------------------
ဣတိပိ ပိဋကတ်တယံ၊
အနိစ်စံ၊ ဒုက်ခံ ၊ အနတ်တံ။
သတ္တ ဗောဇ္ဈင် င်္ဂေါ၊
အဋ္ဌင်္ဂိ ကော၊ မဂ္ဂေါ၊
စတုပဋ္ဌာနံ၊ သဗ္ဗ ဿ ဣန္ဒေါ၊
သဟဿ သူရိ ယော။
​သြောင်း နမော မတျတောနံ၊
ရာဇဘယံ ၊ စောရဘယံ ၊
ဥဒက ဘယံ ၊ အဂ္ဂိဘယံ ၊
သတ်ထဘယံ ၊ သဗ်ဗဘယံ ၊
ဇယော ဇယတု မင်္ဂလံ။
အနိစ္စံ ၊ သင်္ခတံ ၊ ပဋိစ္စ သမုပ္ပန္နံ ၊
ခယဓမ်မံ ၊ ၀ယဓမ်မံ ၊
၀ိရာဂဓမ္မံ ၊ နိ ရောဓ ဓမ္မံ ၊
ပဏ္ဍိ တာ ခမန္တိ ။ ။

=================================

ဇလွန်ပြည်တော်ပြန်ဂါထာ
---------------------------
ဣတိပိ - ဤသို့လျှင်

ပိဋကတ္တယံ - ပိဋကတ်(၃)ဘုံသည်လည်းကောင်း

အနိစ္စံ -မမြဲခြင်း

ဒုက္ခံ - ဆင်းရဲခြင်း

အနတ္တံ - အစိုးမရခြင်းဟူသောလက္ခဏာရေး(၃)ပါးသည်
လည်းကောင်း

သတ္တဗောဇျ္စင်ဂေါ - ဗောဇင်တရား(၇)ပါးသည်လည်းကောင်း

အဋ္ဌင်္ဂီဂေါ - အင်္ဂါ(၈)ပါးနှင့်ပြည့်စုံသော

မဂ္ဂေါ - မဂ်တရားသည်လည်းကောင်း

စတုပဌာနံ သတိပဌာန်းတရား(၄)ပါးသည်လည်းကောင်း

သဗ္ဗဿ ဣန္ဒော -ထိုသို့တရားအပေါင်းကိုအစိုးရတော်မူသော
မြတ်စွာဘုရား

သဟဿ သူရိယော -ရောင်ခြည်တစ်ထောင်အလင်းဆောင်
သောနေမင်းထက်ထွန်းလင်းတောက်ပ
တင့်တယ်ပါ၏

သြောင်းနမောမေတ္တာနံ -ထိုမြတ်စွာဘုရားအားတပည့်တော်
ရိုသေမြတ်နိုးလက်စုံမိုး၍ရှိခိုးပါ၏

ရာဇဘယံ -ထိုသို့ရိုသေမြတ်နိုးလက်စုံမိုး၍ရှိခိုး
ရသောအကျိုးအားကြောင့်မင်းဘေး
မှလည်းကောင်း

