Border News Agency
Voices, rights, diversity. News & documentaries on underreported issues
#IntegrityMatters
06/01/2026
မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ နယူးဒေလီမှာ တွေ့ဆုံဆွေးနွေး (ဓာတ်ပုံသတင်း)
Border News Agency
အိန္ဒိယ၊ဇွန် ၁။
အိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီနဲ့ ဇွန်လ ၁ ရက်၊ဒီနေ့ မနက်ပိုင်းကနယူးဒေလီမြို့ရှိ ဝန်ကြီးချုပ်ရုံးမှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အာဏာသိမ်းစစ်က ထုတ်ပြန်ထားပါတယ်။
အဲဒီဆွေးနွေးပွဲကို မင်းအောင်လှိုင်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးခင်မောင်ရီ၊ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြသလို အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့အတူ အစိုးရအဖွဲ့ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
နှစ်ဦးတည်း သီးသန့်တွေ့ဆုံဆွေးနွေးမှုအပြီးမှာတော့ မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတွေကို ဆက်လက်ကျင်းပဖို့ ရှိနေတယ်လို့လည်းဆိုပါတယ်။
မင်းအောင်လှိုင်ရဲ့ ခုအိန္ဒိယခရီးစဉ်ဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်အရ မေလ ၃၀ ရက်နေ့ကတည်းက စတင်ရောက်ရှိနေတာဖြစ်ပြီး အိန္ဒိယအစိုးရဘက်က သူ့ကို မြန်မာနိုင်ငံတော်သမ္မတလို့ သုံးနှုန်းဖော်ပြခဲ့မှုအပေါ် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ (SIF) ဘက်ကကန့်ကွက်ရှုတ်ချနေကြပါတယ်။
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်
Website - https://burmese.bnanews.net/news/33178/
#အိန္ဒိယနိုင်ငံ #မင်းအောင်လှိုင် #နယူးဒေလီ
06/01/2026
စိမ်းလန်းသော အာရက္ခပြည်စီမံကိန်း လက်ကမ်းစာစောင်တွေအာရက္ခအစိုးရ ဖြန့်ဝေ
Border News Agency
မြောက်ဦး၊ဇွန် ၁။
အာရက္ခပြည်တခုလုံးမှာ ဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ သစ်တောပြုန်းတီးမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပြည်သူလူထုတရပ်လုံး အပင်စိုက်ပျိုးရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တောင်းဆိုလိုက်ပါတယ်။
အဲဒီတောင်းဆိုချက်ကို “Green Arakkha စိမ်းလန်းသော အာရက္ခပြည်စီမံကိန်း”လက်ကမ်းစာစောင်တွေအဖြစ် ဇွန်လ ၁ ရက်နေ့ကစပြီး အာရက္ခပြည်အနှံ့ ဖြန့်ဝေနေပါတယ်။
အဲဒီစီမံကိန်းဟာ ပြည်သူတဦးချင်းစီအနေနဲ့ မိုးရာသီအပင်စိုက်ပျိုးရေးမှာ ပါဝင်အားဖြည့်ပြီး ဒေသတွင်းသဘာဝပတ်ဝန်းကျင်ပြဿနာတွေနဲ့ စွမ်းအင်လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။
လက်ကမ်းစာစောင်မှာတော့ ဂေဟစနစ်ပြန်လည်ထူထောင်ဖို့၊ ဒေသအကျိုးပြုသစ်ပင်စိုက်ပျိုးဖို့နဲ့ လူမှုအသိုက်အဝန်းအကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုရှိလာစေဖို့အတွက် ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုက အလွန်လိုအပ်နေတယ်လို့ ဆိုပါတယ်။
