SmartBuzz

SmartBuzz

Share

Welcome 😍

04/30/2026

စားကြပါအုန်းဗျာ😋

#အစားအသောက်

04/30/2026

"စားမယ်... ဝါးမယ်... ရှယ်ပဲ!

#အစားအသောက် #ပုဇွန်သုပ် #ခါးသီး

04/29/2026

ငွေဆောင်၌ မဖွယ်မရာဗီဒီယိုဖိုင်ပါ ဘုန်းကြီးနှင့် သီလရှင် ၄ ပါးကို လူဝတ်လဲ ဖမ်းဆီးစစ်ဆေးနေ
DVB

အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ မဖွယ်မရာ ဗီဒီယိုဖိုင်ပါ ဧရာဝတီတိုင်း ပုသိမ်-ငွေဆောင် ကားလမ်းဘေးရှိ ကျောင်းတိုက်တခုက ဘုန်းကြီးနဲ့ သီလရှင် ၄ ပါးတို့ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သရုပ်ပျက် မဖွယ်မရာ ဗီဒီယိုဖိုင်ပါ ဘုန်းကြီး ဉူးခေမာဝံသနဲ့ ဥူးရေတဝ၊ သီလရှင် နန္ဒမာလာနဲ့ မမာလာဝံသတို့ကို ဧပြီ ၂၅ ရက်မှာ သံဃာအဖွဲ့အစည်းတွေက သိက္ခာချ လူဝတ်လဲပေးပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပုသိမ်ဒေသခံတယောက်က သာသနာတော်ကို အရှက်ရ သိက္ခာကျ ညှိုးနွမ်းစေမှုနဲ့ သိက္ခာချ လူဝတ်လဲမှု လုပ်ဆောင်ခဲ့တာလို့ သိရတယ်။ မဖွယ်မရာလုပ်နေတဲ့ ဗီဒီယိုဖိုင် ပြန့်နေတာက တပတ်လောက်ရှိပြီ။ လူတွေဆိုရင်တောင် မသင့်လျော်တဲ့ လုပ်ရပ်ပါ။ သံဃာတို့၊ သီလရှင်တို့ ဆိုတော့ ပိုဆိုးတာပေါ့။ ဒီနေ့တော့ အဖမ်းခံထိတာ လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကိုတော့ လက်ရှိ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သလပ်ခွာနယ်မြေရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဆိုပါ ဘုန်းကြီးနဲ့ သီလရှင်တွေဟာ ပုသိမ်-ငွေဆောင်လမ်း ၁၆/၀ မိုင်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာအုပ်စုရှိ အောင်သစ္စာမဏ္ဍိုင်တောရ ကျောင်းတိုက်မှာ နေထိုင် သီတင်းသုံးသူတွေ ဖြစ်ပါတယ်။

သူတို့သီတင်းသုံး နေထိုင်တဲ့ ပုသိမ်-ငွေဆောင်ကားလမ်း ၁၆/၀ မိုင်အနီးရှိ ၀ ဒသမ ၂၄ ဧကခန့်ရှိ အောင်သစ္စာမဏ္ဍိုင်တောရကျောင်းတိုက် အမည်၊ အဆောက်အအုံနဲ့ မြေနေရာဟာ သက်ဆိုင်ရာက တရားဝင် သာသနာ့နယ်မြေအဖြစ် ခွင့်ပြုထားခြင်းမရှိဘူးလို့ သိရပါတယ်။

သူတို့ ၄ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်လောက်က စတင်ပြီး သက်ဆိုင်ရာက ခွင့်ပြုချက်မရဘဲ တောရကျောင်းသဏ္ဌာန် ဆောက်လုပ်နေထိုင်နေတာ ဖြစ်ပါတယ်။

04/29/2026

ခြေ -လက်-အင်္ဂါ မ-ပြည့်စုံပေမယ့် အချိန်တန်တော့ သ-ဘာဝအတိုင်း ဝမ်း-လျား-ထို-း-တတ်လာပြီဖြစ်တဲ့ မောင်ကံကောင်းလေးကို စိတ်-ခွန်-အားတွေရစေဖို့ အချိန်ပေးပြီး ဂရုစိုက်နေတဲ့ သရုပ်ဆောင် ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေ

