Ride Behind Kalaw

Ride Behind Kalaw

Share

Ride To Donate. Ma A Loe ... Min Aung Hlaing. F**k The Coup. Ma A Loe .. Min Aung Hlaing

Photos from Ride Behind Kalaw's post 04/17/2026

နှစ်နဲ့ချီပြီးအထားခံတဲ့ RBK ရဲ့ အသင့်စား ကြက်သားခြောက်တွေကို ဒီလိုနည်းလမ်းနဲ့ ထုတ်လုပ်ပါတယ်...

ကျွန်တော် ထိုင်းကနေထွက်လာတဲ့အခါကျတော့ ဒီထုတ်လုပ်မှုကိစ္စအဝဝကို နယ်စပ်မှာအခြေစိုက်တဲ့ ထောက်ပို့တပ်ဖွဲ့တစ်ခုဆီ လွှဲခဲ့လိုက်ပြီး အဲ့ဒီအဖွဲ့က အခုအချိန်အထိ အလျဉ်းသင့်သလို ရိက္ခာခြောက်တွေ ဆက်ထုတ်ပေးနေကြပါတယ်...

RBK page မှာ ရိက္ခာခြောက်အတွက်လာလှူကြတဲ့ငွေမှန်သမျှဟာ အဲ့ဒီထုတ်လုပ်ရေးအဖွဲ့ဆီကို တိုက်ရိုက်ရောက်ပါတယ်...

လွန်ခဲ့တဲ့ (၃) နှစ်ကျော် (၄) နှစ်လောက်က ကျွန်တော့်ကင်မရာကို မဲဖောက်ရောင်းရာကနေရလာတဲ့ငွေနဲ့ ဒီထုတ်လုပ်ရေးပစ္စည်းတွေ ဝယ်နိုင် ထုတ်နိုင်ခဲ့တဲ့ကိစ္စက အခုအချိန်အထိ အကျိုးရှိနေဆဲဖြစ်တယ်ဆိုတာလည်း အဲ့ဒီကင်မရာမဲတုန်းက ပါဝင်ခဲ့တဲ့သူတိုင်းကို သိစေချင်ပါတယ်...

နောက်ပြီးရင် ရိက္ခာခြောက်အတွက်ဆိုပြီး ပါဝင်ခဲ့သူ ပါဝင်နေသူတိုင်းကိုလည်း အခုလိုအကျိုးရှိတဲ့ကိစ္စအတွက် ဝမ်းမြောက်နေစေချင်ပါတယ်...

Want your public figure to be the top-listed Public Figure in New York?
Click here to claim your Sponsored Listing.

Category

Website

Address


New York, NY