မိုးရာသီဟာ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေကို လျော့ကျစေဖို့နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် သဘာဝအရင်းအမြစ်တွေ ထိန်းသိမ်းနိုင်ဖို့ သစ်ပင်စိုက်ပျိုးရမယ့် အကောင်းဆုံးအချိန်အခါဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူတွေအနေနဲ့ မိမိတို့အိမ်အဝန်းကျင်၊ လမ်းဘေး၊ ကျောင်း၊ ရုံးနဲ့ လူထုအခြေပြုနေရာတွေမှာ စုပေါင်းအပင်စိုက်ပျိုးကြဖို့နဲ့ စိုက်ပြီးအပင်တွေကို စနစ်တကျ ပြုစုပျိုးထောင်သွားကြဖို့ အာရက္ခအစိုးရက တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဓာတ်ပုံ - APM
Website - https://burmese.bnanews.net/news/33174/
#အာရက္ခပြည် #သဘာဝပတ်ဝန်းကျင် #သစ်တောပြုန်းတီးမှု
06/01/2026
အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးနဲ့ မင်းအောင်လှိုင်တွေ့ (ဓာတ်ပုံသတင်း)
Border News Agency
အိန္ဒိယ၊ဇွန် ၁။
အိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် Mr. Ajit Doval တို့ဟာ မေလ ၃၁ ရက်နေ့က တွေ့ပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ရေး၊နယ်စပ်ဒေသလုံခြုံရေးအပြင်က ဏ္ဍပေါင်းစုံမှာ ဆက်ပူးပေါင်းဆောင်ရွက်မယ့်အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။
အဲဒီတွေ့ဆုံပွဲကို မင်းအောင်လှိုင်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေနဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်တို့ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီအပြင်အိန္ဒိယကလည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ကို အိန္ဒိယအစိုးရက မြန်မာနိုင်ငံတော်သမ္မတလို့ သုံးနှုန်းဖော်ပြခဲ့မှုအပေါ် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ (SIF) ကန့်ကွက်ရှုတ်ချထားကြပါတယ်။
Photo - Popular News
Website - https://burmese.bnanews.net/news/33162/
#အိန္ဒိယနိုင်ငံ #အိန္ဒိယ #နယ်စပ်လုံခြုံရေး
06/01/2026
မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ - ၈
Border News Agency
မြောက်ဦး၊ဇွန် ၁။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။
ခ.၂။မြေယာကဏ္ဍနှင့်ပဋိပက္ခအပေါ် ကုလသမဂ္ဂအကြီးတန်းအရာရှိများ၏ ဦးဆောင်စေ့စပ်ဖြေရှင်းမှု။
တာဝန်ခံမှုကျယ်ပြန့်သောကုလသမဂ္ဂယန္တရားများနှင့်ချိတ်ဆက်ကာမြေယာကဏ္ဍနှင့်ပဋိပက္ခပေါ်တွင် ကုလသမဂ္ဂ၏အကြီးတန်းအရာရှိများက စေ့စပ်ညှိ နှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။
