Kind View Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kind View Myanmar, Video Creator, USA New York NY United state New York, New York, NY.
07/29/2025
Kind View (Myanmar) and Kind View (Thailand) မှသင့်ကျမ်းမာရေးအတွက် တိုင်ပင်ဆွေးနွေးရန်အသင့် ရှိနေပါပြီခဗျာ😊
Kind View Medical Service မှာ ဘယ်လိုဝန်ဆောင်မှုတွေရလဲ??
Kind View Medical Service ဆိုတာ Bangkok မှာရှိတဲ့ နာမည်ကြီး ဆေးရုံကြီးများနှင့်အတူ ဆေးရုံကြီးတွေမှာရှိတဲ့ အထူးကုဆရာဝန်များ နှင့် လက်တွဲကာ Contractချုပ်ထားသော ကျန်းမာရေးဝန်ဆောင်မှုဖြစ်ပါတယ်ရှင့်။
Kind View Medical Service မှာဆိုရင် Bangkok ရှိ ဆေးရုံကြီးများမှပေးသော ကျန်းမာရေးဝန်ဆောင်မှုများကို တစ်နေရာထဲမှာ မေးမြန်း၊စုံစမ်း၊ စစ်ဆေးကာ ကျန်းမာရေးဝန်ဆောင်မှုများကို စတင်ရယူနိုင်ပါပြီရှင့်။
Kind View Medical Service သည် Bangkok ရှိဆေးရုံကြီးများမှ ဆရာဝန်ကြီးများ အပြင် Bangkok ဆရာဝန်ကြီးများ၏ ကျန်းမာရေးစစ်ဆေးချက်များကို Cross Examination ပြန်လည်စစ်ဆေးသုံးသပ်နိုင်ရန် မြန်မာပြည်မှ ဆရာဝန်ကြီးများကိုလဲ ချိတ်ဆက်ထားသောကြောင့် ကျန်းမာရေးစစ်ဆေးချက်အဖြေများကိုလဲ စိတ်ချယုံကြည်စွာ စစ်ဆေးအဖြေရှာလို့ရပါပြီရှင့်။
အဲ့လို ဆေးရုံကြီးများဖြင့် ချိတ်ဆက် အလုပ်လုပ်နေသော Kind View Health Service Agency ကို မည်သည့်ကျန်းမာရေးကိစ္စနဲ့နဲ့ဖြစ်ဖြစ် ထိုင်းနိုင်ငံ သို့ ဆေးကုသဖို့သွားရောက်ရတော့မည်ဆိုတာနဲ့ ချက်ချင်းဆက်သွယ် မေးမြန်းစုံစမ်း လို့ရပါပြီရှင့်။
Viber Number: +95 9447938152
Whatsapp : +66 623343285
Telegram : +95 9889338388
Phone Number:
+95 9447938152 (Myanmar)
+66 623343285 (Thai)
Email: [email protected]
12/18/2024
Kind View Myanmar ပရိတ်သတ်များစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျ။
ဒီတစ်ခေါက်တော့မင်မင်ကအူအတက်ရောင်ယမ်းခြင်း(acute appendicitis)၏လက္ခဏာများကိုဗဟုသုတရရန်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
အူအတက်ရောင်ယမ်းခြင်း၏လက္ခဏာများမှာ
🔖ဗိုက်၏ညာဘက်အောက်ခြေနားတွင်အလွန်အမင်းနာခြင်း
🔖အန်ခြင်း
🔖ပျို့ခြင်း
🔖ဖျားခြင်း
🔖ချွေးစေးများပြန်ခြင်း
🔖အချို့သူများတွင်ချက်၏အနီးတဝိုက်နာကျင်ခြင်း တို့ပဲဖြစ်ပါတယ်။
အူအတက်ယောင်ခြင်းကနေတစ်ဆင့် အူအတက်ပေါက်ခြင်း၊ပြည်တည်ခြင်း၊ပိုးဝင်ခြင်းစတဲ့နောက်ဆက်တွဲဆိုးကျိုးများဖြစ်နိုင်သောကြောင့်အထက်ပါလက္ခဏာများဖြစ်ပါကနီးစပ်ရာဆေးရုံဆေးခန်းသို့ချက်ချင်းသွားရောက်ပြသဖို့အကြံပြုပါတယ်ခင်ဗျာ။
09/19/2024
အခုတစ်ခေါက်ကျွန်တော်တို့kind view Myanmar ကနေမျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ရေကြီးရေလျှံတဲ့အချိန်မတော်တဆထိခိုက်မှုများမှကာကွယ်ရန်နှင့်ဖြစ်ပေါ်လာခဲ့လျှင်ထိရောက်သောကုသမှုများလုပ်ဆောင်ရန်ပဲဖြစ်ပါတယ်ခင်ဗျာ
အခုအချိန်အခါနိုင်ငံတစ်ဝှမ်းမှာရေကြီးရေလျှံမှုတွေဖြစ်နေကြတဲ့အခါမှာ မိမိတစ်ကိုယ်ရေထိခိုက်မှုများ၊သူတစ်ပါးကိုကယ်ဆယ်ပေးရင်းထိခိုက်မှုများစွာကိုရင်ဆိုင်နေကြရပါတယ်
ဒါတွေကနေအတတ်နိုင်ဆုံးဘယ်လိုရှောင်ရှားကြမလဲဆိုတာကိုအချက်ကလေးတွေနဲ့ပြောပြပေးပါမယ်ဗျ
🌊 ရေထဲမှမမြင်နိုင်သောသံပြားသွပ်ပြား များခြစ်မိခြင်းသံစူးခြင်းမှကာကွယ်ရန်လယ်ရှည်ဖိနပ်အထူသို့မဟုတ်လုံခြံုသောဖိနပ်စီးရန်
🌊မိမိတွင်မူလရှိထားပြီးသောအနာများကိုပိုးမဝင်ဖို့သေချာစွာဖုံးအုပ်ထားရန်
🌊 အရေပြားရောဂါများဖြစ်သည့် ပွေးဝဲညှင်း နှင့်ကာလဝမ်းရောဂါများမကူးစက်ရန်ခြေလက်များရေဆေး၍ဖြစ်နိုင်လျှင်ရေချိုးရန်
🌊ရေဓာတ်ဆုံးရှုံးမှုမှကာကွယ်ရန် ရေနှင့်ဓာတ်ဆား(လိုအပ်လျှင်)များများသောက်ပေးရန်
🌊ဖြစ်နိုင်လျှင်အာဟာရရှိစွာစားသောက်ရန် တို့ပဲဖြစ်ပါတယ်
📌အကယ်၍ထိခိုက်ဒဏ်ရာရခဲ့ပါကအချိန်မဆွဲပဲနီးစပ်ရာဆေးရုံဆေးခန်းမှာမေးခိုင်ကာကွယ်ဆေးထိုးခြင်းနှင့်အခြားကုသမှုများခံယူဖို့မမေ့ပါနဲ့ခင်ဗျာ
✅အနာကို သန့်ရှင်းသောရေဖြင့်ဆေးရမည်
❌ အနာထဲသို့အရက်ပြန်လောင်းမထည့်ရ
ပြည်တည်နာကိုမသန့်ရှင်းသောဓားများအပ်များဖြင့်ထိုးဆွခြင်းမပြုလုပ်ရပါ
အားလုံးပဲရေဘေးအန္တရာယ်မှအမြန်ဆုံးဝေးကွာစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ
Click here to claim your Sponsored Listing.
Category
Website
Address
USA New York NY United State New York
New York, NY