စောရဘယံ -ခိုးသူဘေးမှလည်းကောင်း

ဥဒကဘယံ - ရေဘေးမှလည်းကောင်း

အဂ္ဂိဘယံ - မီးဘေးမှလည်းကောင်း

သတ္တဘယံ - သတ္တဝါအပေါင်းတို့၏ဘေးမှ
လည်းကောင်း

သဗ္ဗဘယံ - ဓါးလှံလက်နက်အစရှိသော
ဘေးအပေါင်းတို့မှ

ဇေယျော - ကင်းလွတ်ငြိမ်း၍

ဇယတုမင်္ဂလံ -မင်္ဂလာအပေါင်းနှင့်ပြည့်စုံ
ရပါလို၏

အနိစ္စံ -မမြဲသောတရားတို့သည်
လည်းကောင်း

သင်္ခတံ - စေ့ဆော်တိုက်တွန်း၍
ဖြစ်ပေါ်လာသောတရား
အပေါင်းတို့သည်လည်းကောင်း

ပဋိစ္စသမုပ္ပံန္နံ -အကြောင်းကြောင့်ဖြစ်ပေါ်လာ
သောအကျိုးတရားတို့သည်လည်း
ကောင်း

ခယဓမ္မံ - ပျက်စီးခြင်းသဘောရှိ၏

ဝယဓမ္မံ - ကုန်ခမ်းခြင်းသဘောရှိ၏

ဝိရာဂဓမ္မံ -ထို့ကြောင့်ရာဂကင်းရာဖြစ်သော

နိရောဓ ဓမ္မံ -နိဗ္ဗာန်ဘုံကိုသူတော်ကောင်းတို့
သည်

ခမတိ နှစ်သက်မြတ်နိုးကြကုန်၏

=================================

ဇလွန်ပြည်တော်ပြန်ဘုးရားသမိုင်းအကျဉ်း

မဟာသက္ကရာဇ် (၁၂၃)ခုနှစ်တွင် သဗ္ဗညုတဘုရားရှင်
ရခိုင်ပြည်သို့ ကြွရောက် သီတင်းသုံး၍ တရားဒေသနာများ ဟောကြားသောကြောင့် ဓည၀တီ တစ်တိုင်းပြည်လုံး ဗုဒ္ဓဘာသာ၀င်များ ဖြစ်ကုန်ကြပါတယ်။
ဗုဒ္ဓမြတ်စွာပြန်ကြွခါနီး စန္ဒသူရိယမင်း၏
လျှောက်ထား တောင်းပန်ချက်အရ ကိုယ်စားတော် ပုံသွင်ကို သွန်းလုပ်ခွင့်ပြုပြီး
ရင်ငွေ့တော် ခုနစ်ကြိမ်ပေးခဲ့သဖြင့် မဟာမုနိဘုရားဟု ဘွဲ့တော်ထင်ရှားခဲ့၏။
ကိုယ်စားတော် မဟာမုနိသွန်းလုပ်ပြီး ကြွင်းကျန်သော ကြေး၊ ငွေ၊ ရတနာတို့ကို
သွန်းလုပ်ကြရာ ရှင်ကျော်၊ ရွှေဘုံသာ၊ ရန်အောင်မြင် ဟူသော ရုပ်ပွားတော်ငယ် ၃
ဆူရရှိပြန်သည်။ ထိုဆင်းထုတော် ၃ ဆူအနက် ရန်အောင်မြင်ရုပ်ပွားတော်မှာ
မဟာမုနိရုပ်ပွားတော်၏ လက်ယာဘက်တွင် ထား၍ လက်ယာရုပ်ပွားတော်ဟုခေါ်သည်။
သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် အမရပူရရွှေနန်းရှင် ဘိုးတော်ဘုရား လက်ထက်တွင်
ဓည၀တီရခိုင်ပြည်ကို သိမ်းယူပြီး
မဟာမုနိနှင့် အရံရုပ်ပွားတော် ၃ဆူပါ
ပင့်ဆောင်ခဲ့ပြီး နန်းဦးတွင် ကိုးကွယ်ထားခဲ့သည်။
သက္ကရာဇ် ၁၂၁၄ ပုဂံမင်းလက်ထက်တွင် ဇလွန်မြို့သူကြီးဦးရွှေပွင့်က
ပုဂံမင်း၊ မင်းတုန်းနှင့် ကနောင်မင်းတို့ မသင့်မတင့်ဖြစ်၍ နေပြည်တော်တွင် အရေးအခင်း ဖြစ်ချိန်တွင်
နန်းတော်ဦးမှ ရန်အောင်မြင်ရုပ်ပွားတော်ကို ကိုးကွယ်ရန် ဇလွန်မြို့သို့
ပင့်ဆောင်ခဲ့ကြသည်။
၎င်းနှစ်မှာပင် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်၍
ကြေးပိုက်ဆံ၊ ကျည်ဆံများပြုလုပ်ရန် ကြေးဆင်းတုရုပ်ပွားတော်များကို သိမ်းယူရာ ဇလွန်မြို့ မာရ်အောင်မြင်
(ရန်အောင်မြင်) ဘုရားကိုပါ
Golden Elephant သင်္ဘောဖြင့်
သယ်ယူသွားကြ၏။ ဘုံဘိုင်မြို့သို့ရောက်သောအခါ ကြေးဆင်းတုများကို အရည်ကျို၍
ကြေးပိုက်ဆံ၊ ကျည်ဆံလုပ်ကြ၏။ မာရ်အောင်မြင် ဆင်းတုတော်မှာမူ
မီးနှင့်ကျိုရာ အရည်မပျော်ဘဲ မိုးကြီးလေကြီးကျ၍ အရည်ကြိုသူ
ကုလားများ သွေးအန်သေကုန်၏။
ထိုအချိန်တွင် ဝိတိုရိယဘုရင်မကြီးမှာ ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာခံစားနေရာ
ဆရာ၀န်များ ဆေးကုမရဘဲဖြစ်နေ၏။ တစ်ညတွင် ဘုံဘိုင်ရှိ
မြန်မာဘုရားကို မူလနေရပ်သို့ ပြန်ပို့မှ ရောဂါပျောက်မည်။
ပြန်မပို့က နတ်ရွာစံမည်ဟု အိပ်မက်မက်သဖြင့်
ဘုရားအား မြန်မာပြည်သို့ ပြန်ပို့ပေးသောအခါမှ ရောဂါပျောက်သည်ဟုဆို၏။
ထိုမာရ်အောင်မြင်ဘုရား၏ အောက်ခြေ
ပလ္လင် စမ္မခဏ်တွင်ရှိနေသော
ဂါထာတော်မြတ်၏ အစွမ်းသတ္တိကြောင့် ပြည်တော်သို့ ပြန်ရောက်လာသည်ဟု ယုံကြည်ကြလျက် ဇလွန်ပြည်တော်ပြန်ဂါထာ ဆိုပြီး ကျော်ကြားလာခဲ့သည်။