ထိုသို့ စေ့စပ်ဆောင်ရွက်နိုင်သောအကြီးတန်းအရာရှိများထဲတွင်အတွင်း ရေးမှူးချုပ်၏အထူးကိုယ်စားလှယ်များ၊အထူးကိုယ်စားလှယ်၏လက် ထောက်ကိုယ်စားလှယ်များ၊ဌာနေညှိနှိုင်းရေးမှူးများ၊လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးများပါဝင်သည်။
ထိုသို့ဆောင်ရွက်ရာတွင်မြေယာကဏ္ဍနှင့်ပဋိပက္ခအပေါ် ကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရပ်ဖြင့်ချဉ်းကပ်ကာဆောင်ရွက်ရမည်ဖြစ်သည်။
မြေယာကဏ္ဍနှင့်ပဋိပက္ခကိစ္စရပ်များသည် ပဋိပက္ခချုပ်ငြိမ်းရေးအစီအမံများနှင့်အထူးတလည်နိုင်ငံရေးလုပ်ငန်းစဉ်များတွင်လည်းပါဝင်ရမည်ဖြစ် သည်။
ထိုအပြင် ငြိမ်းချမ်းရေးကတိကဝတ်များနှင့်အကောင်အထည်ဖော်မှုတွင်လည်းပါဝင်ရမည်ဖြစ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်မှုတွင် အရေးပါသောကဏ္ဍတခုအဖြစ်ပါဝင်ရမည်ဖြစ်သည်။
မြေယာကဏ္ဍနှင့်ပဋိပက္ခများမှာ ဆက် စပ်နေခြင်းကို ရှင်းလင်းစွာအသိအမှတ်ပြုခြင်း၊ရှင်းလင်းစွာတာဝန်ယူခြင်းများသည် အရေးကြီးလှသည်။
ထိုအချက်သည် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုစဉ်းစားရာတွင်လည်းကောင်း၊လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးရာတွင်လည်းကောင်း အရေးပါနေသောအချက်ဖြစ်သည်။
ထို့ပြင် မြေယာပြုပြင်ပြောင်းလဲမှုများတွင် တရားဥပဒေစိုးမိုးရေးအတွက် ဝင်ရောက်စွက်ဖက်ရာတွင်လည်းကောင်း၊ လူမှုအသိုင်းအဝန်းကြားထဲမှ မြေယာနှ င့်သက်ဆိုင်သောပဋိပက္ခများကို ကြားဝင်ညှိနှိုင်းပေးရာတွင်လည်းကောင်းထို အချက်သည်အရေးကြီးလှသည်။
၎င်းအပြင် ထိုအချက်သည် သဘာဝသယံဇာတများတရားလက်လွတ်ထုတ်ယူမှုနှင့်လက်နက်ကိုင်အဖွဲ့များကြားတွင်ဆက်စပ်နေမှုကိုချဉ်းကပ်ရာတွင်လည်းကောင်း၊ထိုဆက်စပ်မှုကြောင့်ဖြစ်လာသော ရာဇဝတ်မှုများကို တရားဥပဒေကြောင်းအရ ပြန်လည်ချဉ်းကပ်ရာတွင်လည်းကောင်း အရေးကြီးပေသည်။
မြေယာကဏ္ဍနှင့်ပဋိပက္ခနယ်ပယ်အပေါ်ကျွမ်းကျင်သူပညာရှင်များအနေဖြင့်ကုလသမဂ္ဂအကြီးတန်းအရာရှိများကို အကူအညီပေးနိုင်ရန် ကုလသမဂ္ဂ၏ယန္တရားများတွင် စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်သည်။
အဆိုပါပညာရှင်များ၏ ပါဝင်ပတ်သက်မှုသည် ကုလသမဂ္ဂအကြီးတန်းအရာရှိများ၏ငြိမ်းချမ်းရေးဆောင်ရွက်မှုအပေါ်တွင် အထောက်အကူဖြစ်သကဲ့ သို့ ကုလသမဂ္ဂ၏နိုင်ငံအတွင်းလုပ်ငန်းအုပ်စုများ(UN Country Teams- UNCTs)များအတွက်လည်းအထောက်အကူဖြစ်စေမည်ဖြစ်သည်။
ခ.၃။လူမှုစီးပွားအရအမှီအခိုပြုနေရ သောမြေယာများနှင့်ပတ်သက်၍အချက်အလက်ကောက်ယူခြင်းနှင့်စီမံဆောင်ရွက်ခြင်း။
လူမှုစီးပွားအရအမှီအခိုပြုနေရသော မြေယာများနှင့်ပတ်သက်၍ကုလသမဂ္ဂမှစေ့စပ်မှုဖြင့် ရေးဆွဲထားသောပူးတွဲ တာဝန်ယူနိုင်မှုအစီအမံ(Joint Programming)နှင့်အခြေအနေ၏လိုအ ပ်ချက်အလိုက် စီမံကိန်းများရေးဆွဲမှု (Transition planning)များမည်သည့်အချိန်တွင်မဆိုရှိနေသင့်ပေသည်။