မေမေခိုင်နဲ့ ရေ-စက်-ဆုံရတာ မောင်ကံကောင်းလေး ကံကောင်းပါတယ်နော်

04/29/2026

ဂုံးတံတားအောက်မှာ ပစ်ထားခံခဲ့ရတဲ့ ကလေးနှစ်ယောက်ကို သွားရောက်ခေါ်ယူခဲ့တဲ့ " မေမေခိုင် "

***********************

"ကားတိုက်ခံရတဲ့ကလေးအတွက်လှူထားတဲ့ ငွေတွေကို မိခင်ဖြစ်သူမှ ယူပြီးပြေးထွက်သွားတာဖြစ်ပြီး။ ကလေးနှစ်ယောက်ကို ဂုံးတံတားအောက်မှာပစ်ထားခဲ့ကြောင်းသိရှိရတာကြောင့် မခိုင်နှင်းဝေ မှသွားရောက်ခေါ်ယူခဲ့တဲ့ပုံရိပ်များကိုပြသလိုက်ရပါတယ်။"

04/29/2026

ကိုယ်လက်အဂ်ါ ပြည့်စုံနေပါရက်နဲ့
သူတပါး ချွေးစာကို အချောင်စားချင်တဲ့
သက်န်းဝတ် သာသနာ အတုတွေ
အလှူခံစာရွက်ကို မယူဘူး ငြင်းတော့
ကြိမ်းဝါးတဲ့ အကြည့်တွေနဲ့
ကျနော့် ခြေထောက်ကို ဆောင့်ကန်သွားတယ်
ကားပေါ်က ဆင်းခါနီးမှာတောင်
တုတ်ထိုး စားတဲ့ အချွန်တုတ်နဲ့
မျက်လုံးကို ပစ်ပေါက်ဖို့ ချိန်ရွယ် သွားပါသေးတယ်
ဒီလို စရိုက်တွေနဲ့
ဒီလို ဆေးကြောင် စောင်ရူးတွေ
မြန်မာ နိုင်ငံမှာ ဘယ်လောက်တောင် ပေါများနေပြီလဲ

04/29/2026

အရာရာ မမကြီးဖြစ်ပြီး

04/29/2026

" နေပူပေမယ့် စိတ်ထဲထားနေလို့မရဘူးလေ၊ နေပူလို့မခူးရင်နောက်နေ့ရောင်းဖို့မရှိမှာစိုးလို့ ရှာခူးရတယ်။ နေ့ခင်း(၁)နာရီကျော်လောက်ဆိုရင်အရွက်တွေစခူးပြီ၊ ငယ်ငယ်ကလည်း လေဖြန်းထားတော့ ဖိနပ်တစ်ဖက်ကသိပ်ပြီးမစီးနိုင်ဘူး။ အရွက်တွေခူးပြီးရင် ခြေထောက်တွေ ယားလာလို့ အမြဲေ-ဆးလူးရတယ် "

ဘဝကိုတစ်ယောက်ထဲ အရွက်တွေခူးရင်းဖြတ်သန်းနေတဲ့ အဖွားဒေါ်သန်းညွှန့်

04/29/2026

#လူပျိုကြီးထွန်းထွန်းကတော့ စွံပါတော့မယ်နော်။
ချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်ပါပြီတဲ့
ဒီနှစ်တော့ တကယ်ဝါကျွတ်တော့မယ့် လူပျိုကြီး ထွန်းထွန်းပါ..နှစ်ရှည်လများ တွဲလာခဲ့တဲ့ ချစ်သူလေးကိုသူများတွေထက် တမူထူးတဲ့ ဘုရားရှေ့မှာသက်သေထူပြီး လက်ထပ်ခွင့်တောင်းလိုက်တာပါ..လူပျိုကြီးကတော့ ဇနီးလောင်းလေးကို ဘယ်လောက်ထိ ချစ်သလဲ ဆိုတာ ဒါက သက်သေပါပဲ.. Congratulations ကိုထွန်းထွန်း သာယာတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ပါစေ

