Sarah English
Hi! I’m Teacher Sarah, a certified English tutor focusing on speaking skills. I also create English tips online!
ဒီနေ့နည်းနည်းဆူမယ်နော်။ သင်တန်းတတ်ပြီး အတန်းသာပြီးသွားတယ် ဘာမှလည်းမရ၊ ဘာမှလည်းမတိုးတက်ဘူးခံစားရတဲ့သူတွေအတွက်ပြောတာ။ အတန်းတိုင်းကတော့စာသင်ကြမှာပဲ။ အတန်းတစ်ခုတတ်တယ်ဆိုတာ ပိုက်ဆံလည်းကုန်တယ်၊ အချိန်လည်းပေးရတယ်၊ စာတွေခက်ခဲနေရင်စိတ်လည်းဖိစီးရတယ်။ အဲ့လိုရင်းနှီးထားတာကိုမှရအောင်မယူနိုင်ရင် ကိုယ့်ဘက်ကပဲနာမှာ။
အဲ့တော့ Sarah မှာချင်တာက ဘယ်မှာပဲသင်တန်းတတ်တတ် ရသလောက်ယူမယ်ဆိုတဲ့စိတ်ကိုမွေးထား။ အတန်းချိန်တိုင်း စာအုပ်ထဲ date သေချာတပ်၊ လုပ်တဲ့ session အလိုက် ခေါင်းစဉ်တပ်၊ notes ထုတ်။ ဗျောက်သောက်လျှောက်မရေးနဲ့။ ပွထနေအောင်မလုပ်နဲ့။
Grammar ဆိုရင် Grammar ခေါင်းစဉ်တပ်။ သူ့အောက်မှာသက်ဆိုင်ရာသင်တဲ့ grammar ကိုမှတ်၊ Speaking ဆို Speaking မှတ်။ တပတ်တခါပြန် review လုပ်။ တစ်လတစ်ခါ analyze နဲ့ reflect လုပ်။
၁၀၀ မှာ ငါဘယ်လောက် absorb လုပ်နိုင်ခဲ့လဲ? ၈၀ လား ၅၀ လား။ ၁၀ ပဲဆိုရင်တောင် ဘာမှ မမှတ်မိတာထက်တန်တယ်။ အခုတွေ့နေတာတွေက ဘာမှမရဘူး ဘာမှဖြစ်မလာဘူးဆိုတာတွေပဲတွေ့နေတယ်။ အသက်တွေလည်းကြီးနေပြီ စနစ်တကျလုပ်ပါတော့လား။
တချို့အတန်းတွေ လူတွေတအားများလို့စနစ်လျော့ရဲနေတာတွေရှိတတ်တယ်။ သူ့ဟာသူဘာဖြစ်ဖြစ် ကိုယ်ကတော့ရအောင်ယူရမှာပဲ။ သေချာ notes ထုတ်။ လကုန်ရင် reflect လုပ်၊ ပြန်စစ်၊ မရရင်ပြန်ကြည့်။ နားမလည်ရင် မလည်မချင်းပြန်မေး။ မရတာကို စိတ်ထဲမထားနဲ့။ လူတွေအများကြီးရှိလည်း သေချာမေး။ ဘာလုပ်လုပ် စနစ်တကျလေးလုပ်ကြည့်။ work hard ဖြစ်စရာမလိုဘူး။ work smart ဖြစ်ဖို့ပဲလိုတယ်။ သက်သက်သာသာလေးသွားရုံပဲ။ အလကားဖြစ်သွားတယ်ဆိုတာ ဘယ်နေရာမှာမှမရှိဘူး။
Sarah 🍀
Jul 13, 2026
စကားပြောတဲ့အခါ တိုပြတ်ပြတ်ပဲဖြေတတ်ပြီး ဘာ idea မှထွက်မလာတော့ဘူးဆိုရင် Sarah ပြောတဲ့ tip လေးနဲ့လေ့ကျင့်ကြည့်ပါ။ ခဏခဏလည်းဒီအကြောင်းပြောဖူးပါတယ်။ နောက်ပိုင်းကျင့်သားရသွားရင် သူ့အလိုလိုဖောင်ဖွဲ့ပြီးဖြေတတ်သွားပါလိမ့်မယ်။ Idea ဆိုတာဖန်တီးရတာပါ။ ကိုယ့်မှာပြောစရာမရှိရင် ဖန်တီးပြီးပြောကြည့်ပါ။
Sarah 🍀
Jun 14, 2026
Click here to claim your Sponsored Listing.
Category
Contact the school
Address
Union City, CA
94587