လူမှုစီးပွားအရအမှီအခိုပြုနေရသော မြေယာများ(Incorporate Land)အား အချက်အလက်ကောက်ယူခြင်းနှင့်ထိုမြေများအားစီမံဆောင်ရွက်ခြင်းများမှာ အချိန်တိုင်းအရေးပါနေသည်။
အချက်အလက်ကောက်ယူခြင်းနှင့်အစီအမံများရေးဆွဲမှုတွင်ပါဝင်ရမည့်အချက်များတွင် မြေနှင့်ပတ်သက်၍အမျိုးသမီးများအပေါ်ရှူမြင်ထားမှုများအသေးစိတ်ပါဝင်သင့်သည်။
မြေယာပိုင်ဆိုင်မှု၊လက်ရှိထားပိုင်ခွင့်၊ထိန်းသိမ်းစီမံခွင့်၊အမွေဆက်ခံခွင့်၊ကွာရှင်းမှု၊သေဆုံးမှုဖြစ်လာသောအခါ မိသားစုအလိုကျကျင့်သုံးနေသည့်စည်းမျဥ်းများစသည့်အချက်များတွင် အမျိုးသမီးများအား မည်သို့ရှုမြင်သည်ကို သိရှိရန်လိုသည်။
ထို့အတူအရွယ်မရောက်သေးသူလူငယ်များအပေါ် ကလေးဘဝမြေယာအမွှေဆပ်ခံခွင့်ပုံစံများအပေါ် ရှူမြင်မှုများကိုလည်း သိရှိရန်လိုအပ်သည်။
လူငယ်များအတွက် မြေကိုအခြေပြုရသည့်အမျိုးမျိုးသောအသက်မွေးဝမ်းကျောင်းရှင်သန်မှုပုံစံများကိုလည်း မ ည်သို့ရှု့မြင်သည်ကို သိရှိထားရန်လိုအပ်သည်။
ခ.၄။ကုလသမဂ္ဂယန္တရားများ၊ပူးတွဲအ စီအစဉ်များနှင့်ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစဉ်များတွင်"မြေယာ"ကိစ္စရပ်အား ထည့်သွင်းခြင်း။
မြေယာနှင့်ပတ်သက်သောသဘော ထားများမှာကုလသမဂ္ဂယန္တရားများ၏ လုပ်ငန်းအစီအစဉ်များအပေါ်လွမ်းခြုံသုံးသပ်မှု(Horizon Scanning)တွင်လ ည်းကောင်း၊နှိုးဆော်အသိပေးမှုများတွင်လည်းကောင်း ရှိနေရမည်ဖြစ်သည်။
ဌာနေလူမျိုးစုများ၊လူနည်းစုများ၊နိုင်ငံတွင်းသို့ ဝင်ရောက်လာသူများ၊ဒုက္ခသည်များ၊ပြည်တွင်းနေရပ်စွန့်ခွာရသူများ၊နိုင်ငံမဲ့များ၏အခြေအနေနှင့်ပိုင်နက်နယ်မြေမှနှင်ထုတ်ခံရမှုများ၊အိုး အိမ်လုံလောက်မှုအခွင့်အရေးကို ချိုးဖောက်မှုများစသည့်အချက်များအပေါ်ခြိုငုံသုံးသပ်မှုနှင့်နှိုးဆော်အသိပေးမှုများမှာ ကုလသမဂ္ဂ၏ယန္တရားများတွင် ရှိနေရမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ၏ မဟာဗျူဟာများကို ပေါင်းစပ်မှုမူဘော င်(ISF- Integrated Strategic Framework)နှင့်ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပေးရေးမူဘောင် (UNDAF- UN Development Assistance Framework )များကိုလည်း အသုံးချနိုင်ပေသည်။
ထိုမူဘောင်များသည် နိုင်ငံအဆင့်မြေနှင့်ပဋိပက္ခအား ကိုင်တွယ်ရာတွင် ဟန်ချက်ညီစေရန် အထောက်အကူပေးပေသည်။
ထိုပြင်မြေယာနှင့်ပတ်သက်၍ဝင်ရောက်စွက်ဖက်ရန်အစီအမံများရေးဆွဲရခြ င်း၊ဝင်ရောက်စွက်ဖက်ရန် ဆော်ဩပေးရခြင်းများရှိလာသော အခါတွင်ထိုမူဘောင်များက ကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရပ်အပေါ် အသီးသီးခွဲဝေတာဝန်ယူမှုကိုလည်း သေချာစေနိုင်သည်။
ကုလသမဂ္ဂ၏နိုင်ငံအတွင်း လုပ်ငန်းအ ဖွဲ့များ(UNCTs)များနှင့်ကုလသမဂ္ဂငြိမ်းချမ်းရေးဆောင်ရွက်မှု(UN Peace Operations)များကို ထိရောက်သောအ ပံ့အပိုးများဖြစ်စေရန် အစီအမံများကို တည်ဆောက်ရမည်ဖြစ်သည်။