04/29/2026

ရေးမြို့နယ်ချောင်းတောင်ကျေးရွာနေပျူခေါင်းဆောင် စကမ ဘက်တော်သား ( မောင်နိူင် ) မှသိမ်းဆည်းရရှိသော မြန်မာငွေကျပ်( ၉၅၀၀၀၀ ) NCX ဆိုင်ကယ်တစ်စီး လက်ကိုင်ဖုန်းတစ်လုံးပြည်သူများထံမှမတရားအနိူင်ကျင့်ယူထားသောပစ္စည်းနှင့်ငွေကျပ်များပျူခေါင်းဆောင် ( မောင်နိူင် ) ထံမှသိမ်းဆည်းရရှိ /

04/29/2026

ဆောင်းပါး

ရန်ကုန်မှာ ခပ်လန်းလန်း ဝတ်မယ်ဆို သတိထား

Scorpio/People's Spring

စာဖတ်သူဟာ ရန်ကုန်ဒေသခံဖြစ်ပြီး ခေတ္တအဝေးရောက်နေရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရန်ကုန်ဒေသခံမဟုတ်ပေမဲ့ ရန်ကုန် မရောက်တာကြာပြီဆိုရင်ဖြစ်
ဖြစ် စာဖတ်သူ ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်တဲ့ ရန်ကုန်မြို့ကြီးပေါ်က လုယက်မှု ဖြစ်စဥ်တွေအကြောင်း ပြောပြချင်ပါတယ်။

စစ်အုပ်စု အာဏာသိမ်းထားတဲ့ကာလ လုယက်မှုဖြစ်တာ ဘာဆန်းတုန်းလို့ မေးရင် ဟုတ်ကဲ့ မဆန်းပါဘူး။ ဒါပေမယ့် အခုဖြစ်တာက ရွှေလုတာ၊ ဖုန်းလုတာလည်းမဟုတ်ဘူး။ ကားတွေ ဆိုင်ကယ်တွေ လုတာလည်းမဟုတ်ဘူး။ ဒါဆိုဘာများလဲလို့မေးလာရင် ဟုတ်ကဲ့ အင်္ကျီတွေ လုတာပါတဲ့ခင်ဗျာ။

မကြာသေးမီက ရန်ကုန်မြို့ရဲ့လူစည်ကားရာ လှည်းတန်း၊ မြေနီကုန်း၊Myanmar Plaza၊ M Tower နဲ့ Center ကြီးတွေမှာ ဆယ်ကျော်သက် လူငယ်အုပ်စုတွေက အခြား လူငယ်တွေကို အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ပြီး ဝတ်ဆင်ထားတဲ့ အဝတ်
အစားတွေကို အတင်းအဓမ္မ ချွတ်ယူလုယက်တဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတာပါ။

အဓိကအားဖြင့် လူငယ်တွေကြား ခေတ်စားနေတဲ့ NRF, SIS, IWYWH, NFC စတဲ့ Local Brand အဝတ်အစားတွေကို ပစ်မှတ်ထားကြတာပါ။
ဒီအဝတ်အစားတွေဟာ Limited Edition (အရေအတွက် ကန့်သတ်ချက်ဖြင့် ထုတ်လုပ်ခြင်း) ဖြစ်တာကြောင့် ပြန်လည်ရောင်းချတဲ့ ဈေး
ကွက်မှာ မူရင်းဈေးထက် အဆမတန် မြင့်မားနေတတ်ပါတယ်။ အင်္ကျီတစ်ထည်ကို ကျပ် ရှစ်သောင်း၊ တစ်သိန်းကနေ သိန်းကျော်အထိ ပေါက်
ဈေးရှိနေတာကဒီဆယ်ကျော်သက်တွေကို ဒုစရိုက်မှု ကျူးလွန်ဖို့ တွန်းအားပေးသလို ဖြစ်နေတာပါ။