( ဇလွန်မာရ်အောင်မြင်ဘုရား
ဂေါပကအဖွဲ့မှထုတ်ဝေသော ပြည်တော်ပြန်ဘုရားသမိုင်းစာအုပ်မှ)


⭐💫 အလုပ်နေရာပြောင်းရန်
ယတွာ 💫⭐

ညောင်ရွက်သုံးရွက်ပေါ်မှာ နေ၊ ရာ၊ ပြောင်း လို့ တစ်ရွက်စီစာရေးပြီး၊
ညောင်ရွက်ကို လိပ်လိုက်ပါ။
ပြီးရင် အပ်ချည်ကြိုးနဲ့ချည်ပြီး လစ်ပိုပုလင်းထဲ ထည့်လိုက်ပါ။

အညှာရှည်ရင်ဖြတ်ထည့်ပါ။
အညှာအောက်ဖက်ထားပါ။
လစ်ပိုပုလင်း အဖုံးပေါ်ဖယောင်းတိုင်တင်ထွန်းပါ။
ဇလွန်ပြည်တော်ပြန်ဂါထာ ပုတီးတစ်ပတ်စိပ်ပါ။
၃၆ရက်အဓိဌာန်ပြုလုပ်ပါ။
ကျိန်းသေပြောင်းရပါမည်။

အလုပ်တစ်ခုအတွက် မိမိချစ်ခင်ရသောသူများ၊ မိသားစုများနှင့် မခွဲမခွာမနေရစေချင်တဲ့ စေတနာနဲ့ ပြည်တော်ပြန်ဂါထာကို
Page များ Account များမှ ကူးယူကာ စုစည်းဖော်ပြပါသည်။

ျမ်းသာကြပါစေ

11/28/2023

စီပွားတတ်၊ အန္တရာယ်ကင်း၊
အစွမ်းထက်တဲ့ #ဂုဏ်တော်ကွန်ခြာ
#ဘေးကင်းချမ်းသာကြပါစေ

11/27/2023

ပံ့သကူ လာမယ်နော်.. Diamond 💎တွေအတွက်ရော.. Like and Follow လုပ်ထားတဲ့ မိတ်ဆွေများရော.. ပံ့သကူ ဖြစ်တာကြောင့် အချိန်၊ နေရာ ပြောမည် မဟုတ်ပါ။ ပို့စ်များရဲ့ အောက်မှာလည်း ရှာကြည့်ဖို့ လိုပါလိမ့်မယ်။ noti တက်တာက like ပေးထားတဲ့ ပို့စ်တွေ၊ မန့်ထားတဲ့ ပို့စ်တွေ၊ Story တွေမှာ ရှာရမှာပါ။ အာလုံး ရပါစေ။

11/27/2023

လပြည့်နေ့မှာ နေ့နံအလိုက် ဆောင်ရန်၊ ရှောင်ရန်။
ဆေးပေါင်းခတဲ့ညက တနင်္လာတည်း...

