My Way

My Way

Share

ကိုယ်သိသလောက် ပြန်မျှဝေပါတယ်

12/13/2023

"ဖေဖေက စစ်သားလုပ်ဖူးလား" သမီးရဲ့ရုတ်တရက် အမေးကြောင့် တချက်ကြောင်သွားတယ်
အမ်...ဘာလို့လဲ?
ဒီနေ့ကျောင်းမှာ ကဗ္ဘာပေါ်ကစစ်တပ်တွေအကြောင်းသင်ရတယ် အဲဒါကြောင့်မေးတာ..
ပထမတော့ကိုယ်လဲ မဝင်ဖူးပါဘူးသမီးရယ်လို့ဖြေမလို့ ပြီးမှတခုသတိရပြီး
အေး..လုပ်ဖူးတာပေါ့
ဘယ်တုံးကလဲ?
ငါက PRF တပ်မှာ တပ်စုမှူးနဲ့လက်ရှိတာဝန်ထမ်းဆောင်နေတာ..
ဖေဖေက မနက်မနက်ဆူရှီးသွားလုပ်နေတာမဟုတ်ဘူးလား?
အေး..ငါက ဆူရှီးလဲလိပ်တယ် စစ်သားလဲလုပ်တယ်...
စစ်တပ်က ၆မျိုးရှိတယ် ဖေဖေတို့ကဘယ်လိုစစ်တပ်လဲ?
အဲဒါတော့ ဖေဖေမသိဘူး ဖေဖေတို့စစ်တပ်က သူရဲကောင်းတွေက ယုံကြည်ချက်၊တရားမျှတမှုအတွက်နဲ့ ဘဝတွေအသက်တွေပေးပြီးကဗ္ဘာအနှံမှာတိုက်ပွဲဝင်နေကြတယ်လို့ အစချီပြီး ၈နှစ်အရွယ်ခလေးကို နွေဦးတော်လှန်ရေးအကြောင်းကို တဝကြီးပြောပလိုက်တယ်။
သမီးကတော့ YouTube သာကြည့်နေပြီး ပြောနေတာကိုနားလည်ပုံမပေါ်။ နားလည်တာမလည်တာအရေးမကြီး သူ့ဘဝမှာ သူ့အဖေက အကြောင်းအရာတခုကို ဂုဏ်ယူစွာပြောနေတဲ့ အမူအရာလေယူလေသိမ်းတွေကို သူရဲ့ မသိစိတ်မှာစွဲထင်နေလိမ့်မည်...

07/18/2023

ကျနော်နဲ့ Planet fitness

အမေရိကားက စျေးပေါတဲ့ Planet fitness gym အကြောင်းကိုတော့ ဟိုစုံတွဲလုပ်လို့ တော်တော်များများသိနေလောက်ဘီ
ထင်ပါတယ်။ ကျနော်လဲ အခုကြုံနေရတဲ့ အကြောင်းလေးပြောပြချင်လို့ပါ။
ကျနော်က gym မသွားဘူး၊ကြိုက်လဲမကြိုက်ဘူး အိမ်မှာဘဲ ရသလိုလုပ်တယ် အချိန်မကုန်လူမပန်းငွေသက်သာတယ်လေ။

ဒါပေမဲ့ ဘဝတဆစ်ချိုးပြီး Planet fitness ကို join ဖို့ဖြစ်လာတယ်။

ဖြစ်ပုံကဒီလို.....လင်ယောက်ကျားသဘာဝ တနှစ်တခါလောက်တော့ အိမ်ပေါ်ကအနှင်ချခံရတယ်လေ မထူးဆန်းပါဘူး။ ဒါပေမဲ့
ဒီတခေါက်က ကျနော်လဲနဲနဲတင်းသွားတယ် "မသာမ...မှတ်လောက်သားလောက်ရှိအောင် ၆လလောက်အိမ်ပေါ်ပြန်မတတ်ဘဲနေပြလိုက်မယ် " ပေါ့။
ဘော်ဒါအိမ်ကလဲ အဆင်ပြေတယ် "ပျော်သလောက်နေ" တဲ့။ ပြသနာ ကသူတို့အိမ်က လူများတော့ မနက်အလုပ်သွားခါနီးရေချိုးအိမ်သာလုရတာ။
အဲဒီမှာ planet fitness ကို join ဖို့အကြံရတာဘဲ တလ $20 ဘဲ 24နာရီဖွင့်တယ်။ မနက် ၅း၃၀ သွား လုပ်စရာရှိတာလုပ်၊ပြီးရင် အိမ်သာတတ်၊ရေချိုး၊အလုပ်တန်းသွား (ကောင်းလိုက်တဲ့အကြံ) ။ အိမ်ကဆင်းဆင်းချင်း နောက်နေ့မနက်မှာဘဲ member ဝင်ပလိုက်တယ်။ Reception ကကောင်လေးကပြောတယ် "ကျနော်တို့က တနှစ်စာချုပ်ချုပ်ရမှာနော် တနှစ်မပြည့်မချင်းဖျက်လို့မရဘူးတဲ့"။ ကျနော်ဆိုတဲ့ကောင်ကလဲစိတ်မာတယ် အနဲဆုံး ၆လ အိမ်ပေါ်ပြန်မတတ်ဘူးဆိုတော့ "OK" ပေါ့။
ပထမရက် အဆင်ပြေတယ်
ဒုတိယရက် အေးဆေးဘဲ
တတိယရက်..... ညဘက်ဖုံးဝင်လာတယ်
" ရှင်ပြန်မလာသေးဘူးလား
ဘာလုပ်နေတာလဲ " တဲ့ (သူဘဲနှင်ချတုံးကနှင်ချပြီးတော့) ။ ကျနော်ကတော့ပြတ်ပြတ်ဘဲ "အေး..အသဲအခုလာဘီ" ဆိုပြီး ညတွင်းချင်း အိမ်ရှင်တွေတောင်နှုတ်မဆက်ဘဲ ပြန်လာလိုက်တာ ဆင်းတုံးကပါသွားသမျှအဝတ်တွေတောင် ခုထိပြန်သွားမယူရသေးဘူး။ planet fitness လဲ အဲဒီကတည်းကတခါမှ မရောက်တော့တာခုထိဘဲ။ ဒါပေမဲ့ တနှစ်မပြည့်သေးတော့ လစဥ်ကြေး 20$ ဖြတ်နေတာကို လတိုင်းလတိုင်း အောင့်သတ်သတ်နဲ့ခံနေရယ်။ မိန်းမကိုလဲ မပြောရဲဘူး ခင်ဗျားတို့ကိုဘဲပြောပြတာ...

05/04/2023

သမ္မတကြီး ဒူဝါလရှီးလ ကတော့ မနက်တိုင်းပြေးတယ်လို့ကြားဖူးတယ် ။ တခြားဝန်ကြီး တွေတော့ ကျန်းမာရေးလိုက်စားကြရဲ့လားမသိဘူး..
ကျန်းမာရေး မကျိုးပဲ့စေနဲ့
စိတ်ဓါတ် မကျိုးပဲ့စေနဲ့
စုဖွဲ့မှု မကျိုးပဲ့စေနဲ့
( ဟံသာဝတီ ဦးဝင်းတင်)

Want your business to be the top-listed Beauty Salon in Northampton?
Click here to claim your Sponsored Listing.

Category

Website

Address


Northampton, MA