ကုလသမဂ္ဂ၏တရားဥပဒေစိုးမိုးရေးဆိုင်ရာကမ္ဘာလုံးဆိုင်ရာဘုံအချက်များ(GFP-Global Focal Pount For the Rule of Law)နှင့်ငြိမ်းချမ်းရေးနှင့်ဖွံဖြိုးရေးဆိုင်ရာအကြံပေးများ(PDAs)က မြေယာကိစ္စများအပေါ် အာရုံစိုက်မှုရှိပေသည်။
ထိုသို့အလေးထားမှုက နိုင်ငံအဆင့်ပဋိ ပက္ခမဖြစ်စေရန်ကြိုတင်ကာကွယ်မှုကို အထောက်အကူပြုနေမည်ဖြစ်သည်။
ထို့ပြင်ကုလသမဂ္ဂ၏(GFP)နှင့်(PDAs) များက ပဋိပက္ခအပေါ် ခွဲခြမ်းစိတ်ဖြာနိုင်ပြီး နိုင်ငံအဆင့်ငြိမ်းချမ်းရေး၊ညှိနှိုင်းမှုများနှင့်ဆွေးနွေးမှုစသည့်ကိစ္စရပ်များအား ပုံဖော်နေသူများကိုလည်း အထောက်အကူပြုနေမည်ဖြစ်သည်။
မြေနှင့်ပဋိပက္ခအပေါ် ချဉ်းကပ်မှုတွင် လူသားချင်းစာနာမှုအုပ်စုများ (Humanitarian Clusters)မှ ဦးတည်ချဉ်းကပ်မှုများကို အထောက်အပံ့ပြုရမည်ဖြစ်သည်။
အကာအကွယ်ပေးမှုများ၊လုံခြုံစေမှုများ၊စောစီးစွာပြန်လည်လူသားချင်းစာနာမှုအုပ်စုများ၏ကုစားမှု(ER-Early Recovery)နှင့်စားနပ်ရိက္ခာအထောက်အပံ့ပေးသောအစုအဖွဲ့များ၏မြေနှင့် ပဋိပက္ခအပေါ်ဦးတည်ချဥ်းကပ်မှုများသည် အရေးပါနေသည်။
ထိုအုပ်စုများ၏ချဉ်းကပ်မှုများသည် မြေနှင့်ပတ်သက်၍အခွင့်အရေးချိုးဖောက်မှုများ၊နေရာပြောင်းရွေ့ရမှုများရှေ့ဆက်မဖြစ်ပွားလာစေရန်အကာအ ကွယ်ဖြစ်စေသည်။
နိုင်ငံအဆင့်ညှိနှိုင်းရေးကိစ္စရပ်များတွင်မြေယာနှင့်သက်ဆိုင်သောပညာရှင်များလည်းပါဝင်ရမည်ဖြစ်သည်။
ထိုပညာရှင်များပါဝင်မှုရှိပြီး အသင့်အနေအထားတွင်ရှိသော ညှိနှိုင်းရေးအဖွဲ့ (Standby Mediation Team)များ၊အတွင်းစည်းမှညှိနှိုင်းရေးလုပ်ငန်း (Insider Mediation Work)များစသည့် ယန္တရားများ၏လုပ်ပိုင်ခွင့်များကိုလည်း ခိုင်မာစေရမည်ဖြစ်သည်။
မြေယာကိစ္စရပ်နှင့်ပတ်သက်၍ သီးသန့်ဦးတည်ချက်အရပင်ဖြစ်စေ၊သီးသန့်ဦးတည်ချက်အရမဟုတ်သည်ဖြစ်စေကု လသမဂ္ဂ၏ဘဏ္ဍာရေးထောက်ပံမှုမှာ အချိန်နှင့်အမျှလိုအပ်ချက်ရှိနေသည်။
ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်တည် ငြိမ်ရေးအကောင်အထည်ဖော်မှုများတွင် မြေနှင့်ဆိုင်သောကိစ္စရပ်များအတွက် ဘဏ္ဍာငွေ မည်မျှသုံးစွဲမည်ကို အကဲဖြတ်မှုအား အထောက်အပံ့ပေးရန်လိုအပ်သည်။
ငြိမ်းချမ်းရေးတည်ဆောက်မှုရံပုံငွေ၊ယုံကြည်မှုတည်ဆောက်ရေးအတွက် သုံးစွဲရသောရံပုံငွေကဲ့သို့ဘဏ္ဍာရေးယန္တရားများတွင် ငွေကြေးထည့်ဝင်မှုကို သေချာစေရန်လိုအပ်သည်။ကျွမ်းကျင်သူပညာရှင်များအတွက် အထောက်အပံ့များ အချိန်မီရရှိရန်လည်း အရေးကြီးလှပေသည်။
ဆက်လက်ဖော်ပြပါမည်။
Website - https://burmese.bnanews.net/articles/33159/
#ကုလသမဂ္ဂ #မြေ #ပဋိပက္ခ #ဘဏ္ဍာရေး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
626 Eldrid Drive
Silver Spring, MD
20904