နက္ခစုံတဲ့ညက တနင်္လာတည်း...

အဲဒီနေ့က လူတွေရဲ့ ငွေကြေးစီးပွားကို
တိုးတက်စေလိမ့်မယ်...

တနင်္လာ ငွေနာမ်ပြည့်လို့ လာဘ်လာဘတွေ
ပွင့်လန်းလာမယ်...

တနင်္လာသားသမီးတွေ အထူးကံကောင်းမယ်...
စုတ်ကောလာဘ်ကော ဝင်မယ်...
ငွေတွေဝင်လွန်းလို့ စိတ်ညစ်ရမယ်...
အိမ်ထောင် သို့ ပိုင်ဆိုင်သူရှိပြီးသားကို
လာလာ propose ကြလို့ စိတ်ညစ်ညူးရမယ်
တနင်္လါသားတွေ ကံထမ်းလာတာ မြင်နေရပါပြီ။

အင်္ဂါသားသမီးတွေက...
တနှစ်လုံး မင်းမူထားတဲ့
အကြပ်အတည်းတွေက လွတ်မယ်
လူချစ်လူခင်များပြားမယ်
လာဘမှာလဲ ထိပ်တန်းပါပဲ။

စနေတွေက...
ရာဇမန်ပြင်းထန်လို့
ဂုဏ်ရှိန်ပကာသန ကျော်ဇောမယ်
ရာထူး ဘုန်းကံ ကျော်ဇော
ထိုသုံးချက် တိုးတက်မြင့်မားမယ်။

သောကြာသားသမီးတွေက...
တိုင်ထိပ်မှာ
သောကြာသားသမီး ပရောဟိတ်တွေရဲ့
ဟောပြောမှု မှန်ကန်လာမယ်..
အဖွဲ့အစည်းတွေမှာ သောကြာတွေ ဦးဆောင်လာမယ်...
သောကြာ ဥသျှောင်တွေကြောင့်
အကြံအစည်တွေ အလွယ်တကူအောင်မြင်မယ်...
မိသားစုထဲ သောကြာသားသမီးပါလာရင်
ထိုမိသားစု၊ ထိုအိမ် စည်ပင်ဝပြောမယ်။

ကြာသာပတေးတွေ...
စီးပွားသတိထား ငွေချေး ဆုံးမယ်
အလောင်းကစား ရှုံးမယ်
ငွေကြေး ကျပျောက် သူခိုးဓားမြ သတိထားရမယ်...
ယတွာ အနနေဲ့
လပြည့်နေ့မှာ ဒိဝါတပတိဂါထာကို အထူးရွတ်ဆို ပူဇော်ပါ။

တနင်္ဂတွေတွေ...
ရန်သတ္တုများမယ်
မနာလိုသူတွေ တင်းကြမ်းပဲ
အတိုက်အခိုက် အတိုက်အခံတွေ ပေါများမယ်...
ယှဉ်ပြိုင်ဖက်တွေ လက်အောက်ငယ်သားတွေကြောင့် သောကများမယ်
ယတွာ အနနေဲ့
လပြည့်နေ့မှာ သံဗုဒ္ဓေ ဂါထာကို
အထူးရွတ်ဆို ပူဇော်ပါ။

ဗုဒ္ဓဟူးတွေက...
လာဘကောင်းပေမယ့်
မိဘတွေနဲ့ ဆရာသမားတွေနဲ့
မသင့်မတင့်ဖြစ်တတ်တယ်...
အထက်လူကြီးတွေနဲ့ အဆင်မပြေတာမျိုးကြောင့် လုပ်ငန်းခွင်မှာ စိတ်ရှုပ်ရမယ်...
ထိုသို့ဖြစ်လာရင်
လပြည်နေ့မှာ မိဘဆရာသမားတွေကို
ယိုကိုးမျိုးနဲ့ ပူဇော်ကန်တော့လိုက်ပါ။

ကျန်းမာချမ်းသာ စည်ပင်ဝပြောကြပါစ
​ခရက်တစ်
‌လိုရာပြည့်ဝကြပါစေ။

11/26/2023

လပြည့်နေ့မှာ လိုရာပြည့်ဝကြပါစေ။

Want your business to be the top-listed Media Company in New York?
Click here to claim your Sponsored Listing.

Category

Website

Address


New York, NY