Save Per View

Save Per View

Share

ကြည့်ရင်းလှူ လှူရင်းကြည့်

10/24/2021

Hello အားလုံးအတွက် သတင်းကောင်းလေးရှိပါတယ်

မနေ့က friend invite လုပ်တဲ့ post လေးတင်ပြီး ဒီနေ့ page ကို like လုပ်တဲ့သူ 1K ပြည့်သွားပါပြီ တူတူပါဝင်ပြီးလုပ်ပေးကြတဲ့သူတိုင်းကိုကျေးဇူးများကြီးတင်ပါတယ် ဆက်ပြီးလုပ်ပေးကြပါဦး အချိန်လေး ၁ မိနစ်လောက်ပဲမို့ ထက်ကြိုးစားပေးကြပါနော်.

နောက်ထပ်အသိပေးစရာရှိပါသေးတယ် ✨

Save Per View YouTube Channel မှာ အခုဆို video အသစ်တစ်ခုတင်ထားပြီးဖြစ်ပါတယ်.
အဓိကကတော့ ဒီနေ့ အဲ့ video လေးကိုတစ်ခေါက်ဆီလောက်သွားရောက်​ကြည့်ရှု့ပေးဖို့ တောင်းဆိုချင်တာဖြစ်ပါတယ်ရှင့်.

စိတ်ဝင်စားစရာအကြောင်းအရာနဲ့အတူ self- improvement ပါလုပ်လို့ရမဲ့အကြောင်းအရာလေးတွေလည်းပါဝင်မှာဖြစ်လို့ တစ်ခေါက်လောက်တော့ ကြည့်ပေးကြပါရှင့်.

#ကြည့်တဲ့အခါ_အစအဆုံးမရစ်ပဲကြည့်းပေးပါ_ဆုံးအောင်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်

ဒီ Video လေးမှာတော့ ကဏ္ဍ (၃) ခုပါဝင်မှာဖြစ်ပါတယ်.
💁‍♀️ ပထမကဏ္ဍကတော့မိမိရဲ့ နေ့စဉ်နေထိုင်မှုပုံစံလေးတွေ ပိုမိုကောင်းမွန်အောင် နေထိုင်သင့်တဲ့နည်းလမ်းတွေအကြောင်းပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်.

💁‍♀️ ဒုတိယကဏ္ဍကတော့မကြာခဏသုံးတတ်ပြီး လူငယ်တွေကြား ရေပန်းစားလာတဲ့ Slang (ဗန်းစကား) လေးတွေနဲ့ Internet အသုံးပြုတဲ့အခါမှာ သိထားသင့်တဲ့ Slang လေးတွေကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်.

💁‍♀️ နောက်ဆုံးတင်ဆက်ပေးသွားမဲ့ အကြောင်းအရာလေးကတော့ လောကကြီးမှာရှိတဲ့ မတူကွဲပြားမှုတွေကို ဘယ်လိုအသိအမှတ်ပြု လက်ခံရမလဲ ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်.

ဒီVideoလေးကိုကြည့်ပြီးသွားရင် ကျွန်မတို့ရဲ့
Youtube Channel လေးကိုပါ တစ်ခါတည်း subscribe လုပ်ပေးဖို့ တောင်းဆိုပါရစေ ဘာလို့ဆို subscriber 1K ပြည့်မှ channel အတွက်အဆင်ပြေမှာမလို့ပါရှင့်.
ဒါကတော့ Youtube link လေးပါ

https://www.youtube.com/channel/UCrX43k8xP6qHesgrZ65EUag

အရေးတော်ပုံအောင်ဖို့ တူတူကြိုးစားကြရအောင်နော်.
We can do it together guys ✊

10/23/2021

Hello တောင်းဆိုစရာလေးရှိပါတယ် ဘာလဲဆိုတော့ ဒီပိုစ့်ကိုတွေ့ရင် ကျွန်မတိို့ကို အချိန်လေး
၂ မိနစ်လောက်ပေးဖို့တောင်းဆိုချင်ပါတယ်.