နောက်တစ်ခုကတော့ လုလာတဲ့ အဝတ်အစားတွေကိုဝတ်ဆင်ပြီးနောက်ရက်တွေမှာRich Kid ပိုက်
ဆံရှိသမီးပုံစံ သွားလာကြတယ်၊ Tiktok ရိုက်ကြတယ်လို့ ရန်ကုန်က လူငယ်တွေက ပြောပါတယ်။
လုယက်သူတွေဟာ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်ကြား ဆယ်ကျော်သက်တွေ ဖြစ်ကြပြီး အင်အား ၅ ယောက်ကနေ ၃၀ ဝန်းကျင်အထိ အုပ်စုဖွဲ့ လှုပ်
ရှားကြပါတယ်။

အများပြည်သူသုံး အိမ်သာတွေ၊ လူပြတ်တဲ့ လမ်း
ကြားတွေနဲ့ မှတ်တိုင်တွေမှာ စောင့်ဆိုင်းကြပါတယ်။လိုချင်တဲ့အင်္ကျီဝတ်ထားသူကိုတွေ့ရင် ခါးပတ်တွေနဲ့ ရိုက်တာ၊ ဝိုင်းဝန်းထိုးကြိတ်တာတွေ ပြုလုပ်ပြီး အဝတ်အစားတွေကို ဆွဲချွတ်ယူသွားကြပါတယ်။

တကယ်လို့ လုစရာမရှိရင်တောင် "ဘာကြည့်တာလဲ"ဆိုတဲ့အကြောင်းပြချက်နဲ့ ရန်ရှာရိုက်နှက်တတ်ကြတယ်လို့ ကိုယ်တွေ့ကြံဖူးသူတွေက ပြောပါတယ်။

"သူတို့လိုချင်တဲ့ အင်္ကျီဝတ်ထားတဲ့လူတွေ့ရင် toilet ထဲထိလိုက်ပြီး အဖွဲ့လိုက် ရိုက်လုကြတာပါ"လို့ ကိုယ်တွေကြုံဖူးတဲ့ အသက် ၂၀ အရွယ်
ရန်ကုန်မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

ဒီလုပ်ရပ်ရဲ့ အဆိုးဝါးဆုံး အပိုင်းကတော့ ကျူး
လွန်သူတွေဟာ သူတို့ လုယူထားတဲ့ အဝတ်အစားတွေကို Telegram Channel တွေမှာ ပြန်လည်ကြွားဝါကြတာပဲ ဖြစ်ပါတယ်။ "အဲ့ကလေးတွေက Telegram မှာ channel ထောင်ပြီး ဒီနေ့တော့ ဘယ်ဘရန်းထဲက ဘာအဝတ်အစားလုနိုင်ခဲ့တယ်ဆိုပြီး ပြန်ကြွားတင်ကြတာတဲ့။"လို့ ရန်ကုန်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ခံရတဲ့လူငယ်အချို့မှာလက်ကျိုးတာ၊ သွေးထွက်
သံယိုဖြစ်တာတွေအထိ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိနေကြပါတယ်။ အချို့ဆိုရင် ရရှိတဲ့ လစာလေးနဲ့ စုဆောင်းဝယ်ထားတဲ့ အင်္ကျီကို အလုခံရရုံတင်မကဘဲ လူအုပ်နဲ့ ဝိုင်းခံရတာကြောင့် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေ ရှိနေပါတယ်။

အဲဒီအဖွဲ့တွေကို စစ်ကောင်စီလက်အောက်ခံ ရဲတွေကို တိုင်ဖူးသူတွေရှိပါတယ်။ ဘာများထူးမယ်ထင်ပါသလဲ။ "ရဲနဲ့တိုင်လည်းဒီကောင်တွေတစ်ရက်နှစ်ရက်နဲ့ပြန်လွတ်လာတာ"လို့ လူငယ်တစ်ဦးက ပြောပါတယ်။