ဘာအတွက်လဲဆိုတော့

ပုံမှာပြထားသလိုမျိုး ကိုယ့် ရဲ့friend တွေကို invite လုပ်ပေးဖို့ပါရှင့်. ဘယ်လိုလုပ်ရမလဲဆိုတာကတော့တအားလွယ်ပါတယ်. Page ထဲဝင်လိုက်ပါ ပြီးရင်ပုံမှာပြထားတဲ့အတိုင်း community ဆိုတဲ့နေရာလေးကိုသွားလိုက်ပါ invite friend ဆိုပြီးတွေ့ရပါလိမ်
မယ်. အဲ့ဒိ invite friend လေးကိုနှိပ်ပြီး အနည်းဆုံး အယောက် ၅၀ ကို invite လုပ်ပေးစေချင်ပါတယ်.
၅၀ ထက်ပိုလုပ်ရင်လည်းရပါတယ် ပိုထိရောက်တာပေါ့ ဒါပေမဲ့ ၅၀ ထက်မနည်းတော့လုပ်ပေးစေချင်ပါတယ်ရှင့်. Invite လုပ်တဲ့အခါ ကိုယ်နဲ့ရင်းနှီးတဲ့သူမျိုးရယ် ကိုယ် invite တာကိုလက်ခံလောက်မဲ့သူမျိုးကိုရွေးလုပ်ပေးရင်ပိုအဆင်ပြေပါတယ်ရှင့်.
အပေါ်မှာပြောထားတဲ့အတိုင်းလုပ်ပြီးပြီဆိုရင်တော့ တောင်းထားတဲ့အချိန် ၂ မိနစ်ကပိုနေသေးတယ်ဆိုရင် အောက်မှာပေးထားတဲ့ youtube link ထဲဝင်ပြီး channel လေးကိုပါ subscribe မလုပ်ရသေးရင်လုပ်ပေးသွားကြပါဦး. ဒါဆို ၂ မိနစ်လည်းပြည့်လောက်ပြီး တောင်းဆိုထားတာတွေအကုန်လုပ်ပေးပြီးပြီဆိုတော့ တာဝန်ကျေသွားပါပြီ.

https://www.youtube.com/channel/UCrX43k8xP6qHesgrZ65EUag

ဘာကြောင့်လဲဆိုတော့

pageက လူသိနည်းနေသေးလို့ပါ page ကိုလူများများသိဖို့လိုပါတယ် ဒါမှ ကျွန်မတို့ရှေ့ဆက်ပြီးကြိုစားသွားမဲ့အရာတွေအတွက်အဆင်ပြေမှာမလို့ပါ.
တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာက တူတူပါဝင်နေကြတာဖြစ်လို့ အခုလည်းဒါကိုလည်းအားစိုက်ပေးကြပါဥိးလို့တောင်းဆိုချင်ပါတယ်.

Photos from Save Per View's post 10/22/2021

အမှန်တရားတစ်ခုက ဘာလဲဆိုတော့ စခတွေသေတယ် ပြည်သူ့ဘက်တော်သားတွေ အထိအခိုက်မရှိဘူးကြားရင် ပျော်ကြတယ် ပထမဆုံးတွေ့ရတဲ့ပုံလိုမျိုး အားတက်ရတဲ့ post မျိုးဆို ကြည့်ပြီးသဘောကျတယ် share ကျတယ် ငါတို့ကွဆိုပြီး
ဟုတ်ပါတယ် ဒါကပျော်ရမဲ့ အားတက်ရမဲ့အရာပါပဲ ဒါပေမဲ့ အဲ့လိုပျော်နိုင်ဖို့ဆိုရင် ကျွန်မတို့တွေက သူတို့လက်ထဲမှာကိုင်ထားတဲ့ ဟာမျိုးတွေကို အယောက်စေ့ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်.

ကျန်တာတွေလည်းထောက်ပံ့ရမယ်ဆိုပေမဲ့ ဒါကတော့အရေးကြိးဆုံးပေါ့ ဘာလို့ဆို လက်နက်ချင်းတွေ့ရင် မင်းအောင်လှိုင်ဘက်တော်သားတွေဆိုတာ စောက်ပေါသာသာပဲဖြစ်လို့ လက်နက်ချင်းတွေ့နိုင်အောင် မလိုအပ်ပဲအသက်တွေမဆုံးရှုံးရအောင် ကျွန်မတို့ဘက်က တူတူကြိုးစားပြီးထောက်ပံ့ကြရမှာပါ ဒါကဒီနိုင်ငံမှာနေတဲ့သူတိုင်းရဲ့တာဝန်တစ်ရပ်အနေနဲ့ကိုပါဝင်ရမှာပါ.
ပါဝင်ပေးကြဖို့လည်း ​ဒီကနေပဲတိုက်တွန်းချင်ပါတယ်.