အုပ်စုဖွဲ့ ကျူးလွန်တဲ့ ဆယ်ကျော်သက်တွေဟာ တစ်ယောက်တည်းဆိုရင် ဒီလောက် ရဲတင်းမှာ မဟုတ်ပေမဲ့ အုပ်စုထဲ ရောက်သွားတဲ့အခါ "ငါ" ဆိုတဲ့ တစ်ကိုယ်ရေ တာဝန်ခံမှုကို မေ့သွားပြီး "ငါတို့" ဆိုတဲ့ အုပ်စုနောက်ကိုပါသွားတတ်ပါတယ်။ အုပ်စု
လိုက် ဖြစ်သွားတဲ့အခါ ကိုယ်ကျင့်တရားဆိုင်ရာ ထိန်းချုပ်မှု လျော့နည်းသွားပြီး ပိုမို ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကို ဝန်မလေးဘဲ လုပ်ဆောင်တတ်ကြပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ မိဘ ဒါမှမဟုတ် လူ့အသိုင်းအဝိုင်းထက် မိမိတို့ အပေါင်းအသင်းရဲ့ အသိအမှတ်ပြုမှုကို ပိုပြီး အလေးထားတတ်ကြပါတယ်။ Telegram မှာ ပြန်ကြွားတာတွေ၊ ဘာဘရန်းကို လုနိုင်ခဲ့တယ်လို့ ပြောတာတွေဟာ သူတို့အချင်းချင်းကြားမှာ "ငါဟာ အစွမ်းအစရှိတယ်၊ သတ္တိရှိတယ်" ဆိုတာကို ပြသချင်တဲ့ ပုံစံမှား တစ်ခုဖြစ်နေပါတယ်။

နောက်ပြီး ရုပ်ဝတ္ထုကို အလွန်အကျွံအလေးထားတာ၊အဲ့ဒီ အဝတ်အစားကို ဝတ်ထားခြင်းဖြင့် သူတို့ကိုယ်သူတို့ ခေတ်မီတယ်လို့ ထင်မြင်စေတဲ့ စိတ်
ကူးယဉ်မှုကြောင့်လည်း ပါပါတယ်။

ဆယ်ကျော်သက်တွေရဲ့ဦးနှောက် ဖွံ့ဖြိုးမှုအရ ဆုံး
ဖြတ်ချက်ချတဲ့အပိုင်းက အပြည့်အဝ မရင့်ကျက်သေးတဲ့အတွက် အကျိုးအပြစ်ထက် ရင်ခုန်စိတ်လှုပ်ရှားမှုကိုဦးစားပေးတတ်ကြပါတယ်။ဒီလို လု
ယက်တာကို ရာဇဝတ်မှုလို့ မမြင်ဘဲ စိန်ခေါ်မှုရှိတဲ့ ဂိမ်းတစ်ခုလို သဘောထားပြီး ကျူးလွန်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အချုပ်အားဖြင့်တော့ ဒါဟာ အုပ်စုလိုက် လွှမ်းမိုးမှုနဲ့ တန်ဖိုးထားမှု မှားယွင်းခြင်းတို့ ပေါင်းစပ်သွားတဲ့ ရလဒ်လို့ ပြောလို့ရပါတယ်။ ဒီလို လုပ်ရပ်တွေဟာ ရေရှည်မှာ ရာဇဝတ်မှု အကြီးစားတွေဆီကို ဦး
တည်သွားနိုင်တဲ့အတွက် လူမှုရေးအရရော၊ ဥပဒေအရပါ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ခက်တာက ဘယ်မလဲ ဥပဒေ။ ဘယ်မလဲ တရားမျှတမှု။

စစ်ခေါင်းဆောင် အာဏာသိမ်းလိုက်တာဟာ အခုဆိုရင်ဖြင့် ရန်ကုန် ရွှေမြို့တော်ကြီးမှာကိုယ်ကြိုက်
နှစ်သက်ရာ အဝတ်အစားကို လွတ်လပ်စွာ ဝတ်
ဆင်ဖို့တောင် ဘေးကင်းလုံခြုံမှု မရှိတော့တဲ့ အခြေအနေကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်ခင်ဗျာ။

Want your business to be the top-listed Media Company in New York?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


299 Broadway
New York, NY
10007