ဒါပေမဲ့ ကျွန်မတို့အမြဲတွေ့​နေကြားနေရတာက အဆင်​မပြေတဲ့ post တွေ ထောက်ပံ့ပေးကြဖို့တောင်းဆိုတဲ့ post တွေဟာ နေ့စဥ်နဲ့အမျှ တွေ့နေကြရတာဖြစ်ပါတယ်. အဲ့လိုတွေတွေ့ရင်လည်း ဝမ်းနည်းကျ share ကျနဲ့ဒီလောက်ပဲလုပ်ပေးကြတာမလား တွေ့တဲ့အချိန်လေးတော့ ဝမ်းနည်းပေးလိုက်မယ်ပေါ့ ပြီးရင်မေ့သွားတာမျိုးပေါ့.
တစ်ကယ်တော့ ကျွန်မတ်ု့တက်နိုင်တာအများကြီးရှိပါတယ် ဝမ်းနည်းလေ စိတ်နာလေ ကူသင့်တာရှိတာကူ ဘာကူနိူင်မလဲ စဥ်းစားရမယ် ငွေအားကူနိုင်ရင် ငွေအားကူ ငွေအားမကူနိုင်လည်းရတယ် တစ်ခြားနည်းနဲ့ကူနိုင်တာတွေအများကြီးပါ. အဓိကက ကူချင်စိတ်ရှိဖို့ပဲ လိုအပ်တယ်လို့ကျွန်မထင်ပါတယ်.
ကူဖို့ လှူဖို့အတွက်ကိုလည်းနည်းပေါင်းစုံနဲ့ကူနိုင်အောင်ကြိုးစားနေကြတာလည်းမြင်ကြမှာပါ ကိုယ်ကအဆင်သင့်လေး ခူးပြီးသားထမင်းကို စားရုံပဲမို့ ဒီလောက်တော့ ကူပေးကြဖို့တောင်းဆိုချင်ပါတယ်.

ဘယ်ကနေစရမလဲ မသိသေးရင် အခုတောင်စပြီးကူကြည့်လို့ရပါပြီ. အခုဒီ page ထဲဝင်ပြီး တစ်ခြား friend တွေကို invite ပေးပါ အောက်မှာ ပေးထားတဲ့ youtube link ထဲဝင်ပြိး channel လေးကို subscribe လုပ်ပေးကြပါ အနည်းဆုံး 1 K ပြည့်မှ channel ကစလို့ရမှာဖြစ်တဲ့အတွက် မြန်မြန်စပြီး မြန်မြန်ထောက်ပံနိုင်ဖို့ တူတူ ကြိုးစားပေးဖို့တောင်းဆိုချင်ပါတယ်.

https://www.youtube.com/channel/UCrX43k8xP6qHesgrZ65EUag

ဘာမှမလုပ်နိုင်ဘူး တွေးနေမယ့်အစား လုပ်နိုင်တာလေးတွေကနေစလုပ်ကြပြီး တာဝန်ကျေပေးကြပါ.
အောက်ဆုံးကပြထားတဲ့ မင်းမော်ကွန်းပြောထားသလိုမျိုးပဲပေါ့ တစ်ကယ်အလုံးစုံပျက်နေတာပါ မြို့ပေါ်မှာသာ new normal မှာအသားကျနေကြတာပါ တစ်ကယ်တော့ အလုံးစုံပျက်ယွင်းနေတာသိကြမှပါ. အဲ့တာကြောင့် အားလုံးညီရင်ခဏနဲ့ပြီးမှာဖြစ်လို့ ဒါကြီးကဘယ်ချိန်ပြီးမှာလဲ မေးနေကြမဲ့အစား ကိုယ်ကိုယ်တိုင်ကရော ဒါကြီးမှာတစ်ထောင့်တစ်နေရာကပါဝင်နေရဲ့လားပြန်မေးကြည့်ပါ မပါဝင်ဖြစ်သေးဘူးဆိုရင် အခုကစပြီးပါဝင်ပေးကြပါ နောင်တစ်ချိန်လိပ်ပြာလုံလုံနဲ့ ဒီမိုကရေစီအနှစ်သာရကိုခံစားနိုင်ဖို့ဆို ပါဝင်ပေးပါ. ✊

Want your organization to be the top-listed Non Profit Organization in Washington D.C.?
Click here to claim your Sponsored Listing.

Address


1600 Pennsylvania Avenue NW, Washington
Washington D.C., DC
20502